Jessica Jung {1}

659 43 4
                                    

ဒီChapterကလေ စာအုပ်ထဲမှာက မြန်မာနိုင်ငံရဲ့ 88ခုနှစ်လောက်ကို အခြေခံထားတာပါ ဒီမှာကျတော့ Ficဆိုတော့ Sisလည်းတတ်နိုင်သလောက် ဆီလျော်အောင်ရေးထားတာပါ ဖတ်ရတာ သိပ်နားမလည်သလိုဖြစ်သွားရင် sorryပါ 😅



'ဂေါ်ပါမောက္ခရောက်နေသဟေ့'
YoonUnnieကမဲ့ကာရွဲ့ကာ ပြောရင်း
ဝင်လာသဖြင့်Sicaရယ်ကျဲကျဲနှင့် လက်ထဲက
ဖတ်လက်စစာအုပ်ကို ချလိုက်ရသည်။
'Taeyeon Sunbaeလား'
'ဟုတ်ပါ့'
'မဂေါ်ရပါဘူး unnieရယ် ရိုးရိုးလာလည်တာပါ'
'ရိုးရိုးလာလည်တာ နေ့တိုင်းလာလို့ ရမလားဟဲ့ တကယ်မဂေါ်ဘူးပဲထား သူအဲ့လို
လာနေတော့ တကယ်ဂေါ်ချင်တဲ့သူတွေ ဘယ်လိုလုပ်လာမလဲ'
'Unnieက သူ့ကိုsicaနဲ့ သဘောမတူဘူး ထင်တယ်'
ဘေးကကျောင်းသူတစ်ယောက်က ဝင်မေးတော့ YoonUnnie မျက်စောင်း လှည့်ထိုးသည်။
'ဟဲ့တူစရာလား ဆင်းလည်းဆင်းရဲသေးတယ် စကားကြီး စကားကျယ်ကလည်း ပြောသေးတယ် Sicaက17နှစ် လှလှပပ နုနုထွတ်ထွတ် သူသာလာမရှုပ်ရင် sicaကိုသူဌေးသားတွေ ဆေးကကောင်တွေ စက်မှုကကောင်တွေ လိုက်မယ့်သူတွေပုံလို့'
'သူကလည်း စက်မှုကပါပဲ unnieရဲ့'
'ဘာစက်မှုလဲ ပုံဆွဲတဲ့စက်မှု ရရင်တောင် BEမရဘဲ BRရမှာ ပြီးတော့အူကြောင်ကြောင်နဲ့'
Sicaပြုံး၍ ခေါင်းခါမိသည်။
'Unnieဟာလေ လူတစ်ယောက်ကို မကြိုက်မိရင် အာခီလည်း အင်ဂျင်နီယာပါပဲ Unnieရဲ့ နောင်တစ်နေ့တိုင်းပြည်မှာ အဆောက်အအုံကြီးတွေ အများကြီး
ဆောက်ဖြစ်ရင် အာခီက ကျန်တဲ့လိုင်းတွေ
ထက်တောင် ပေါ်ပြူလာဖြစ်အုန်းမှာ ပြီးတော့Taeyeon Sunbaeက ဘာ
အူကြောင်ကြောင် နိုင်လို့လဲ'
'သိချင်ရင်ထွက်သာကြည့် မနေ့က လာတော့ တောင်တက်ဝတ်စုံ အကျီင်္အဟောင်းကြီးကို ဘောင်းဘီအစုတ် လွယ်အိတ်အစုတ်နဲ့ ဝတ်လာ
တယ် ဒီနေ့ကျတော့ ဂျင်းအကျီင်္အကျပ်နဲ့ ဂျင်းဘောင်းဘီကို ခေါင်းအကြီးကြီးပါတဲ့ ခါးပတ် ပတ်ထားတယ်'
'သနားပါတယ် unnieရယ် မိတဆိုး တစ်ကောင်ကြွက် အဖေကလည်း နောက်အိမ်ထောင်နဲ့ မိထွေးနဲ့ကလည်း အဆင်ပြေတယ်လည်းမဟုတ် မပြေဘူးလည်း
မဟုတ် ခပ်တန်းတန်းရယ် ရင်းရင်းနှီးနှီးခေါ်စရာ
ပြောစရာမိသားစုမှမရှိတာ သူ့ခမျာ ခင်မိခင်ရာ ခင်ရှာမှာပေါ့ သူမို့လို့ အူကြောင်ကြောင်နိုင်ရုံနိုင် တာ သူ့လိုအခြေအနေမှာ ပျက်စီးသွားတဲ့ သူငယ်တွေအများကြီး '
Sicaက ချေပတော့ သူငယ်ချင်း
တစ်ယောက်က ခေါင်းတဆတ်ဆတ် ညိတ်၍
ထောက်ခံသည်။
'Sicaပြောတာ ဟုတ်တယ် အမေရှိတော့ ချွဲလို့နွဲ့လို့ရတဲ့ မိန်းမတစ်ယောက်ရှိနေတာ ယောက်ျားကလေးတစ်ယောက်ရဲ့စိတ်ကို သိပ်လုံခြုံစေတာ အမေက မတော်ရာလည်း
တည့်မတ်ပေးလို့ရတယ် အမေမရှိတဲ့ သားတစ်ယောက်စိတ်ဟာ မျောနေတဲ့ ရေမှော် လိုပဲ တွယ်ရာမှီရာ ရှာနေရော ဒါပေမယ့်
့်sicaရယ်'
'အူကြောင်ကြောင်နိုင်တယ် ဆိုတာတော့ sica
လည်းရိပ်တော့ရိပ်မိတာပေါ့ ဟုတ်လား'
အာလုံးက ဝိုင်းရယ်ကြတော့ sicaရှက်ရှက်နှင့် 'ဟာနင်လည်း မကောင်းဘူး သူများအားနည်းချက်ကို'ဟုပြော၍ အပြင်ဘက်ထွက်ခဲ့ပါတော့သည်။


ပလက်ဖောင်းအအေးဆိုင်လေးတွင် ထိုင်ရင်းအအေးတစ်ဘူးစီ မှာပြီးသည်နှင့် Taeyeonက ခါးကြားက ပိုက်ဆံအိတ်က
ိုထုတ်၍ဖွင့်ကြည့်ပြီး ရယ်သည်။
'Moneyကတော့ crazyပဲ'
Sicaက မျက်မှောင်ကြုတ်သည်။
'အဲ့ဒါဘာပြောတာလဲ'
'Moneyကပိုက်ဆံ Crazyကရူးတာ ပေါင်းလိုက်တော့ ဘာအဓိပ္ပာယ်မှမရှိဘူး ဒါပေမယ့် တို့အဆောင်က ကောင်တွေပိုက်ဆံပြတ်ရင် အဲသလိုပဲညည်းနေကျ'
Sicaသောက်လက်စ အအေးကိုချ၍ ပိုက်ဆံအိတ်ကိုယူရင်း sicaရှင်းလိုက်ပါ့မယ်ဟု ပြောတော့ Taeyeonမျက်နှာမှာ အတော်ကြီးကို နေရထိုင်ရခက်သည့်ပုံပေါ်လာ
သည်။
'ဟာမဟုတ်တာ တို့ခေါ်တာပဲ တို့ရှင်းမှာပေါ့ ရယ်စရာပြောတာပါ'
Sicaက ရယ်သည်။
'အားမနာပါနဲ့ TaeSunbaeရဲ့ အဆောင်နေဘဝတူချင်းပဲ လကုန်ခါနီးရင် ပြတ်တတ်တာပေါ့ Sicaနားလည်ပါတယ်'
'ထားပါ'
Taeyeonက အတင်းလုရှင်းလိုက်သည်။
'စိတ်မပူပါနဲ့ တို့ကအလုပ်ရတော့မှာ'
Sicaမျက်လုံးအဝိုင်းသားဖြစ်သွားသည်။
'အလုပ်ဟုတ်လား Sunbaeက ကျောင်းတတ်တုန်း ဥစ္စာ'
'မိဘက sicaတို့လိုပြည့်စုံတာမှ မဟုတ်တာ sicaရယ် ကျောင်းတက်ရင်းလည်း အလုပ်လုပ်သင့်လုပ်ရမှာပေါ့် အခုကလည်း ညနေပိုင်းလေး ခဏပါပဲ မိတ်ဆွေတစ်ယောက်စက်ရုံမှာ နည်းနည်းကြီးကြပ်ပေးရုံပါပဲ '
19နှစ်သားက 'မိတ်ဆွေ'ဟုစကားကြီး စကားကျယ် သုံးနှုန်းသည်ကို အနည်းငယ်ပြုံးမိရင်းက Sicaပြန်မေးမိသည်။
'ဘာစက်ရုံလဲ'
'စက္ကူစက်'
Sicaမျက်လုံးပြူးသွားပြန်သည်။
'စက္ကူစက်က Busanမှာ တစ်ခုပဲရှိတာ မဟုတ်လား'
ထိုစဉ်က ပုဂ္ဂလိက လုပ်ငန်းများခွင့်ပြုသေးသည့်ခေတ်မဟုတ်ပါ မိသားစုလက်မှုလုပ်ငန်းများလောက်ကိုသာ ပုဂ္ဂလိက ပြုလုပ်ခွင့်ပေးထားပါသည်။(ဒီအကြောင်းတွေက အမှန်မဟုတ်ဘူးနော် sisရမ်းသမ်းရေးထားတာ 😁😁)
Taeyeonအအေးသီးသွားအောင် ရယ်သည်။
'ကြံကြံဖန်ဖန်sicaရယ် Busanစက္ကူစက်က ဝါးကနေ စက္ကူအကောင်းစားတွေ ထုတ်တာ တို့လုပ်မယ့်စက္ကူစက်က စက္ကူအဟောင်းတွေ
ကနေ စက္ကူပြန်လုပ်တာ'
' စက္ကူအဟောင်းကနေဟုတ်လား'
'ဟုတ်တယ် recycleလို့ခေါ်တယ် ကမ္ဘာမှာလုပ်နေတာတော့ ကြာပြီ ဒီမှာတော့ sicaတို့ကျောင်းကပဲ Sunbaeတစ်ယောက် စလုပ်တာ တို့ကသူ့ဆီမှာ အချိန်ပိုင်းဝင်လုပ်ရင်း ပညာလည်းသင်မလို့ '
'ဟိုသတင်းစာစက္ကူကို အကြော်ထုပ်တာ
မျိုးလား'
Sicaကတွန့်တွန့်ဆုတ်ဆုတ်မေးတော့ Taeyeonကဟက်ဟက်ပက်ပက်ရယ်ပြန်သည်
'ကြံကြံဖန်ဖန်Sicaရယ် သတင်းစာ
စက္ကူအကြော်ထုပ်တာက ဒီအတိုင်းဖြဲသုံးတာ ဘာစက်လိုမှာတဲ့လဲ အခုကအဲသလို စက္ကူတွေ
ကိုဆေးတွေဖျက်ပစ်ပြီး ဖျော်ပစ် ကြိတ်ပစ်လိုက်တာ ပြီးတော့စက္ကူအသစ်အချပ်လိုက် ပြန်ထုတ်တာ ဟုတ်တယ်လောလောဆယ်တော့ ပစ္စည်းထုပ် တဲ့အိတ်တွေ လုပ်တဲ့စက္ကူအကြမ်းလောက် ရမှာပေါ့ တဖြည်းဖြည်းနဲ့ နည်းပညာပိုင်း
တိုးတက်လာပြီးရင် ဝတ္ထုစာအုပ်တွေပုံနှိပ်တဲ့ စက္ကူလောက် အဲဒီကနေ ဆေးရောင်စုံပုံနှိပ်လို့ ရတဲ့ စက္ကူအဆင့်လောက်အထိ တိုးတက်
အောင် လုပ်သွားဖို့တော့ မှန်းထားကြတာပေါ့'
Sicaကပခုံးတွန့်ပြသည်။
'ကောင်းတာပေါ့ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း လုပ်တဲ့Sunbaeတွေပြောတာ ပုံနှိပ်ဖို့စက္ကူကရုံးတွေ အဆင့်ဆင့်
လျှောက်ရတာတဲ့ TaeSunbaeတို့ စက္ကူစက်တွေအောင်မြင်လာရင် လွယ်လွယ်ဝယ်လို့ ရလာမှာပေါ့'
'ဒါပေါ့'
'ဒါပေမယ့် ကျောင်းစာတွေထိခိုက်နေပါအုန်း မယ်Sunbaeရယ် '
Taeyeonကပခုံးတွန့်ပြသည်။
သို့သော်နောက်6လအကြာတွင် မထင်တာတွေဖြစ်လာပြန်သည်။




Seoulဘူတာကြီးတစ်ခုလုံး ကျောင်းပိတ်၍ ပြန်ကြမည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ကြိတ်ကြိတ်တိုးနေသည်။
Sicaနှင့် သူငယ်ချင်းတစ်ဦးပေါင်း မိန်းကလေးနှစ်ယောက်တို့ သေတ္တာနှစ်လုံးကို မနိုင့်တနိုင်ကားပေါ်က ချ၍သည်သေတ္တာ နှစ်လုံးနှင့် သည်လူအုပ်ကြီးကို ဘယ်လို
ထိုးဖောက်ဝင်ရောက်ရပါမည်နည်းဟု တွေးရင်း
အကြံအိုက်နေသည်။
'Sicaရေ ဟေ့Sica ဒီမှာ'
အဝေးကလှမ်းခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်တော့ လူအုပ်ကြီးထဲက ခေါင်းတစ်လုံးစာခုန်ခုန်၍ လက်မြှောက်ပြ
နေသော Taeyeonနှင့်Sooyoungကို တွေ့ရသည်။
'အောင်မလေး တော်ပါသေးရဲ့'
Taeyeonနှင့်Sooyoungတို့ လူအုပ်ထဲမှတိုးဝှေ့၍ Sicaတို့ အနားရောက်လာ
ကြသည်။
'စင်္ကြံဘယ်လောက်လဲ sica'
'1ပဲ'
'တော်သေးတာပေါ့ လှေကားသာ
ဒီသေတ္တာတွေနဲ့တက်ရရင် ညည်းတို့တော့
ဝိုင်းအရိုက်ခံရတော့မှာပဲ'
Sooyoungကဝင်ညည်းတွားသဖြင့် စိတ်ညစ်သည့်ကြားက ရယ်ကြရသေးသည်။
Taeyeonနှင့်Sooyoungတို့ Sicaတို့၏ သေတ္တာများကိုထူမ၍ ရထားပေါ်
အရောက်လိုက်ပို့ပေးကြသည်။တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက အများစုဖြစ်နေသဖြင့် ဘူတာရုံဝန်ထမ်းများက လည်းသည်နေ့အဖို့တော့ တွဲပေါ်အထိ
ိလိုက်ပို့ခွင့်ပြုထားသည်။
'TaeSunbaeကော ဇာတိမပြန်ဘူးလား'
'ပြန်ရမှာပေါ့ Sicaရဲ့ ကျောင်းက
ဖွင့်ရက်မှ မသေချာသေးတာ လောလောဆယ်တော့ စက်မှာခဏသွားခို နေမလို့ '
'အလုပ်ကရော'
Taeyeonကရယ်သည်။
'ဒီလိုအချိန်မျိုး အလုပ်အပ်မယ့်လူ ဘယ်ရှိမှာလဲ စက်လည်းရပ်ထားရတာပေါ့်'
Sicaကဟုတ်သားပဲဟုရေရွတ်သည်။ဒါဆိုဘာလို့မပြန်လဲဟုလည်း မေးသည်။
'ကားတွေခက်နေသေးလို့ Jejuက Sicaတို့Busanလောက် ဘယ်လွယ်မလဲ နည်းနည်းချောင်သွားတော့မှပြန်မှာ'
Sicaကကျပ်ညပ်နေသော ရထားကို လှည့်ကြည့်၍ ဒါလားလွယ်တာ.....ဟုပြောရင်း ရယ်သည်။
'ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့် TaeSunbaeတို့မပြန်သေးလို့ Sicaတို့ကို အခုလိုလာကူညီနိုင်တာ TaeSunbaeရော SooyoungSunbaeရော ကျေးဇူး
တင်ပါတယ်နော်'
Sooyoungကမဲ့ပြုံးပြုံးသည်။
'ကျေးဇူးတင်ချင်ရင် တို့ကိုကျေးဇူးမတင်နဲ့ ဝမ်1000ကိုကျေးဇူးတင် '
'အဲ့ဒါဘာပြောတာလဲ'
'မသိလည်းနေဟေ့ ဟိုမှာရထားထွက်တော့
မယ်တဲ့ bye '
'Bye TaeSunbae Bye'
Taeyeonနှင့်Sooyoung လက်ပြနှုတ်ဆက်နေကြစဉ် Sicaပါသော ရထားကြီး တရွေ့ရွေ့ ထွက်ခွာသွားပါသည်။

SoulmateTempat cerita menjadi hidup. Temukan sekarang