Chapter 45: နွေးထွေးမှု

144 19 0
                                    


Chapter 45: နွေးထွေးမှု

"အမယ်...ပဲပင်ပေါက်ပြန်ယူမယ်ဆိုပဲ...အဲ့သလိုလုပ်လို့မရပါဘူး" ရှုလန်ရှန်းကရယ်သွမ်းရင်းပြောလာသည်။ ထို့နောက် ညနေစောင်းဘက်အချိန်ဝေ့ကျန့်ဝေ့ တစ်ယောက်တပ်စခန်းမှပြန်လာချိန်တွင် ဟဲ့ရှောင်ယွင် နှင့် စကားဖောင်ဖွဲ့နေကြသော အမျိုးသမီးသုံးယောက် ကဝေ့ကျန့်ဝေ့ ကိုပေါက်တတ်ကရ နှုတ်ဆက်ရင်းထွက်ခွာသွားကြသည်။ "ကျန့်ဝေ့...ဒီနေ့တော့စောစောအိပ်ရာဝင်လိုက်နော်"

ညမှောင်ရီပျိုးစအချိန်တွင် ရှုလန်ရှန်းက ဝေ့ယွမ်ဟန် တစ်ကယ်ကြီးလာခေါ်သည်။ "သားလာ...ဒီညတော့ရုန်ရုန်နဲ့အတူအိပ်ရအောင်နော်"

ကလေးငယ်က ဟဲ့ရှောင်ယွင် ဆူမည်စိုးသောကြောင့် မျက်နှာရိပ်မျက်နှာကဲကြည့်နေသည်။ သို့သော်ရှုလန်ရှန်းကဂရုမစိုက်ပေ။ "လာပါ...ရပါတယ်...သားမေမေကိုမနက်ကျမှအန်တီကြည့်ပြောလိုက်မယ်" ထိုအခါမှ ဝေ့ယွမ်ဟန်ကရှုလန်ရှန်းနောက်သို့လိုက်သွားလေသည်။

ဟဲ့ရှောင်ယွင် လည်း ကိုယ်လက်သန့်စင်ဆေးကြောပြီး အိပ်ရာတန်းဝင်လိုက်သည်။ တစ်အောင့်လောက်အကြာတွင် ရေချိုးခန်းမှပြန်လာသည့်ဝေ့ကျန့်ဝေ့ ကညအိပ်ဝတ်စုံလဲပြီး နောက်ကုတင်ပေါ်သို့တက်လာသဖြင့် တစ်ဖက်ရှိ မွေ့ရာမှာသိသိသာသာအိကျသွားသည်။

ကလေးငယ်မရှိသဖြင့် မိသားစုကုတင်ကြီး က အတော့်ကိုနေရာလွတ်နေသည်။ ဟဲ့ရှောင်ယွင် ကသူ့ကိုကျောပေးထားသောကြောင့် ဝေ့ကျန့်ဝေ့ ကလေသံတိုးတိုးဖြင့်ပြောလာသည်။

"ဒီဘက်တိုးပါဦး...မဟုတ်ရင် လေတိုးပြီး အေးနေမယ်"

"မအေးပါဘူး"

ခေါင်းမာနေသော ဟဲ့ရှောင်ယွင် ကို ဝေ့ကျန့်ဝေ့ ကစိတ်မရှည်တော့ဟန်ဖြင့် အနောက်ဘက်မှခါးသိမ်သိမ်လေးကို သိမ်းကျုံးဆွဲဖက်လိုက်သည်။

ဟဲ့ရှောင်ယွင် တစ်ယောက်တောင့်ခဲသွားသည်။ ဝေ့ကျန့်ဝေ့ က ထိုအရာကိုသတိမထားမိပဲဆက်မေးသည်။ "ကလေးကဒီမှာမရှိတော့...ဟာတာတာကြီးဖြစ်မနေဘူးလား"

"အင်း...နည်းနည်းပေါ့" ကလေးငယ်ကဆူညံသော်လည်း သူမရှိပြန်တော့ သူ(မ) အထီးကျန်သလိုခံစားမိသည်။ ထို့အပြင်ကလေးငယ်ကဤနေရာတွင် ရှိမနေလျှင်ဝေ့ကျန့်ဝေ့ ကိုမည်သူမှတားဆီးနိုင်တော့မည်မဟုတ်ပေ။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now