Chapter 46: မွှေးပျံ့သောကိုယ်သင်းရနံ့

165 32 2
                                    


Chapter 46: မွှေးပျံ့သောကိုယ်သင်းရနံ့

မြောက်ပိုင်းဒေသ၏ဆောင်းရာသီကနှင်းထူထပ်သော်လည်း ချင်းရွှေဟယ်တွင် မူအအေးဆုံးအချိန်၌ ခေါင်မိုးပေါ်တွင် အဖြူရောင်နှင်းခဲအချို့သာတစ်ပြိုက်နှစ်ပြိုက်ကျနေပြီး ခြံဝင်းတွင်းရှိရေကန်သည် ရေခဲလွှာပါးပါးလေးဖြစ်ပေါ်နေသည်။

ဝေ့မိသားစုကစစ်တပ်ထံမှ စာတစ်စောင် ထပ်မံရရှိပြီး ဤတစ်ခေါက်တွင်မူ ဟဲ့ရှောင်ယွင် က သူမသိမ်းဆည်းထားသော အထည်လက်မှတ်များ၊ ဆပ်ပြာလက်မှတ်များသကြားလက်မှတ်အနည်းငယ် နှင့် အတူပေးပို့လာခြင်းဖြစ်သည်။ ထိုအရာများကနေ့စဥ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။

ဝေ့ကျန့်ဝေ့က စစ်တပ်တွင် ရာထူးကြီးသောကြောင့် ငွေကြေးလစာ နှင့် တိုကင်လက်မှတ်အများအပြားကို အိမ်သို့ပြန်ပို့နိုင်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ရပ်ကွက်ကပေးသောတိုကင်လက်မှတ်များက ဝေ့မိသားစုအတွက်လောက်ငှမည်မဟုတ်ပေ။

မြောက်ပိုင်းဒေသရှိလူများကလတ်ဆတ်သောအသီးအရွက်များကိုစားရခဲသည်ဟု စာထဲတွင် ရေးထားသောကြောင့် ဝမ့်ချွန်ဟွားတစ်ယောက်စိတ်မကောင်းဖြစ်မိသည်။

ဖုန်းချိုးယွဲ့ကအကြံပေးသလိုပြောလာသည်။ "မေမေ၊ ခြံထဲမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုခူးပြီး အခြောက်ခံလို့ ရတယ်လေ....ပြီးရင် မတ်လေးတို့မိသားစုဆီပို့ပေးကြတာပေါ့။ "

ဝမ့်ချွန်ဟွားက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ "ဒါဆို ကန်စွန်းဥတွေကိုအခြောက်လှန်းကြရအောင်....ရှောင်ယွင်အကြိုက်တွေ့သွားလောက်မှာ"

ဝေ့ကျန့်ဝေ့တစ်ယောက်သူ့အိမ်(ချင်းရွှေဟယ်) မှ စာ နှင့် ပစ္စည်းထုပ်ကို လက်ခံရရှိသည့်အချိန်က လူနာ(လမင်း)ဆယ့်နှစ်လမြောက်ဖြစ်သည်။ အလုပ်ချိန်ပြီးဆုံးသောအခါတွင် ဖတ်လက်စတိုက်ပွဲဗျူဟာကို သိမ်းလိုက်ပြီး အိမ်ရောက်မှဆက်ဖတ်ရန် ပြင်လိုက်သည်။

လင်ယွဲ့ဖေးက တံခါးဝကနေ ရင်ကော့ခေါင်းမော့၍ သူ့လည်ပင်းတွင် ပတ်ထားသည့်လည်စည်းပဝါကို ပြလာသည်။ "ဒါကိုမင်းမရီးက ပို့လိုက်တာလေ...ငါလုံးဝမအေးပါဘူးလို့ သူ့ကိုပြောထားသားပဲ...

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now