Jessica Jung{2}

503 47 3
                                    

  Jejuကိုရောက်ကတည်းက SunbaeKimTae
yeonနှင့်များ ဆုံနေဦးမလားဟုတွေး၍ Sica စိတ်လှုပ်ရှားနေသည်။
  သဘောင်္မှောက်မှုတွင် အထက်တန်းကျောင်း သူဘဝတုန်းက Sicaကို အလွန်ချစ်သည့်
Ssamပါ ပါသည်။Ssamညီမတွေ လှမ်း
ပြောစဉ်က Sicaလည်းတော်တော် စိတ်ပူသွား
ခဲ့သည်။ဒဏ်ရာရရုံလောက်ပါပဲ။Jeju ဆေးရုံမှာ
တင်ထားရသည်။Sicaပါလိုက်ခဲ့ပေးပါဟု ပြော
တော့ Sicaသူငယ်ချင်းတစ်ယောက်ကို အဖော်
ခေါ်၍ Jejuကိုထွက်လာခဲ့သည်။
  Jejuဆေးရုံရောက်တော့ ရုံပြည့်ရုံလျှံ  ဖြစ်နေ
သည်။Ssamကတော့ အခြေအနေမဆိုးပါ။ခြေ
သလုံးအရိုးသိမ်ကလေးသာ ကျိုးသည်။အရိုးမ
ကြီးဆိုလျှင် တော်တော်နှင့်လမ်းလျှောက်နိုင်
မည့်ပုံစံမပေါ်။
  'ဘောလုံးသမားတွေကျိုးနေကျအရိုးတဲ့ သမီး
ရဲ့ Ssamတော့မိန်းကလေးဘောလုံးသမား
ဖြစ်ပြီ´
  Ssamကိုအရယ်အပြုံးမပျက်တွေ့ရတော့မှ Sicaစိတ်အေးရတော့သည်။SsamကSicaပခုံး
ကိုကျော်ကြည့်၍ ပြုံးပြသည်။
'အေးအေးသား ဗီရိုပေါ်သာတင်ခဲ့မင်းမှာလည်း
သွေးလှူထားခါစ Ssamကိစ္စတွေလိုက်လုပ်ပေး
နေရတာ နားပါအုန်း´
လူငယ်တစ်ဦးက လူနာခုတင်ဘေးက ဗီရိုပေါ်ကို ဆေးပုလင်းများပါသောအိတ်တစ်
အိတ်ကိုလှမ်းတင်သည်။
  လူငယ်၏မျက်နှာကိုမြင်တော့ Sica၏မျက်ဝန်း
ညိုညိုကလေးများ ဝိုင်းစက်သွားပါသည်။
  'Sunbae´
  'ဟာSicaဘယ်လိုလုပ်ပြီး´
  Ssamကသူတို့မျက်နှာများကို အကဲခတ်ပြီးသ
ဘောကျစွာ ဝင်မိတ်ဆက်ပေးသည်။
  'သားတို့ သမီးတို့က သိနေကြတာကိုး ဒါစော
စောကSsamပြောတဲ့ သမီးလိုနေတဲ့တပည့် လိုက်လာလိမ့်မယ်ဆိုတာလေ သမီးရေသားက
Jejuမြို့ခံလူငယ်တချို့နဲ့ ဒီမှာလိုတာတွေ လာကူ
ညီနေကြတာ Ssamကအဖော်မပါဆိုလို့ မိတ်ဆက်ပြီး လာလုပ်ကိုင်ပေးနေတာ  ခုပခွဲရ
မယ့်လူတစ်ယောက်အတွက် သွေးလှူထား
သေးတယ် မနားဘူး သမီးသူငယ်ချင်းလား´
' တက္ကသိုလ်မှာခင်တာပါ Ssam´
  Sicaစကားပြောရင်း လှည့်ကြည့်ရင်းနှင့် Taeyeonဘေးတွင် အဖော်တစ်ယောက်ပါလာ
သည်ကိုယသတိထားမိသည်။
  Oh!
သိပ်လှသည့် မိန်းကလေးတစ်ယောက်ပါလား။
13နှစ် 14နှစ်လောက်ပဲရှိဦးမည်ထင်သည်။
အသားဖြူဖြူ  မျက်လုံးဝိုင်းဝိုင်း ဖြောင့်စင်း၍ရှည်
လျားသောမျက်တောင်တို့နှင့်။
လှပါသည်ဟုအများကချီးမွမ်းတာ အမြဲခံရသော Sicaကိုယ်တိုင်ပင်လျှင်မှင်တက်
ငေးမောကြည့်ရလောက်အောက် လှလွန်းသည့်
မျက်နှာကလေး အထူးခြားဆုံးမှာရီလိုက်ရင် ပေါ်လာသော Eye Smileလေး။
  အရွယ်ကလေးမရောက်တရောက်မို့သာပေါ့်။
အရွယ်ရောက် တက္ကသိုလ်သာတက်လို့ကတော့
မသိသူမရှိလောက်အောင် ထင်ရှားဦးမှာ။
TaeyeonကSicaအကြည့်ကို ရိပ်မိသွားသဖြင့် လှည့်ကြည့်ပြီး ရယ်ပြသည်။
'ဒါညီမလေးလေ Tiffanyတဲ့´
Ohဟုတ်တာပေါ့်။
Sunbae ဖခင်၏မယားပါသမီး။အဲ့သည့်
နာမည်ကိုTaeyeonSunbaeပြောပြဖူးသည်။
သည်မျှလှသည့် မိန်းကလေး တစ်ယောက်ဆို တာတော့ တစ်ခါမှပြောမပြဖူးပါ။ အင်းလေ ကလေးကခုမှအရွယ်စရောက်တာကိုး။
  'လှလိုက်တာ ညီမလေးရယ်´
  Jessicaမနေနိုင်ဘဲ မှတ်ချက်ချတော့ ကလေးမလေးက ရှက်ကိုးရှက်ကန်းနှင့်ရယ်ပြီး
မမလည်းသိပ်လှတာပါပဲ။Oppaနဲ့ဘယ်လိုခင်မိ
သွားတာလဲဟုမေးသည်။
Taeyeonကရယ်၍ Fanyခေါင်းကိုမနာအောင်
ထုသည်။
'Fanyရယ် Fanyပြောပုံက Oppaကအပြော
ဆိုးလွန်းလို့ပဲ Sicaကမပေါင်းသင့်ဘူးလိုလို´
Fanyက လျှာကလေးတစ်လစ် ထုတ်ပြသည်။
Sicaကတော့ သည်မျှလှပသည့်မိန်းကလေး
တစ်ဦးဘာသွေးသားမှ မတော်စပ်ပါပဲ TaeyeonSunbaeဘေးတွင် တရင်းတနှီး မကြာမီလူလားမြောက် လာတော့မည်ကို တွေး
မိကာရင်ထဲတွင် တစ်မျိုးခံစားနေရပါ  
တော့သည်။
 

တိုတယ်နော် ဝတ္ထုမှာကိုက တိုလို့ပါ 😄
ဟိုတစ်နေ့က IGမှာsisတင်ထားတဲ့ပုံကို Fany Likeလုပ်သွားလို့ updateလိုက်တာပါ (ဘာမှမဟုတ်ဘူး ကြွားတာ ဌဲဌဲ) 😁😁
 

SoulmateWhere stories live. Discover now