အိမ်ရှေ့ပန်းရုံကလေးကိုဖြတ်၍တိုက်လာသော
လေက Fany၏ပါးပြင်ကို နူးညံ့စွာပွတ်သပ်
သည်။Fanyဖတ်လက်စစာအုပ်ကလေးကို စားပွဲပေါ်
ချ၍ ပြတင်းပေါက်ကမြင်ရသော လမင်းကြီးကို
မော့ကြည့်မိသည်။အိမ်ရှေ့မီးရောင်ကလေးပျပျက Fany၏အိပ်
ခန်းပြတင်းဝဘောင်ကို ဟပ်နေသည်။Oppa
အိပ်သေးဟန်မတူ။Oppaသည် 12နာရီထက်
စော၍ ဘယ်တုန်းကမှမအိပ်တတ်သော လူစားမျိုးဖြစ်သည်။ထုံးစံအတိုင်း အိမ်ရှေ့ဒန်း
ပေါ်တွင် ထိုင်၍အလုပ်နှင့်ပတ်သတ်သော ကိစ္စများ လေ့လာနေပေလိမ့်မည်။Fanyကညတိုင်းတော့ ညဥ့်နက်အောင် စာ
ကျက်လေ့မရှိ။သို့သော်ယခုလိုညဥ့်နက်အောင်
စာကျက်နေသည့် ညမျိုးတွေမှာ Oppaမအိပ်
သေးဘဲရှိနေတာကို သိရုံမျှဖြင့်Oppaအနားကို
မလာတာတောင် Fanyရင်ထဲတွင်နွေးထွေးလုံ
့ခြုံလှသည်။အနားကို
Fanyကြက်သီး ထသွားသည်။
ဟုတ်ပါ့။Oppaသည် ညစာစားပြီးနောက်ပိုင်း
Fanyအနားကို ဘယ်တော့မှလာလေ့မရှိ။
တစ်ယောက် တစ်ယောက်မောင်နှမအရင်းအ
ချာလို ဘယ်လိုပဲသဘောထားထား တကယ်
တမ်းကျတော့ သွေးသားမတော်စပ်သည်ကို
အမြဲသတိပြုမိဟန်တူသည်။တကယ်တော့ Oppaရယ်။
Fanyကတော့ Fanyကိုယ်Fany အရွယ်မ
ရောက်သေးတဲ့ ကလေးလေးတစ်ယောက်လို
ပဲ သဘောထားတာပါ။ခလုတ်မထိ ဆူးမငြိ တင့်တင့်တယ်တယ် အရွယ်ရောက်လာနိုင်ဖို့ကို
လည်း Oppaအစောင့်အရှောက် ခံယူနေသေး
ဖို့လိုအပ်နေတယ်လို့ သဘောထားတာပါ။Oppaကိုယ်တိုင်ကတော့ Fanyကိုရှောင်မနေ
သင့်ဘူးထင်တယ်။တကယ်တော့Oppaညီမဖြစ်တဲ့FanyဟာOppa
စောင့်ရှောက်တာကို ခံယူရသလို မိုးလင်းကမိုး
ချုပ်မရပ်မနားတမ်း ပြေးလွှားရုန်းကန်ရင်းက
မောပန်းနွမ်းလျနေတဲ့ Oppaကိုပြုစုအားပေးဖို့
လည်း တာဝန်ရှိတယ်ထင်တယ်။အဲလိုလုပ်ပေး
ခွင့်လည်း ရသင့်တယ်ထင်တယ်။Fanyသက်ပြင်းချမိသည်။
တကယ်တမ်းမှာတော့ မာရသွန်အပြေးသမား
တစ်ယောက် ဘယ်တော့မှပန်းမဝင်နိုင်သလို
မနားတမ်းပြေးနေသော Oppaနံဘေးမှာပြုစု
အားပေးဖော်မရှိရုံသာမက Oppaအနားယူ
အပန်းဖြေနေသည်ကိုပင် Fanyမတွေ့ဖူးပါ။