Ep-10(Zawgyi)

198 11 0
                                    




မြို့ပြနှင့်ဝေးသော ညသန်းခေါင်ယံမှာ သာမန်ထက်ပို၍ တိတ်ဆိတ်ကာမှောင်မိုက်လွန်းလှသည်။တန်ခူးလေမှာ မိုးဓာတ်ပါ၍ ချမ်းစိမ့်စိမ့်ရှိနေရာဝယ် အညာစောင်ထူထူတစ်ခု သူ့ကိုယ်ပေါ်လွှမ်းလာ၏။

"‌အေးနေရော့လား ညီဒေါန "

"ဟုတ်ကဲ့"

"ကျုပ်ဘက်ကို တိုးခဲ့ပါ"

ပျဉ်ထောင်အိမ်၏ အပေါ်ထပ်မှ တစ်ခုတည်းသော အခန်းတွင် ဉီးမင်းဥာဏ် လာတိုင်းနားလေ့ရှိသည်။တစ်ယောက်တည်းဆိုရင် ကျယ်လိမ့်မည်ဖြစ်သော သစ်သားခုတင်မှာ နှစ်ယောက်အတူအိပ်တော့ အနည်းငယ် ကြပ်သယောင်ယောင်။ထို့ကြောင့် ညီဒေါနက ထောင့်ကိုကပ်၍ ကွေးနေမိခြင်းဖြစ်သည်။

တစ်ထပ်ခြုံထားပြီးသားစောင်ပေါ် နောက်တစ်ခုလွှမ်းပေးရင်း ဉီးမင်းဥာဏ်ကတိုးခိုင်းတာကြောင့် သူအသာကပ်လိုက်၏။အသားချင်းမထိသော်လည်း လူနှစ်ယောက်ရဲ့ ကိုယ်ငွေ့ကြောင့် အချမ်းဓာတ်သက်သာသွားသည်။

"ဉီးမင်းဥာဏ်မှာ တပည့်တွေ သိပ်ပေါတယ်နော်"

"ဆိုပါတော့ ၊ ကျုပ်ကိုယုံကြည်အားကိုးတဲ့လူငယ်တိုင်း ကျုပ်စောင့်ရှောက်ပါတယ်"

"ကျွန်တော့်ကိုရော သူတို့လို အလုပ်ပေးပါလား ဉီးမင်းဥာဏ်"

ပက်လက်လှဲနေရာမှ ကွေးကွေးလေးတစ်စောင်းလဲနေသည့် သူ့ဘက်သို့ ခေါင်းငှဲ့ကြည့်လာသည်။

"ငွေလိုသလား"

"မဟုတ်ပါဘူး၊ ဉီးမင်းဥာဏ်ဆီမှာ ခိုလှုံရင် သူ့တာဝန်နဲ့သူရှိကြတယ်လေ၊ ဥပမာ ကိုငတိုးဆိုလည်း အချက်အပြုတ်၊နောက်ပြီး ကိုမိုးကြိုးတို့အဖွဲ့ ၊ သူတို့အလုပ်ကိုယ်စီရှိကြတယ်၊ ကျွန်တော်က ဒီအတိုင်းနေရတာ တစ်မျိုးဖြစ်လို့ပါ၊ ဉီးမင်းဥာဏ်မှာ ဆန်စက်တွေရှိတယ်လို့လည်း ကြားပါတယ်၊ အဲ့ဒီမှာ ကျွန်တော့်ကို အလုပ်ပေးလို့ရမလားဗျ"

"ငတိုးက ငတိုး၊ မိုးကြိုးက မိုးကြိုး၊ မင်းက မင်းပဲ ညီဒေါန၊ ဒီ့ပြင်လူတွေနဲ့ဘာကြောင့်နှိုင်းသလဲ"

"ခင်ဗျာ"

"မောင်ရင့်အသွေးအမွှေးနဲ့ ကျုပ်ဘာတစ်ခုမှ မခိုင်းရက်ဘူး"

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ယိမ်းWhere stories live. Discover now