Tiffany Hwang{13}

249 25 3
                                    

ကင်မ်မြစ်ပေါ်မှာ ဖြတ်ကူးထားသော ကျောက်တံတားလေး
ပေါ်မှာ Taeyeonနှင့်Fanyရပ်မိကြသည်။နှင်းကခပ်
သိပ်သိပ် ရေစီးသံကခပ်ဖွဖွ။

'သာယာလိုက်တာ Fanyရယ်´

Fanyကပြုံး၍ ခေါင်းညိတ်ပြသည်။

လက်ထဲတွင်ကိုင်ထားသော စာအိတ်ကိုတစ်ချက်ငုံ့ကြည့်၍
Taeyeonဘက် ပြန်ကြည့်ပြီးပေးသည်။

'Oppaမဖြေသေးဘူးနော်´

'ဒီအလုပ် လုပ်ရမှာလားဆိုတာလေ´

Taeyeonက ယဲ့ယဲ့ပြုံးသည်။

'Fanyရှေ့ရေးအတွက် အဲဒီအလုပ်က သိပ်အရေးကြီးလို့
လား´

Fanyတိုးတိုးရယ်သည်။

'အဲဒါမလုပ်ရင် နောက်ကိုအလုပ်မရတော့ဘူး ဆိုတာမျိုး
တော့ ဘယ်ဟုတ်မလဲOppaရယ် Art creditဆိုတာ
ကFanyစိတ်ကူးယဉ်ခဲ့တဲ့ အလုပ်မျိုးမဟုတ်လား ဘွဲ့လည်း
ရ အလုပ်လည်းတန်းဝင်ရတော့ အတွေ့အကြုံလည်းရ ဖြစ်
တာပေါ့ Fanyကတော့Oppaလုပ်ဆိုရင်လည်း လုပ်မယ်
ပြန်လာခဲ့ဆိုရင်လည်း ပြန်လာပြီးKoreaမှာလုပ်လို့ရတဲ့ ဥစ္စာတစ်ခုခုလုပ်မယ် အားလုံးOppaသဘောပဲ´

Taeyeonအောက်က ရေကိုအကြာကြီးငေးကြည့်နေသည်
ပြီးမှတိုးတိုးကလေး 'Oppaကတော့ ထပ်ခွဲမနေချင်တော့
ဘူး Fanyရယ်´ဟုပြောသည်။

'OMO´

ဒါOppaတဲ့လား

ဘယ်တော့မှ Fanyနှင့်ပတ်သတ်လျှင် သူ့ဆန္ဒကိုထုတ်ဖော်
လေ့မရှိသည့် Oppaပါးစပ်က ပြောလိုက်သည့်စကားတဲ့
လား။

Fany Oppaကျောကို နောက်ကတအားဖက်လိုက်သည်

'Fanyကလည်း ခွဲမနေချင်တော့ပါဘူး Oppaရယ်´

အဲသည်အချိန်မှာမှ အိမ်မက်က လန့်နိုးလာသည်။

°

Oppaကျောပြင်က နွေးနေတာပဲ။

အိမ်မက်ထဲမှာတောင် နွေးထွေးလုံခြုံလိုက်တာ ဒီလောက်
မက်ကောင်းနေတဲ့အချိန်မှာမှ လန့်နိုးလာရသတဲ့။

အဲသည်အချိန်မှာ မှောင်နေသောသူ့အခန်းထဲမှာ ဂျင်မ်ရိဗ်၏
'နှင်းမုန်တိုင်း´သံ ပျံ့လွင့်နေတာ သတိထားမိသည်။

SoulmateDonde viven las historias. Descúbrelo ahora