'Oppaအလုပ်လည်း လုပ်နေတယ်ဆို အရမ်းပင်ပန်းလားဟင်'
Oppaကပြုံးသည်။
'စက္ကူစက်ဆိုပေမယ့် Oppaက ကြီးကြပ်ရုံ
လောက်ပါပဲ အဲ့ဒါကမပင်ပန်းပါဘူး မစုမိလိုက်
်တာနာတာ'
Fanyကမျက်မှောင်ကြုတ်သည်။
'Oppaက ဘာတွေသုံးပစ်လို့လဲ'
Oppaကရယ်ပြန်သည်။
'ဘာသုံးရမလဲဟ သောင်းတန်ဖြစ်သွားတာ ပြောတာ ဒါပေမယ့်အခုပြန်တော့ နည်းနည်းလဲ
ပေးတော့ ရပါတယ် ပြဿနာကလုပ်ငန်းတွေ ရပ်နေတာ ဒီတစ်ခါပြန်စရင်တော့ Oppaလည်း စက်ကလေးတစ်လုံးလောက် ခွဲလုပ်ချင်သေး
တယ် စီနီယာကလည်း ကူညီမယ်တဲ့ ငွေလည်း ချေးမယ် အခြေအနေတွေပုံမှန်ပြန်ဖြစ်ရင် အဲ့ဒါ ကလေးလုပ်ချင်သေးတယ်'
Fanyကနှုတ်ခမ်းကလေး စူသည်။
'Oppaအသက်က 19တောင်မပြည့်သေးဘူး ဘာလို့ဒီလောက် ချမ်းသာချင်နေရတာလဲ Oppaမိန်းမယူတော့မလို့လား'
Oppaကရယ်၍ ဒန်းကလေးတွင်အတူထိုင်နေ သောFanyခေါင်းကို ဖွဖွပုတ်လိုက်သည်။
'မိန်းမယူဖို့နေနေသာသာ ရည်းစားတောင် မထားဖူးသေးပါဘူးကွာ Oppaတို့ဘဝပြည့်စုံ တာမှမဟုတ်တာ Appaက ကျတဲ့အရွယ် ရောက်နေပြီ တစ်နေ့ကျရင်ဒီအိမ်ထောင်စုကို ရော Fanyကိုပါတာဝန်ယူနိုင်အောင် Oppa ကြိုးစားနေတာ'
အပျိုပေါက်မလေး အသက်ရှူဖို့မေ့သွားသည်။
'Fanyကို တာဝန်ယူဖို့ အဲ့ဒါဘာပြောတာလဲ'
'ကျောင်းထားပေးဖို့လေ Fanyရဲ့ Fanyက
ခုမှအလယ်တန်းပဲရှိသေးတာ'
Fanyသက်ပြင်းခိုးချသည်။Oppaကရယ်ပြန်သည်။
'ပြောသာပြောရ ဒီကောင်မလေးငါ့အရင်
တောင်အိမ်ထောင်ပြုချင်ပြုမှာ'
Fanyမျက်နှာကလေးနီသွားသည်။
'Oppaကလည်း'
'Oppaက မလည်းနဲ့အခုပြော အတန်းကြီးက
ကောင်တွေFanyကို စာလိုက်ပေးနေပြပြီ
မဟုတ်လား'
Fanyနှုတ်ခမ်း စူသည်။
'Oppaကလည်းFanyမယူပါဘူး'
Fanyတစ်ခုသတိရသွားသည်။
'နေပါအုန်း Oppaကဘာလို့Fanyကို မမှတ်မိ ရတာလဲ'
Oppaကရှက်ကိုးရှက်ကန်းသာ ရယ်နေသည်။
'ပြောလေ ဘာလို့ကိုယ့်ညီမကို မမှတ်မိရတာလဲလို့'
'Fanyက စိတ်ဆိုးနေတာလား'
'ဆိုးတာပေါ့်'
'ကဲပြော အဲ့ဒါဆိုဘာဝယ်ကျွေးရမလဲ'
Fanyကပြုံးစူစူကလေး လုပ်ပြသည်။
'ဘာမှဝယ်မကျွှေးနဲ့ Busanလိုက်ပို့'
'ဘယ်လို'
'ဟုတ်တယ်Fanyကကျောင်းက Chingu တွေနဲ့စုပြီး Busanသွားချင်တာ နှစ်တိုင်းပဲ ပူဆာလိုက်ရင်Ommaကမိန်းကလေးတွေချည်း ပဲအန္တရာယ်များတယ်တဲ့ သူစိမ်းတွေနဲ့လည်း မထည့်နိုင်ဘူးတဲ့ Fanyကကလေးပဲ
ဲရှိသေးတဲ့ဟာကို Ommaကအပျိုကလေးကို စိတ်ပူတဲ့အတိုင်းစိတ်ပူနေလိုက်တာ အဲ့ဒါOppa
ပြန်ရောက်နေတဲ့ အခိုက်ဆိုရင်ကောလို့ မေးတော့ သွားတဲ့´
Oppaကဟက်ဟက်ပက်ပက်ရယ်သည်။ 'ကဲဒါဆိုလည်း Fany'sOmmaကို ခွင့်တောင်း
Chinguကိုချိန်း Busanကိုလိုက်ပို့ပေး
မယ် ဟုတ်လား´
'ဟေးဒါမှ တို့Oppaကွ´