မြစ်ဘက်ဆီမှ တိုက်ခတ်လာသောလေအေးက
လေးကို Taeyeonတဝကြီး ရှူသွင်းလိုက်
သည်။မကြာခဏကိုက်တတ်သော ခေါင်းကJeonJu
ရောက်သည့်နေ့မှစ၍ မကိုက်သလို ဖြစ်နေ
သည်။အလုပ်အကြောင်း မစဉ်းစားဘဲနေနေရ
၍ပဲလား သိပ်ချစ်စရာကောင်းသော ညီမလေး
တစ်ဦးအလိုကို ဖြည့်ပေးနေရသည့် Oppa
တစ်ယောက်၏ ပီတိမျိုးကြောင့်ပဲလားမသိ။ဘုရားဝတ်ပြုနေသောFanyကမျက်လုံးကလေး
မှိတ် လက်အုပ်ကလေးချီ၍ ရွတ်ဖတ် သရဇ္ဈာယ်နေတာ မပြီးတတ်သေး။လေညင်းအဝှေ့မှာ ဆံနွယ်ကလေးတွေ ကပို
ကရိုဖြစ်နေသော 18နှစ်အရွယ်မိန်းမငယ်က
လေး၏ ငယ်နုသောမျက်နှာကလေးက ငေးကြည့်နေမိသူရင်ကို ငြိမ်းချမ်းသွားစေနိုင်
သည့် အလှမျိုးဖြစ်လေသည်။ဒီအလှမျိုးက နိုင်ငံခြားတိုင်းပြည်တစ်ခုနဲ့မှ မတန်ပါဘူးကွယ် ကိုယ့်အမိမြေပေါ်မှာပဲ တွေ့
နေချင်စရာအလှမျိုးပါ။Taeyeonသက်ပြင်းချမိသည်။
Fanyနိုင်ငံခြားကျောင်းသွားတက်ဖို့ ကိစ္စက
သေချာနေလေပြီ။နိုင်ငံခြားမသွားခင် မိဘတွေ
ဆီပြန်ချင်သောFanyကို Jeonjuဘုရားပုထိုး
စေတီများကိုပါ ဖူးမြော်သွားစေချင်၍ Jejuသို့
တန်းမသွားဘဲJeonJuသို့ အရင်ခေါ်လာခဲ့
ခြင်း ဖြစ်သည်။Sooyoungပါမလာသဖြင့် အသစ်ဖွင့်လှစ်လိုက်သော Hotelတစ်လုံးမှာ
Taeyeonနှင့် Fanyတို့2ယောက်ခန်း1ခန်းစီ
ဌားနေကြရသည်။'ဈေးကြီးလိုက်တာ Oppရယ်လေးယောက်စာ
တောင် ပေးရတာ´အခန်းဌားခကိုသိတော့ Fanyကညည်းတွား
သည်။Taeyeonကရယ်သည်။'ဈေးကြီးလည်း1ယောက်ခန်းမှ မရှိတာ Fanyရယ်´
'1ခန်းတည်းဌားပေါ့် Fanyတို့ကမောင်နှမပဲ
ဥစ္စာ အလယ်က လိုက်ကာကလေးထောင်
ဟိုဘက် ဒီဘက်ခုတင်တစ်လုံးစီထား ရတာပဲ´Taeyeonရင်ထဲ နွေးခနဲဖြစ်သွားသည်။
'FanyကိုOppaက ညီမအရင်းကလေးလို သဘောထားပါတယ်ကွယ် ဒါပေမယ့်Oppaတို့
သွေးသားမတော်စပ်တာ သိတဲ့လူ1ယောက်
ယောက်သိသွားရင် Oppaညီမလေးကို ဂုဏ်မ
ငယ်စေချင်လို့ပါ´