အရှေ့မြင်အနောက်မြင် တောင်ထိပ်ကို တက်ကြည့်လိုက်တော့ လုံးနေသောတောင်ထိပ် ကိုသေချာမမြင်ရ။အပေါ်ကတိမ်တိုက်တွေ လျင်မြန်စွာဖြတ်ပြေးနေသည်ကို မြင်ရသည်။
'တစ်ပြ ထပ်တက်ရဦးမှာပေါ့်´
ဘေးမှာအတူလျှောက်လာသော သူငယ်ချင်း
Sooyoungက ညည်းတွားတော့ သူတို့နောက်ကပါလာသော SsamSeoက ရယ်သည်။
'ဘာတစ်ပြလဲ ဟဲ့ အဲ့ဒါကွယ်နေလို့
ို့မမြင်ရတာ နှစ်ကြောရှိတယ် နောက်ဆုံး
အကြောကျမှ တက်ရမှာ´
'Ommaရေ သေပြီ´
စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သော Sooyoungကိုကြည့်၍ Taeyeonနှင့်Seo ဝိုင်းရယ်ကြသည်။
'ဘာလဲကွ အစကတည်းကမောမှာ ကြောက်ရင် ဘာလို့တောင်တက်သလဲ´
'မစွံလို့ဟေ့ မစွံလို့ဟ မစွံတောင်တက် မတက်လှေလှော် မလှော်ရေကူး မကူးစာသင် ဆိုတဲ့ထဲမှာ လှေလှော်တာရော ရေကူးတာရော စာသင်တာရော ငါဘာမှမလုပ်တတ်လို့ တောင်လာတတ်တာ ရှင်းပြီလား´
Sooyoungကအငေါ်တူးတော့ Taeyeon
အားရပါးရရယ်သည်။
'မင်းဟာမင်းမစွံတာကြောငြာချင် ကြော်ငြာ တို့Ssamမထိခိုက်စေနဲ့´
SsamSeoက ချစ်သူမရှိသူဖြစ်သည်။
'ခွေးကောင်ကလေးတွေ နင်တို့ အမောမခံနိုင်တိုင်း ငါ့ဆွဲမထည့်နဲ့´
'ဟုတ်ပါတယ် Ssamရဲ့ ကျွန်တော်ကလည်း
Ssamကိုဆွဲမထည့်ဖို့ ဒီကောင့်ကို
ပြောနေတာပါ´
'တော်စမ်းTaeyeon နင့်အကြောင်း ငါသိတယ်´
နောက်က ဆရာလေးHyoအပါအဝင် အဖွဲ့သား4ယောက်5ယောက်မှီလာသဖြင့် နားစွန်နားဖျားနှင့် SsamHyoက ဘယ်သူမစွံတာလဲ Seoရဲ့ဟုလှမ်းမေးတော့ ဝါးခနဲရယ်မိကြသည်။SsamHyoကလည်း ချစ်သူမရှိသူဖြစ်သောကြောင့်ပါ။
တက္ကသိုလ်ပေါင်းစုံ ခြေလျင်တောင်တက် အဖွဲ့ပါ အခုတက်ကြသော တောင်က ကျောက်တောင်လည်းမဟုတ် ရေခဲတောင်လည်းမဟုတ်သဖြင့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူ 100ကျော်တက်ကြရာ စက်မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားများ ဖြစ်ကြသော Taeyeonနှင့်Sooyoungတို့ပါ ပါလာကြခြင်း
ဖြစ်ပါသည်။
'မစွံတာတော့ အားလုံးပါပဲ ဆရာလေး အခုကSooyoungကပျော့လွန်းလို့ ကျွန်တော်နဲ့တီချယ် အားပေးနေရတာပါ´
SsamHyoက ပြုံးသည်။
'မင်းနဲ့တော့ ဘယ်မလဲကွ မိုင်20
လမ်းလျှောက်ခိုင်းတုန်းက မင်းကနံပါတ်7နဲ့
ဝင်တဲ့သူ Sooyoungက နောက်ဆုံးနားက
ဝင်တဲ့သူ´(အပြင်မှာတော့ ပြောင်းပြန်ငိငိ)
'အဲ့ဒါကြောင့်ပြောတာပေါ့် ဆရာရဲ့ သတ်မှတ်ချိန်မဝင်တဲ့သူတွေ ဖြုတ်ခဲ့ပါလို့´
Taeyeonက Sooyoungမခံချင်အောင် စတော့ Sooyoungကထိုင်နေရာမှ မျက်စောင်းထိုးသည်။
'မင်းလည်း အဲဒီသောက်ပြောတွေကြောင့် ငါကလွဲရင် ပေါင်းမယ့်သူမရှိတာတောင် မမှတ်သေးဘူးလား´
Sooyoungတွယ်လိုက်ရာ ချက်ကောင်းထိ
သွားသဖြင့် Taeyeonဘာပြန်ပြောရမှန်းမသိ။ကျန်ကျောင်းသူကျောင်းသားများက ဝိုင်းရယ်ကြသည်။
မိုင်20လူစစ်ပွဲတုန်းက သိပ်နှေးနေသူများကို
မခေါ်ခဲ့သင့်ကြောင်း ဆွေးနွေးသည့်အုပ်စုမှာ
Taeyeonထိပ်ဆုံးက ပါခဲ့တာတော့ အမှန်ပါ။နောက်ဆုံး ကျောင်းသားခေါင်းဆောင်Minho
တို့အဖွဲ့ကတမင်နောက်ဆုံးက ဝင်အောင်
်ချန်လျှောက်သဖြင့် သူတို့က
ိုမခေါ်မဖြစ်သောကြောင့် ဆရာများက လူ100 ကျော်စလုံး ရွေးလိုက်ရတာပါ။ ထိုစဉ်က Taeyeonကိုအတန်းငယ်မှဖြစ်ပြီး စွာသည် ရင့်သည်ဟု မကျေနပ်သူ အများအပြား ရှိခဲ့သည်။
'ဟေးဘာလုပ်နေကြတာလဲ တို့တစ်တွေ အလံတောင် စိုက်ထားပြီးပြီ လာကြလေ တတ်ခဲ့ကြလေ´
တောင်စောင်းမှ Minho၏ အော်သံ ထွက်လာသဖြင့် Sooyoungနေရာမှ လူးလဲထရလေသည်။