ဦးနှောက်အာရုံကြော အထူးကုသမားတော်ကြီးအခန်းသို့ Sicaဝင်သွားတော့ အမျိုးသမီးသမားတော်ကြီးက Drတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့ရ၍ ခြေလှမ်းများ
ရပ်သွားသည်။သမားတော်ကြီးက မော့ကြည့်သည်။
'Mr.KimTaeyeonအိမ်က မဟုတ်လား Drတို့သူ့
caseကိုတိုင်ပင်နေကြတာ Mr.Kimနေသာရဲ့လား´Sicaရင်ဝတွင် ဆို့နင့်နေသည်။
'သတိရပါတယ်Dr စကားတော့သိပ်မပြောဘူး ခေါင်းတအားကိုက်နေတဲ့ ပုံစံပဲ မှိန်းပဲနေတယ်´
သမားတော်ကြီးက စောစောကDrဘက်ကိုလှည့်ကြည့်၍ နံရံတွင် ကပ်ထားသောကွန်ပြူ တာဓာတ်မှန်များကို မေးငေါ့ပြ
သည် အစောကDrက ခုံပေါ်မှထ၍ အနားကပ်ပြီးသွားကြည့်
နေသည်။'Mr.Kimနဲ့ ဘာတော်လဲ´
Sica ဖြေရခက်သွားသည်။
'Chinguတွေပါ Dr သူ့မှာကအဖေပဲရှိတာ အဖေနယ်
ရောက်နေလို့ အကြောင်းကြားထားပါတယ် UKကညီမလေး
လည်းလိုက်လာနေပါပြီ´Miyoung...(Nameမမှတ်မိတော့လို့ မှားသွားရင် သည်းခံဖတ်ပေးကြပါ)
Miyoungကို ဘယ်လိုဆက်သွယ်ရမည်မသိ။Taeyeonကလည်း သတိလစ်ပြီး သတိပြန်ရသည်နှင့်'Fanyကို ခေါ်ပေးပါ´ဟုသာ ပြောသည်။Miyoungအကြောင်း တစ်လုံးမှ မဟသဖြင့် ဘယ်လိုဖြေရမှန်းကို မသိ´
Drကခေါင်းတဆတ်ဆတ်ညိတ်သည်။
'Drလက်ထောက်တွေ ညီမတို့ကိုရှင်းတော့ ရှင်းပြထားတယ် မဟုတ်လား´
Sicaမျက်ရည်ဝဲလျက်က ခေါင်းညိတ်သည်။
'ဦးနှောက်ကင်ဆာဆိုတာလား Dr´
Drကခဏငြိမ်စဉ်းစားနေသည် ပြီးမှ
'ဦးနှောက်မှာ အကျိတ်တွေ့ရင် ကင်ဆာလို့ပဲ အလွယ်ခေါ်ကြတာ ကင်ဆာအစစ်တော့မဟုတ်ဘူး ညီမတို့
ပြောတဲ့အတိုင်းဆို သူ့ရောဂါကနှစ်ပေါက်နေပြီ ဒီလောက်ဖြည်းဖြည်းလေး ကြီးလာမှတော့ ကင်ဆာမဖြစ်နိုင်
ဘူး ဒါပေမယ့်ဦးနှောက်အကျိတ်ဆိုတာ ကင်ဆာမဟုတ်လည်း အသက်ကိုအန္တရာယ်ပေးတတ်တာပါပဲ´'ကုသဖို့မဖြစ်နိုင်ဘူးလား Dr လိုအပ်ရင် နိုင်ငံခြားသွားကု
ဆိုလည်း စီစဉ်နိုင်ပါတယ်´