ရုံးခန်းထဲသို့ ခပ်အေးအေးလမ်းလျှောက်ဝင်လာသော Taeyeonကိုကြည့်၍ Sicaရော Sooyoungပါ ပါးစပ်
အဟောင်းသား ဖြစ်သွားသည်။Taeyeonကတော့ ဘာမှမဖြစ်သလိုပင် လက်ထဲကအိတ်
ကို စားပွဲပေါ်ချ၍ အဆင်ပြေရဲ့လားဟု မေးသည်။Sicaက ဘာမှမဖြေနိုင် Sooyoungကစိတ်မထိန်းနိုင်ဘဲ
Taeyeonပခုံးတစ်ဖကို လက်သီးနှင့် လှမ်းထိုးသည်။'ပြေမလားကွ ပြေစရာလား မင်းဘာတွေလျှောက်လုပ်နေ
တာလဲ ရူးများနေလား´Taeရယ်၍ အေးအေးပင်ဖြေသည်။
'ငါပြောရင် မင်းယုံမှာမဟုတ်ဘူး ဒီရက်ထဲမှာ ငါရူးသွားလိုက်
ပြန်ကောင်းလိုက်နဲ့ ခဏခဏဖြစ်နေတာ မင်းသိလား´Sooyoungကစိတ်မကျေနိုင်သေး။
'ရူးသွားတာကို ယုံတယ် ပြန်ကောင်းတာကိုမယုံတာ ဘယ်
မှာလဲMiyoung ပြီးတော့မင်းတို့ ဘယ်မှာနေနေတာလဲ´Taeyeonထိုင်ခုံမှာ ဝင်ထိုင်ရင်းက ရှိပါတယ်ဟုသာ ဝတ်
ကျေတန်းကျေဖြေသည်။သည်တော့မှ Sicaဝင်မေးဖို့ သတိရ
သည်။'ဘာရှိတာလဲ Sunbae Sicaတော့တစ်ခုမှ နားမလည်
တော့ဘူး ယုံလည်းမယုံဘူး Sunbae Miyoungနဲ့ ယူ
လိုက်ပြီဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး Fanyကိုရော ဘာတွေ သွားပြောတာလဲ ပြီးတော့လူကြီးတွေကိုရော ဘာပြောထားလဲ´Taeyeonမျက်နှာ တည်သွားသည်။
ခဏငြိမ်နေပြီးမှ သက်ပြင်းတစ်ချက်ချ၍ ပြောသည်။
'Sicaကိုရော Sooyoungရော တို့တစ်ခုလောက်တော့
အကူအညီတောင်းချင်တယ် အဲဒါကတို့အခုလုပ်ခဲ့တဲ့ကိစ္စတွေ
နဲ့ ပတ်သတ်ပြီးတို့ပြောတာ ယုံပေးဖို့နဲ့ ခြောက်လလောက်
သည်းညည်းခံပြီး အဲဒီကိစ္စကိုမဆွေးနွေးဘဲ ထားပေးဖို့ပါ´Sicaပို၍ပင် နားမလည်ဖြစ်သွားသည်။
'ဘာ6လလဲ ဘာဖြစ်လို့6လလဲ Sunbaeလာရင်ရှင်းပြ
မယ်လို့ ထင်ထားကြတာ အခုကပိုရှုပ်ကုန်ပြီ´Taeyeonကယဲ့ယဲ့ပြုံး၍ ခေါင်းခါသည်။
'Miyoungရှိပါတယ် တို့တစ်တွေလည်းအဆင်ပြေပါ
တယ် လောလောဆယ်တော့ သူ့အိမ်ကိုခဏပြန်သွားတယ်
တို့လည်းဒီအပေါ်ထပ်မှာပဲ ပြန်နေမယ် ဒီလုပ်ငန်းနဲ့ပတ်
သတ်ပြီး အရေးတကြီးလုပ်စရာတွေ အများကြီးရှိနေတယ်
ဒီတော့အိမ်ထောင်ရေးကိစ္စတွေပါ ခဏဘေးဖယ်ထားရမယ့်
သဘောပဲ Sicaနဲ့Sooyoungကိုလည်း တို့ရဲ့အဲဒီဘဝ
ရေးရာကိစ္စတွေ ပြသနာတွေကိုခဏမေ့ထားပြီး ဒီ6လအတွင်
းမှာ တို့လုပ်ချင်တဲ့ကိစ္စတွေကို ကူညီစေချင်တယ် 6လပဲ 6လပြီးရင် Sicaတို့မေးတဲ့မေးခွန်းတွေအားလုံးကို တို့ဖြေ
မယ် ဒီကြားထဲမှာတော့ မမေးစေချင်ဘူး လူကြီးတွေကိုလည်း
မပြောပြစေချင်ဘူး Fanyကိုလည်းအခုသူသိထား နားလည်
ထားသမျှနဲ့ပဲ နေစေချင်တယ်´