Taeyeonက Hanမြစ်အတွင်းသွားလာနေ
သော သင်္ဘောများ ပျပျကလေးလှမ်းမြင်နေရ
သည်ကို ငေးကြည့်ရင်းက သက်ပြင်းချသည်။'မကောင်းပါဘူး Appaရယ်´
Appaက မျက်မှောင်ကြုတ်သည်။
'မကောင်းမှာစိုးလို့ စီစဉ်ချင်တာလေကွာ´
Taeyeonခေါင်းခါသည်။
'မကောင်းတာဘာမှ မရှိဘူးAppa အခုက Appaတို့ကတုန်လှုပ်တာ လူတွေ လူတွေ တစ်နေ့တစ်နေ့ ပြောလိုက်ကြတဲ့ စကားတွေ
စိတ်ထဲကရည်ရွယ်ပြီး ပြောတာလည်းရှိတယ်
မရည်ရွယ်ဘဲ ပြောတာလည်းရှိတယ် အကျိုး
လိုလို့ပြောတာလည်း ရှိတယ် အပြစ်လိုလို့ ပြောတာလည်း ရှိတယ် အကျိုးလည်းလိုတာမ
ဟုတ် အပြစ်လည်းလိုတာမဟုတ် ဘာအဓိပ္ပာယ်မှ မည်မည်ရရ ရှိတာလည်း
မဟုတ်ဘဲ ပြောတာလည်းရှိတယ် မြတ်စွာဘုရားဟောတဲ့ စကားကြီးခြောက်ခွန်း
ပြောအပ်တဲ့စကားက နှစ်ခွန်းတည်း Appaပဲ
ကျွန်တော့်ကို သင်ပေးတာ မှန်လည်းမှန် အကျိုးလည်းရှိမယ့်စကားဆိုရင် နားထောင်တဲ့
သူ ကြိုက်တာရော မကြိုက်တာရောပြောသင့် တယ်ဆိုတာလေ လူတွေပြောပြောနေတဲ့ စကားတွေထဲမှာ အဲသလိုစကားများဘယ်နှ
ခွန်း ပါလို့လဲ Appaရယ် ဆပ်ပြာပူဖောင်းတွေ
လိုပဲ အချိန်တန်ရင်လေထဲမှာ ပေါက်ပေါက်
သွားတာ Ajummaတို့က မိန်းမတွေး တွေး
တတ်လို့ အဲဒါတွေတုန်လှုပ်နေတာ Appaက
ဘာလို့ လိုက်တုန်လှုပ်နေရတာလဲ ´Appaကခေါင်းခါသည်။
'မိန်းကလေးကိစ္စမှာ တစ်ခါတလေမိန်းမတွေး
တွေးတာက မှန်တက်တယ်သား မင်းမေမေလေး ပြောသလိုပဲFanyကနိုင်ငံခြား
မှာ အိမ်ထောင်ကျသွားမှာဆိုရင် အရေးမကြီး
ဘူး ဒါပေမယ့်ဒါကလည်း သမီးလေးစိတ်နဲ့ဆို
ရင် သိပ်မဖြစ်နိုင်ဘူး ဒီကိုပြန်လာပြီး ဒီကတစ်
ယောက်ယောက်နဲ့ အိမ်ထောင်ကျမှာဆိုရင် အဲဒီတစ်ယောက်က သားနဲ့မသင်္ကာစကားဆို
ပြီး သူတို့ချင်းပြဿနာတက်နိုင်တယ်´Taeyeonကခပ်ခြောက်ခြောက် အသံဖြင့် ရယ်သည်။
'အဲဒါဆိုလည်း အဲဒီကောင်မယူနဲ့ပေါ့ Appaရယ် Fanyကိုတစ်သက်လုံး ကြင်နာယု
ယသွားရမယ့်လူက အဲဒီလောက် အတွေးသိမ်
ဖျဉ်းရင် မယူတာကမှ အေးသေးတယ် သူ့အ
ကြောင်း ပိုသိရတယ်လို့ သဘောထားလိုက်ရုံ
ပဲ ကျွန်တော့်သဘောကတော့ မိန်းကလေး1
ယောက်ကို တကယ်မြတ်မြတ်နိုးနိုးတန်ဖိုးထား
တတ်တဲ့လူမျိုးဟာ အဲဒီမိန်းကလေးရဲ့ အတိတ်တွေကို စိတ်ဝင်တစားလိုက်စစ်ဆေး
နေတာမျိုး မရှိသင့်ဘူးထင်တယ် အဲဒါမျိုးက တန် မတန်တွက်တတ်တဲ့ ကောင်စားမျိုးတွေ
လုပ်တာ´