Jessica Jung{3}

456 33 0
                                    

ကော်ဖီိဆိုင်ထဲမှ မုန့်ထည့်ထားသော အိတ်က
လေးကိုဆွဲ၍ထွက်လာပြီး စက်ဘီးပေါ်တက်
မည့်ဟန်ပြင်လိုက်စဉ် လမ်းတစ်ဖက်မှလမ်းဖြတ်
ကူးလာသော Sooyoungကိုမထင်မှတ်ဘဲလှမ်း
တွေ့လိုက်ရသည်။
အတူပါလာသော ဝမ်းကွဲညီမလေးလက်ထဲသို့
မုန့်ထုပ်ကလေးကို လှမ်းပေးပြီး Sicaလက်ခုပ်
လက်ဝါးတီး၍ လှမ်းခေါ်သည်။
  'Sooyoung Sunbae Sooyoung Sunbae´
Sooyoungကလှမ်းကြည့်ပြီး ဝမ်းသာအားရ လက်ဝှေ့ယမ်းပြသည်။ကားရှင်း မရှင်းကြည့်၍ လမ်းကိုကမန်းကတန်းပြေးကူးလာသည်။
sicaတို့ရှေ့ရောက်တော့ အရှိန်သတ်၍ အားရဝမ်းသာ ဗလုံးဗထွေးပြောသည်။ 'ငါBusanရောက်ကတည်းကနင်နဲ့ဆုံချင်ဆုံမှာ
လိပ်စာမတောင်းထားမိတာ မှားတာပဲဆိုပြီး ကောင်မလေးတွေမျက်လုံးလိုက်လိုက်ကြည့်နေ
ရတာ´
'Sooyoung Sunbaeကလည်းဘာဆိုင်လို့လဲ´
'ဆိုင်တာပေါ့်ဟ နင့်မျက်လုံးကရှားရှားပါပါး အညိုဖျော့ရောင်မဟုတ်လား နင်ပိန်သွား ဝသွား
လို့ငါရုပ်မမှတ်မိလည်း မျက်လုံးတော့ မှတ်မိမှာ
ပဲဆိုပြီး လိုက်ကြည့်တာ အားပါးပါး တစ်မြို့လုံး
မျက်လုံးအညိုဖျော့ရောင်တွေအများကြီးပဲ ကပြားမချောချောလေးတွေ´
Sooyoungထုံးစံအတိုင်း အားပါးတရပြောနေ ရာမှ Sicaကမသိမသာညီမလေးဘက်သို့ မျက်
ရိပ်ပြလိုက်တော့မှ ပါးစပ်အဟောင်းသားနှင့် ရပ်သွားသည်။
Sicaဝမ်းကွဲညီမလေးကလည်း ရုပ်ကြည့်လိုက်
တာနင့်သိသာထင်ရှားသော ကပြားမလေးပါ။
လတ်စသတ်တော့ ဒါ့ကြောင့်Sicaမျက်လုံးတွေ
ကအညိုဖျော့ရောင်ဖြစ်နေတာကိုဟု သဘော ပေါက်သွားဟန်တူသည်။ အသံတိတ်
သွားသည်။
'ကဲပါ အဲဒါတွေထား Sooyoung Sunbae
ဒီဘာလာလုပ်တာလဲ ပြောဦး´
Sooyoungက ဘယ်ညာကိုကျီးကန်းတောင်း မှောက်ကြည့်သည်။
'အမှန်ကတော့ အစကငါထွက်ပြေးလာတာဟ´
Sica မျက်မှောင်ကြုတ်သည်။
'Sooyoung Sunbaeက ပါသေးလို့လား´
'ပါတာပေါ့်ဟ ငါတို့အတန်းထဲက အဖွဲ့တွေက
စကတည်းကပါကြတာ မပါတာဆိုလို့ နင့်လူ
Taeyeonပဲရှိတယ် ဒီကောင်ကတောက်လျှော
က်သူ့စီးပွားရေးပဲသူလုပ်နေတာ´
သတင်းအဆက်အသွယ်မရသဖြင့် Taeyeon
အတွက်စိတ်ပူနေခဲ့ရသော Sica Sooyoung  စကားကြောင့် တော်တော်ရင်အေးသွားသည်။
'သူ့လုပ်ငန်းတွေရပ်မနေဘူးလား´
'ကြံကြံဖန်ဖန် ဒီကောင်စီးပွားဖြစ်လိုက်သမှ ခဏနေရင် နင့်တောင်လာတောင်းချင် တောင်း
တော့မှာ´
Sica၏မျက်နှာဖြူဖြူကလေး သွေးရောင်လွှမ်း
သွားသည်။
'Sooyoung Sunbaeကလည်း Sicaတို့နှစ်
ယောက်က ရိုးရိုးသူငယ်ချင်းတွေဟာ´
ဆန်းဖို့လည်းသူကြိုးစားတော့မှာ မဟုတ်ပါဘူး
လေဟုရင်ထဲက ကြိတ်၍သက်ပြင်းချရသည်။
ပြီးမှ Sooyoungကိုမေးသည်။
'အခုရောSooyoung Sunbaeအစီစဉ်ကဘာ
လဲ´
'ပြန်မှာဟ ကောလဟာလတွေတဲ့ Seoulမှာ
လည်းငါ့ဘော်ဒါတွေအေးအေးဆေးဆေးပဲတဲ့ အိမ်ကပြန်ခေါ်နေပြီ အဲ့ဒါပြန်တော့မလို့လုပ်နေ
တုန်းနင်နဲ့ဆုံတာ Taeyeonဆီဘာမှာဦးမလဲ´
'Sooyoung Sunbeနဲ့တွေ့မှာမို့လို့လား´
'တွေ့မယ် ငါတို့phနဲ့တောင် ချိန်းထားပြီးပြီ ငါကငါလည်းဘွဲ့ရအလုပ်လက်မဲ့စာရင်းဝင်နေ
ပြီ မင်းစက်မှာလာအလုပ်လုပ်မယ်ပြောတော့ ဒီကောင်က ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာမယ့်အရိပ်ယောင်ရှိတယ်တဲ့ မင်းနဲ့ငါ
အာခီပြန်လုပ်သင့်လုပ်ရမယ် စာတွေလည်းပြန်
ဖတ်ထား ငါနဲ့လာနေပြီးတိုင်ပင်ကြရအောင်တဲ့´
'ကောင်းတာပေါ့ အဲ့ဒါဆိုSicaလည်းစာရင်း
ကိုင်လာလုပ်မယ်ပြောလိုက်´
Sooyoungကရယ်သည်။
'သူဌေးကတော်ပဲ လုပ်ပါဟာ´
'Sooyoung Sunbaeနော်´
Sicaမျက်နှာကလေး နီရဲသွားပြန်သည်။
 

SoulmateWhere stories live. Discover now