Ladyဒိုင်ယာနာကို တော်တော်အချိန်ကြာ
အောင် ငေးကြည့်နေသောTaeyeonကို Fanyက ကျီစယ်ဟန်ဖြင့် ပခုံးကိုပုတ်လိုက်
သည်။'Oppaနော် Fanyကိုဘေးထားပြီး ဒိုင်ယာနာ
ကိုသဘောကျနေတယ်´Taeyeonကရယ်၍ Fanyမျက်နှာကလေးကို
ချစ်စနိုး ငုံ့ကြည့်သည်။'ယှဉ်စရာတောင်မရှိပါဘူး Fanyရယ် ဒိုင်ယာ
နာဘယ်လောက်ပဲ ကမ္ဘာကျော်အောင်လှလှ
Oppaကတော့ အခုပြထားတဲ့ဖယောင်းရုပ်တု
ကြီးလိုပဲ သွေးသားမပါတဲ့ဖြူဖတ်ဖတ်ကြီးလို့ပဲ
မြင်တယ် Fanyလိုအလှမျိုးနဲ့နှိုင်းစရာတောင်
မရှိပါဘူး´Fanyကြည်နူးစွာရယ်၍ Taeyeonလက်
မောင်းတစ်ဖက်ကို ထွေးပွေ့လိုက်သည်။ဒါဆို
အဲဒီဖယောင်းရုပ်လုံးကြီးတောင် ဘာလို့ဒီလော
က် ငေးကြည့်နေရသလဲပြောဟု မေးသည်။အပြင်မှာမိုးဖွဲဖွဲရွာနေ၍လားတော့ မသိပေ လန်ဒန် မဒမ်တူးဆော့ဖယောင်းရုပ်တု ပြတိုက်မှာ လူအနည်းငယ်စည်ကားနေသည်။
Taeyeonကဥဒဟို သွားလာနေကြသော လူအုပ်ကြီးကိုကျော်၍ တော်ဝင်မိသားစုများ
ရုပ်လုံးများ စုထားသည့်နေရာသို့ လှမ်းလက်
ညှိုးညွှန်ပြသည်။'ချားလ်စ်တို့အရုပ်တွေက ဟိုဘက်မှာ ဒိုင်ယာ
နာကဘာလို့ ဒီဘက်ရောက်နေရသလဲလို့ စဉ်း
စားနေတာ ´'Oppaတကယ် မသိတာလား´
'ဟင့်အင်း´
'သိပ်အဆင်မပြေကြဘူး Oppaရဲ့ တစ်ကမ္ဘာ
လုံးသိတာပဲ´Taeyeonကမျက်မှောင်ကြုတ်သည်။
'ကွဲတော့ မကွဲဘူးမဟုတ်လား´
'ကွဲတာပဲပေါ့ Oppaရယ် ဝေလမင်းသမီးဆို
တဲ့ဘွဲ့ကို ဆက်ပြီးဆက်ခံထားတာပဲရှိတာ ဒါကလည်း ဝီလျံအတွက်ပေါ့ ချားလ်စ်ဘုရင်
ဖြစ်ရင် သူ့သားဝီလျံက အိမ်ရှေ့မင်းသားလုပ်
ရမှာ မဟုတ်လား´Taeyeonခေါင်းတဆတ်ဆတ်ညိတ်၍ ရှေ့ဆက်လျှောက်သည်။FanyကTaeyeon၏
လက်တစ်ဖက်ကို ခိုတွဲ၍ဆက်လိုက်လာသည်။'မောင်ဂိုမာရီအရှပ်ရှေ့တွင် Fanyရုတ်တရက်
ရပ်လိုက်ပြီး ရယ်၍Taeyeonကိုမေးသည်။'Oppaရော ကင်မလာပါကားဘောင်းလို မိန်း
မမျိုးနဲ့တွေ့ရင် Fanyကိုပစ်သွားမှာပဲလား´