တိတ်ဆတ်နေသော အိပ်ခန်းထဲတွင် ဂျင်မ် ရိဗ်၏ 'နှင်းမုန်တိုင်း´သီချင်းမှ တီးလုံးကလေး လွင့်ပျံ့လာသည်။ပထမက တိုးတိုး ပြီးတော့ တဖြည်းဖြည်း ကျယ်လာသည်။
Fanyအိပ်မှုန်စုံမွှားနှင့် ခုတင်ခေါင်းရင်းက နံပါတ်ကလေးများလင်းနေသော နာရီကို လှမ်းကြည့်သည်။
ည12နာရီ။
ခုတင်ဘေးက စားပွဲကလေးပေါ် လှမ်းကြည့်လိုက်တော့ Fany၏လက်ကိုင်ဖုန်းကလေးက မီးလင်းနေရင်းက တဆတ်ဆတ်ခုန်နေသည်။
သည်အချိန်ကြီး ဘယ်သူများဆက်ပါလိမ့်။
ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သည်။
ဲ ပေါ်လာသောနံပါတ်တွေကို အိပ်ချင်နေသော မျက်လုံးကို ပြူးပြဲ၍ ဖတ်ကြည့်မိသည်။
ဘုရားရေ။
Oppaအိမ်ဖုန်းပါလား။
Fanyရင်များ တဆတ်ဆတ်ခါလာသည်။Oppa Oppa Fanyကို phမဆက်တာ အနည်းဆုံးတော့ ခြောက်လရှိပြီ ထင်သည်။
phဘယ်ဘက်အောက်ခြေက အစိမ်းရောင်ခလုတ်ကလေးကို ကမန်းကတန်းနှိပ်၍ နားမှာကပ်လိုက်သည်။
'Oppaလား´
တစ်ဖက်က ဘာသံမှမကြားရ။အသက်ရှူသံလိုလိုသာ ကြားနေရသည်။
နေဦး။
အသက်ရှူသံမဟုတ်ဘူး ထင်သည်။ရှိုက်သံ မိန်မတစ်ယောက်ရှိုက်သံပါလား။
'ဟဲလို ဘယ်သူပါလဲ´
ရှိုက်သံ သဲ့သဲ့တစ်ချက် မသဲမကွဲ ပြီးတော့မှ
'Fany-ah Unnieပါ Sica Unnie´
Fanyပါးစပ်အဟောင်းသား ဖြစ်သွားသည်။Unnieအသံတွေ တုန်နေသည်ကိုပင် နားကအသိစိတ်နှင့်မကပ်လိုက်မိ။
ဘယ်လိုက ဘယ်လိုUnnieက Oppaဖုန်းနဲ့ Fanyဆီဆက်ရတာတဲ့လဲ။ပြီးတော့ Oppaကရော။
'SicaUnnie Oppaရော´
Unnieရုတ်တရတ်ပြန်မဖြေဘဲ အသံတိတ်နေသည်။ခဏနေမှ တိုးတိုးကလေး ပြောသည်။
'Oppaနေမကောင်းဘူး Fany´
ထင်သည့်အတိုင်းပါပဲ။Oppaတစ်ခုခု ဖြစ်ပါပြီ။Fanyမျက်နှာတစ်ခုလုံး သွေးတို့ပြည့်လျှံတက်လာသည်။မျက်ရည်တွေက အလိုလိုစို့တတ်လာသည်။
'ဘာဖြစ်တာလဲဟင် SicaUnnie Oppaအခု ဘယ်မှာလဲ´
'ဆေးရုံကြီးမှာ သက်တော့ သက်သာပါတယ် တစ်ရက်နှစ်ရက်နေရင်တောင် ခဏပေးဆင်းမယ်လို့တော့ ဆရာဝန်တွေက ပြောတယ်´
Fanyနည်းနည်း စိတ်ပြန်အေးသွားသည် သို့သော်
ခဏပေးဆင်းမယ်တဲ့ ခဏတဲ့ အဲ့ဒါက ဘာလဲ။
'ဘာဖြစ်တာလဲဟင် Sica Unnie´
Unnieက မသိမသာရှိုက်သည်။
'TaeYeonခေါင်းကိုက်နေတာ ကြာပြီ တိုင်းကြည့်ရင်လည်း သွေးပေါင်က နည်းနည်းကလေး တက်တတ်နေတယ် အသက်က30ကျော်ပဲဆိုပေမယ့် သူ့Appaလည်း ငယ်ငယ်ကတည်းက သွေးတိုး
ခဲ့တာပဲဆိုတော့ သွေးတိုးကျဆေးလေးသောက်
သိပ်ဆိုးတဲ့နေ့ကျ အလုပ်မဆင်းပဲနေ ဒီလိုပဲ လုပ်နေခဲ့ကြတာ နောက်တော့ အန်အန်လာတယ် အရင်နှစ်ပတ်လောက် ကျတော့ အိပ်ရာနှိုးလို့မရလို့တဲ့ သူနဲ့နေတဲ့ တပည့်တွေက ဆေးရုံလာပို့ကြတယ် နောက်တော့´
Unnieအသံ တိမ်ဝင်သွားပြန်သည်။
တဖက်မှ ရှိုက်သံကိုနားထောင်နေရင်းက Fanyမစောင့်နိုင်တော့။
'အခုရော Sica Unnie´
Unnie အသံပြန်ပေါ်လာသည်။
'တစ်ရက်လောက်နေတော့ သတိပြန်ရပါတယ် ခုတော့ အစာလည်းစားပါတယ် ဒါပေမယ့်ကွယ် ခေါင်းကဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်ကင်ဆာတဲ့´
Fanyနားများ အူထွက်သွားပါသည်။
****
ဒါပဲလား Oppaရယ်။
Oppaတစ်သက်လုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာတွေရဲ့ နောက်ဆုံးပန်းတိုင်က ဒါတဲ့လား။
ဘယ်လေက်အခက်အခဲတွေ့တွေ့ လက်မလျှော့တတ်လွန်းသည့် Oppa။ ဘယ်လောက်အကြိမ်ကြိမ်ပြန်ကြိုးစားရ ကြိုးစားရ ဘယ်တော့မှအရှုံးမပေးတတ်သော OPPa။သူဇွဲလုံးလထည့်သည်နှင့်အမျှ ထိုက်တန်သော အောင်မြင်မှုကို အဆုံးသတ်မှာလည်း ရတတ်လွန်းသော ထိုအောင်မြင်မှု အတွက် သူဘယ်လိုကြိုးစားခဲ့ရသည်တို့ကိုလည်း ဂုဏ်ယူတတ်လွန်းသော ထိုဂုဏ်ယူမှုအတွက်လည်း ပတ်ဝန်းကျင်က စိတ်ကြီးဝင်သူ မာနကြီးသူဟု မကြာခဏ တီးတိုး သဖန်းပိုး အထိုးခံရတတ်လွန်းသော အဲ့သည့်လူတွေ သူ့အပေါ်ဘယ်လောက်ပြောပြော သူ့ဘဝသူ့အကျင့်ကို ဘယ်တော့မှမပြောင်းလဲ တတ်သောOppa။
'Oppaကို လူတွေက တိမ်ပေါ်မှာ လမ်းလျှောက်နေတဲ့သူတဲ့ သိလား´
'အဲ့ဒါဘာပြောတာလဲ´
'ဖနောင့်နဲ့ မြေကြီးမထိဘူးတဲ့ သူ့အောင်မြင်မှုအပေါ်မှာ သူပြန်ဘဝင်မြင့် နေသတဲ့´
Oppaကပြုံးရုံသာပြုံးသည်။
'Fanyရဲ့Unniesတွေ မဟုတ်လား´
'ဟုတ်တယ်´
'သူတို့ မသိလို့ပါကွာ Oppaကတိမ်တွေပေါ်မှာ
လမ်းလျှောက်နေတာမှ မဟုတ်တာ တောင်တက်လိုက် တောင်ဆင်းလိုက် တက်တော့လည်း ခက်ခက်ခဲခဲ ကုတ်ကတ် တွယ်တတ်ရတယ် အဆင်းကျတော့လည်း ပြုတ်မကျအောင် ကုတ်ကတ်ဆွဲထားရတယ် တကယ်တော့ Oppaကတောင်ပေါ်မှာ လမ်းလျှောက်နေတာ ကြိုးစားမှုရဲ့ ရလဒ်ကတော့ တိမ်တွေလိုပဲပေါ့် တောင်ကိုဖုံးထားတော့ လူကတိမ်ပေါ်မှာ လမ်းလျှောက်နေတယ်လို့ ထင်နေရတာပေါ့် တကယ်တော့ အဲ့လောက် ဘဝက မလှပါဘူး´
အဲ့သည်လိုပြောခဲ့သော Oppa။
ယခုတော့ အဲ့သည့်ဘဝက အသက်30မှာ ဆုံးခန်းတိုင်တော့မတဲ့။
*******
Fanyမျက်ရည်များကို ကမန်းကတန်း သုတ်သည်။အံကြိတ်သည်။
'SicaUnnie Fanyချက်ချင်းပြန်လာခဲ့မယ်´
'နေဦး Fanyမလာနဲ့ဦး´
'ဘာဖြစ်လို့လဲ´
'Unnieတို့ သူ့ကိုအမေရိကား ခေါ်သွားမလို့´
'ကောင်းတယ် ကောင်းတယ် Fanyအဲ့ကိုပဲ လိုက်ခဲ့မယ် ဘယ်တော့လဲ´
Unnieသက်ပြင်းချသည်။
'Unnieတို့က ခေါ်ချင်တာ သူကငြင်းနေတယ် သူ့အခြေအနေသူသိတယ်တဲ့ ဘယ်မှမသွားတော့ဘူးတဲ့ Fanyကိုပဲ ပြန်ခေါ်ပေးတဲ့ သူမှာချင်ခဲ့တာတွေ ရှိလို့တဲ့ အဲ့ဒါFanyပဲ သူ့ကိုphနဲ့ နည်းနည်းနားချပေးပါလား Fany အမေရိကားက စောင့်မယ်လို့´
Fanyမျက်ရည်များတွေတွေ ကျလာပြန်သည်။
'Fanyနားလည်ပြီ Unnie ဒါပေမယ့် Fanyချက်ချင်း ပြန်ခဲ့မယ် သူ့ကိုFanyကိုယ်တိုင်နားချပြီး ခေါ်မယ် မရရင်လည်းအဲ့မှာ လိုအပ်သလို ပြုစုပေးမယ် မကောင်းဘူးလား ´
SicaUnnieခဏငြိမ်သက်နေသည် ပြီးမှ
'အင်းလေ ကောင်းသားပဲ´
Unnie phချလိုက်သည်နှင့် Fanyအိပ်ရာမှ လူးလဲထသည် စားပွဲပေါ်မှာ ကွန်ပျူတာကို ခလုတ်ဖွင့်သည်
သည်အချိန် အွန်လိုင်းလတ်မှတ်လှမ်းချိတ်၍ ရတာတစ်နေရာရာတော့ ရှိမှာပါပဲ ရေချိုးခန်းကိုဝင်၍ မျက်နှာသစ်သည်။
မျက်နှာသစ်ရင်းကပင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ဆီ ဒရောသောပါး ပြန်ပြေးသွားပါတော့သည်။ဆရာလင်္ကာရည်ကျော်ရဲ့ တိမ်တွေတောင်တွေနှင့် ခရီးသည်မြန်မာဝတ္ထုကို TaeNy-verအဖြစ်ပြန်ရေးတာ ဖတ်ရတာထောက်နေရင် sorryပါsoneတို့