Tiffany Hwang{9}

261 30 0
                                    

လူခေါ်Bellကို တီးမြည်ဟုကြံလိုက်ရုံရိုသေး
သည်။တံခါးကပွင့်၍ Yoongထွက်လာသဖြင့်
Tiffany အံ့သြသွားသည်။

'နင် ဘယ်လိုလုပ်...´

'ငါကမျှော်နေတာလေ တံခါးမှန်ကလူရိပ်တွေ့
တာနဲ့ပြေးလာတာ ကဲလာ´

Fanyအိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျဉ်း
မြောင်းသော လူသွားစင်္ကြံလေးနှင့် အပေါ်
ထပ်သို့တက်သော လှေကားတို့အပြိုင် စောင့်
နေကြသည်။

'Projectorက အပေါ်ထပ်မှာဟ´

Fanyမျက်မှောင်ကြုတ်သည်။

'အပေါ်ထပ်က နင့်အိပ်ခန်းမဟုတ်ဘူးလား´

Yoongက ဟက်ဟက်ပက်ပက် ရယ်သည်။

'ဒီတစ်အိမ်လုံးက ငါ့အိပ်ခန်းပဲ ငါအိပ်ချင်တဲ့
နေရာမှာအိပ်တာ အပေါ်မှာ2ခန်း နင်ဆလိုက်
တွေ လာကြည့်ချင်တယ် ပြောတော့ ငါ1ခန်း
ရှင်းထားတယ် လာပါဟာ နင်နဲ့ငါfriဖြစ်တာ
စာသင်နှစ် 1ပိုင်းတောင်ကုန်တော့မယ် နင်ငါ့
ကို မယုံသေးဘူးလား´

Fanyသက်ပြင်းချ၍ အားတုံ့အားနာရယ်လိုက်
သည်။

Yoongခေါ်သည့် အပေါ်ထပ်သို့ လှေကား
ထစ်များအတိုင်း လျှောက်၍တက်ခဲ့သည်။

'လာဒီအခန်းကိုဝင် ဟိုမှာprojector
အဆင်သင့်ပဲ ပိတ်ကားကတော့ ဟိုမှာချိတ်
ထားတဲ့ ငါ့အိပ်ရာခင်းပေါ့ဟာ ငါအောက်မှာ
Coffeeနှပ်ထားတယ် သွားယူလိုက်ဦးမယ်´

°

အခန်း1ခန်းလုံးမှာ2ယောက်ထိုင် ဆိုဖာ1ခုံသာ
ချထား၍ Fanyအဲသည်မှာပင် ထိုင်ရသည်။
Yoongကcoffeeခွက်တင်ထားသော လင်
ပန်းကလေးကို ဆိုဖာရှေ့ စားပွဲငယ်လေးပေါ်
ချ၍ ဆိုဖာ1ဖက်ခြမ်းမှာ ဝင်ထိုင်သည်။

'နင်တခြားလုပ်ချင်တာရှိရင် သွားပါ အင်ဂျင်
နီယာလောင်းက ပန်းချီကားတွေကြည့်ရတာ
ဘယ်စိတ်ဝင်စားမလဲ´

Yoongကဘာမှမဖြေဘဲ ဆလိုက်ထုပ်ပေါ်က
နာမည်များကို ဖတ်ကြည့်သည်။

'Works of Edgar Degas´

'တစ်ထုပ်လုံး Degasချည်းပဲလား´

Fanyမျက်ခုံးပင့်သွားသည်။

'နင်Degasကို သိလား´

Yoongက ခေါင်းညိတ်ပြသည်။

SoulmateWhere stories live. Discover now