Sunbaeကကစားပွဲပေါ်က ဝမ်2သောင်းတန်
ချည်းသက်သက်ပါသော အိတ်ထုပ်ကြီးကိုကြည့်
၍ စိတ်မသက်သာစွာခေါင်းခါသည်။
'Taeyeonရာ မင်းကိုငါပေးလိုက်တာ
ဝမ်1သောင်းတန်တွေချည်းပဲမင်းဘာမှမသုံးလိုက်ရသေးဘူးဆိုတာလည်း ငါအသိ မင်းဟာမင်း
ထပ်စုထားတဲ့ပိုက်ဆံတွေလည်း ပလုံသွားတာ ငါအသိ ဒီပိုက်ဆံပြန်ဆပ်ဖို့မပြောနဲ့ မင်းယူထား
တဲ့စက်ဖိုးတောင် ဖြည်းဖြည်းချင်းပဲဆပ်တော့လို့
ငါပြောမလို့ မင်းကအခုဒါတွေ ဘာလို့လာပေးရ
တာလဲ´
Taeyeonကစပ်ဖြဲဖြဲလုပ်ပြသည်။
'Sunbaeမသိသေးတာ ရှိသေးတယ်´
'ဘာလဲ´
'ရွှေဈေးက 6သောင်းဖြစ်သွားတော့ ကျွန်တော်ရွှေရောင်းလိုက်တာ ထင်တာထက်
မြတ်သွားတယ်´
'မင်း ဘယ်ကရွှေရှိလို့လဲ´
'အရင်ကနည်းနည်းဝယ်ထားတာကော Appaဆီကလည်း Ommaပစ္စည်းကျန်ခဲ့တာ တချို့သွားယူတယ် အမွေတောင်းလာတာပေါ့်´ Sunbaeက စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
'မိဘအမွေရောင်းပစ်ရသလားကွ´
Taeyeonက ပခုံးတွန့်ပြသည်။
'ပညတ်တွေပါ Sunbaeရ Ommaတောင် ဆုံးရုံးခဲ့ရသေးတာ Ommaဝတ်ခဲ့တဲ့ပစ္စည်းကျမှ
နှမြောစရာလား ဒီလိုအချိန်ကြီးထဲမှာ ကျွန်တော့်
ကိုအဘက်ဘက်က ကူညီခဲ့ သင်ပေးခဲ့တဲ့ Sunbaeဆုံးရှုံးရတာတွေများတဲ့အပြင် ကျွန်တော့်ကိုပေးလိုက်တာတွေလည်း ဆုံးရုံးရ
ပြီလို့ထင်နေရရင် ကျွန်တော်လည်း လုပ်ငန်းကံ
မကောင်းနိုင်ဘူးဒါကြောင့်Sunbaeငွေချက်ချင်း
ပြန်ဆပ်တာ Ommaရှိရင်လည်း Ommaကသူ့
သားကို အဲ့လိုပဲဖြစ်စေချင်မှာ´
Sunbaeကသက်ပြင်းချသည်။
'ငါလည်းမင်းစိတ်ဓာတ်ကို ချီးကျူးပါတယ် ဒီငွေတွေမင်းမှာ ဘယ်လောက်ခက်ခက်ခဲခဲရှာခဲ့
ရတယ်ဆိုတာ သိပေမယ့်ယူရမလိုဖြစ်နေပြီ ကျန်တဲ့ငါ ရစရာရှိတဲ့လူတွေက မင်းလိုမဟုတ်
ဘူးကွ မရှိဘူးပဲပြောကြတော့တာ အေးလေစက်
ဖိုးတော့ မင်းနှစ်ပေါက်သာစောင့်ဆပ်တော့ ဟုတ်ပြီလား´
Taeyeonက မချိပြုံး ပြုံး၍
'စိတ်ချ Sunbae မြတ်မှာမြတ်ထဲကဆပ်ရမှာ။
မြတ်ပါစေသာ ဆုတောင်းပေး´ဟုဆိုသည်။
'ကျောင်းရော ဘယ်လိုလုပ်ထားလဲ´
'ဒီတစ်ခါပြန်ဖွင့်ရင် FinalပဲSunbae ဒီတစ်နှစ်
တော့ဒီလိုပဲပြီးသွားမှာပါ ဘွဲ့ကတော့ ရသွားမှာ
ပဲ ပညာရပ်တွေကိုတော့ဆက်လေ့လာရမှာပဲ´
Sunbaeကခေါင်းတစ်ဆတ်ဆတ် ညိတ်သည်။
'ကောင်မလေးလည်းပြီးတော့မှာ မဟုတ်လား
ယူဖို့ရော ဘယ်လိုစီစဉ်ထားလဲ´
Taeyeonမျက်လုံးပြူး၍ Sunbaeပြောတာ Sicaကိုလာဟုမေးသည်။
'အေးလေကွာ မင်းတွဲနေတာကြာလှပြီ´
Taeyeonသက်ပြင်းချ၍ ခေါင်းခါသည်။
'Sicaက ရိုးရိုးChinguပါ Sunbaeရာ Ommaကမရှိ တစ်ကောင်ကြွက်လိုဖြစ်နေလို့
မိန်းကလေးသူငယ်ချင်းတစ်ယောက် ရင်းရင်းနှီး
နှီးတိုင်တိုင်ပင်ပင် ရထားတာစိတ်ချမ်းသာပြီးတွဲ
နေတာ ရည်းစားမဟုတ်ပါဘူး´
Sunbaeကမျက်လုံးပြူးပြသည်။
'မဟုတ်သေးလည်း ဟုတ်လိုက်တော့လေကွာ
မင်းဟာက ဒီကောင်မလေးနဲ့မှမဟုတ်ရင် ဘယ်
သူ့သွားဟုတ်မလဲ´
Taeyeon ခေါင်းခါသည်။
'အချစ်ဆိုတာ ရှိလားမရှိလားမသိပါဘူး Sunbaeရာ အချစ်ဆိုတာပါရင်တော့ ရင်ထဲမှာ
နွေးခနဲ ဒိတ်ခနဲတော့ဖြစ်ရမယ် ထင်တာပဲ Sicaနဲ့ကမဖြစ်ဘူး တော်ကြာမချစ်ဘဲချစ်တယ်
ပြောမိတာမျိုးဖြစ်မှာ ကြောက်တယ်´
'မင်းဟာကလည်း Sicaနဲ့ကနွေးခနဲ ဒိတ်ခနဲ မဖြစ်ဘူးဆိုတော့ တခြားမိန်းကလေးနဲ့ ဖြစ်နေ
တာမျိုးများ ရှိလို့လား´
Taeyeon Sunbaeမျက်နှာကို ကြောင်တက်
တက်ပြန်ကြည့်သည်။
'အင်းရှိတယ်ပြောလည်းခက် မရှိဘူး ပြောလည်းခက် မသိတော့ပါဘူး Sunbaeရာ´
Taeyeonလေးကန်သော ခြေလှမ်းများနှင့် ထထွက်သွားပါတော့သည်။
ဖတ်ရတာ နားမလည်သလိုဖြစ်သွားလားဟင်??
ဒီChapterကလေ စာအုပ်ထဲမှာက မြန်မာနိုင်ငံ
မှာ 75ကျပ်တန်တွေ ဖျက်သိမ်းခံရတုန်းက လူတွေ တော်တော်ဒုက္ခရောက်ခဲ့ရတဲ့ ခေတ်ကို
ရေးထားတာပါ။ Sisလည်းတတ်နိုင်သလောက် ဆီလျော်အောင် ရမ်းသုတ်ရေးထားပါတယ် 😁