Tiffany Hwang{3}

475 36 0
                                    

Fanyအထက်တန်းစတက်ကတည်းက Seoul
ပြန်သွားသောOppaသည် Fanyအထက်တန်း
ဖြေပြီးသည်အထိပြန်မလာ။
နောက်ဆုံးနှစ် စာမေးပွဲဖြေနိုင်ကြောင်းတော့
စာရေးသည်။Fanyစာမေးပွဲဖြေနိုင်လားဟု မေး
သည်။စက္ကူစက်ကလေးက မိတ်ရလာသဖြင့်
ကြွေးကျေအောင် ကြိုးစားနေသတဲ့။ဟုတ်မှာပါ။
Oppaနှင့်တစ်ခါမှ သိပ်ကြာကြာ အတူမနေရ
သော်လည်းOppaစိတ်ကို Fanyသိသည်။သူ့ကိုအားကိုး၍ အလုပ်အပ်ချင်သူတွေကို တစ်ယောက်ယောက်နဲ့ ခဏထားခဲ့ပြီးထွက်လာ
မည့်လူစားမျိုးမဟုတ်။ငွေထက်ယုံကြည်ခံရမှုကို
ဦးစားပေးမည့်သူမျိုးဖြစ်သည်။ယုံကြည်ခံရမှု၏
အရှေ့မှာ မိသားစုကိုလည်း ထားမည့်သူ
မဟုတ်။

မိသားစု။
ဘုရားရေ။တကယ်တော့ Oppaမိသားစုအစစ်
ကAppaတစ်ယောက်တည်းသာမဟုတ်ပါလား။Fanyတို့ကို ဘယ်လိုလုပ်မိသားစုလို့ ပြောမှာ
တဲ့လဲ။
Fanyမျက်ရည်စို့လာသည်။မဟုတ်သေးဘူးလေ။
Fanyကိုတာဝန်ယူနိုင်ဖို့ Oppaကြိုးစားနေတာ
တဲ့။Oppaပြောသွားတာပဲ။သူငါ့ကို မိသားစုလို
တကယ်သဘောထားလို့ပေါ့်။
မိသားစုလိုတကယ်သဘောထားရင် ခဏဖြစ်
ဖြစ်တော့ တစ်ခေါက်ပြန်လာပါ Oppaရယ်ဟု
ညည်းတွားမိသည်။

Seoulမှာလည်း တက္ကသိုလ်တွေပိတ်ပြန်သတဲ့။
တော်သေးတာပေါ့် Oppaကကျောင်းပြီးသွားလို့
စပိတ်တာကOppaတို့ကျောင်း။ နောက်ပိုင်းကျ
တော့ SicaUnnieတို့ဘက်တွေလည်း ပိတ်ရသ
တဲ့။SicaUnnieကတော့ ကျောင်းပြီးလို့ Busanပြန်ရောက်နေပြီ။
  ဇွန်လနောက်ပိုင်းမှာ Seoulဘက်က သတင်း
များကတဖြည်းဖြည်း စိတ်ပူစရာဖြစ်လာသည်။
Jejuကတော့ ဘာမှသိပ်မထူးခြား။
  Appaကတော့မိုးလင်းစကတည်းက ရေဒီယို
တစ်လုံးကိုလိုင်းပေါင်းစုံပြောင်းဖမ်း၍ အလုပ်ရှုပ်
နေသည်။
'သားကလည်း ပြန်လာတာမဟုတ်ဘူး´
တစ်ခါတလေလည်း အဲသလိုမြည်တွန်တောက်
တီးသည်။
Ommaအမျိုးတွေတော့ ရောက်လာသည်။
Ommaနှင့်Fanyကို လာခေါ်တာတဲ့။Jejuမှာ
ဘာမှထူးခြားခြား အပြောင်းအလဲမရှိတာကို
မျက်မြင်တွေ့ရတော့မှ စိတ်ချပြီး ပြန်သွားကြ
သည်။
  Fanyကတော့ တစ်နေ့သုံးကြိမ်လောက် ဘုရားရှိခိုးပြီး Oppaဘေးကင်းပါစေဟု
ဆုတောင်းသည်။
  

ဒီFicမှာလေ Taeနဲ့Fanyကို ဗုဒ္ဓဘာသာလို့ မှတ်ပြီး ဖတ်ပေးပါနော် Readerတို့

SoulmateWhere stories live. Discover now