Sicaလက်ထဲက ကော်ဖီခွက်ကိုဇွန်းနှင့် အဓိပ္ပာယ်မဲ့
မွှေနေသည်မှာ အတော်ကြာနေပြီ။Taeနှင့်Sooတို့ကလည်း အဲဒါကိုမမြင်သည့်အလား coffeeဆိုင်နှင့် မျက်နှာချင်းဆိုင်က ဆောက်လက်စရပ်
နေသော အဆောက်အအုံကြီးရေညှိများ တတ်နေသည်ကို
စိတ်ပျက်လက်ပျက်ငေးကြည့်နေကြသည်။ခဏနေမှ Taeyeonကဟက်ခနဲ တစ်ချက်ရယ်သည်။
'စက္ကူစက်ပြန်ထောင်ရင် ကောင်းမလားပဲကွ´
Sooyoungက အသံမထွက်ဘဲဆဲသည်။
'Fanyလည်းရှေ့နှစ်ကျောင်းပြီးတော့မယ် မင်းရောငါရော
Sicaရောလည်း အိမ်ပိုင် ကားပိုင်ရှိနေကြပြီနောက်ထပ်
ဒီ ရီဆက်ရှင်လေးငါးနှစ်ကြာလည်း ငါတို့ခံနိုင်တယ် မင်း
ကဘာစိတ်ပူနေရတာလဲ´Taeyeonဖြည်းညင်းစွာ ခေါင်းခါသည်။
'သူများCompanyတွေက ဝန်ထမ်းတွေတောင် လျှော့
ကုန်ပြီ ငါကအဲဒါမျိုးတော့ ဘယ်တော့မှမလုပ်ချင်ဘူးလစာ
တောင် ခါတိုင်6းလ1ခါလောက်တွက်ပြီးတိုးပေးတာ အခု
တိုးမပေးနိုင်တာ 1နှစ်ခွဲရှိပြီ ကုန်ဈေးနှုန်းတက်လို့သူတို့ခြိုး
ခြံနေရရင် ငါဘယ်စိတ်ကောင်းမလဲ´Sooyoungကသက်ပြင်းချသည်။
'လျှော့တော့လျှော့ရမှာပဲ ထင်တယ်ကွ သူတို့လည်းထိုင်နေ
ရတာ´Taeyeonရယ်သည်။
'ငါလျှော့ချင်တာက2ယောက်ရှိတာ အမျိုးတွေဖြစ်နေတော့
ခက်တာပေါ့´ဒီ1ခါတော့ Sicaပါလိုက်၍3ယောက်သားရယ်မိကြသည်
Sunbaeကိုတိမ်တွေပေါ်မှာ လမ်းလျှောက်နေတယ်ပြော
လို့လားဟု Sicaကကျီစယ်သည်။Taeyeonပခုံးတွန့်
ပြသည်။တကယ်တော့Fanyအစ်မဝမ်းကွဲများက FanyကိုKim
Taeyeonဆိုတာ သူ့အောင်မြင်မှုတွေအပေါ်မှာ သူပြန်
ဘဝင်မြင့်နေသူဟု မလိုတမာစကားဆိုခဲ့ကြသည့်လွန်ခဲ့သည့်
1နှစ်ကျော်အချိန်ကတည်းက Taeyeonအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ သိပ်မအောင်မြင်တော့ပါ ဝန်ထမ်းများ၏စားဝတ်နေရေးကို ယိုင်မသွားစေချင်၍သာ သူတို့သုံးယောက်သားကြိုးစား၍ ကျားကန်နေခဲ့ကြခြင်း ဖြစ်
သည်။အဲဒီနှစ်ယောက်ကတော့ နဂိုကတည်းကလုပ်ငန်းထဲ
တွင် စေတနာမထားကြ အားမထည့်ကြသူများဖြစ်၍ မရိပ်မိ
တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။