စိတ်၏ခံစားချက်တို့ကို စိတ်ကသာပြန်၍ လျစ်လျူရှုချင်ရှုနိုင်မည်။ကိုယ်ခန္ဓာအပြုအမူ
လှုပ်ရှားမှုတို့က လျစ်လျူရှုနိုင်ဟန်မတူ။Fanyလေးနှင့်ပတ်သတ်လာလျှင် Sunbae
တော်တော်သွေးအေးသည်ဟု Sicaအမြဲယူ
ဆခဲ့သည်။Fanyအကြောင်းပြောနေစဉ်တွေမှာ
ပင် ဘာခံစားချက်မှမပါသော လေသံအေး
အေးနှင့်ပဲပြောနေကျ။သည်နေ့တော့တစ်နေ့လုံး Taeyeonဂနာမငြိမ်
ဖြစ်နေသည်။ထိုင်လိုက်ထလိုက် ရေသွားသော
က်လိုက် Phကိုမလိုက် ပြန်ချလိုက်။အလုပ်အကြောင်းသွားပြောရင်လည်း ခေါင်း
တွေပဲ ညိတ်ပြနေသည်။ဘာအဖြေမှမပေး။သေချာပါပြီ သည်နေ့Fany ပြန်ရောက်မယ့်
နေ့ပဲ။°
Fany21နှစ်ပြည့်တော့မည်။14နှစ်သမီးအရွယ်ကတည်းက ထင်းနေအောင်
လှသောမိန်းကလေး အရွယ်လည်းရောက်လာ
ပြီ မြို့ကြီးမှာသာမက နိုင်ငံကြီးမှာပါကျင်လည်
ခဲ့ပြီမို့ ရုပ်ရည်ရောကိုယ်ဟန်အမူအရာတို့ရော
အစွမ်းကုန်အရွယ်ရောက်နေတော့လိမ့်မည်။2နှစ်လုံးလုံးမတွေ့ခဲ့ရသည့် ညီမလေး။
ညီမလည်းချစ်တာပါပဲ ချစ်သူလည်းချစ်တာပါပဲ
အချစ်မှာနှစ်မျိုးနှစ်စားရှိတယ်လို့ မသိပါဘူး စိတ်ချမ်းသာစေချင်တာပဲရှိတာပါဟု TYလေး
လေးမြတ်မြတ်ပြောခဲ့သော မိန်းကလေး။အဲသည်မိန်းကလေးက သည်နေ့ညနေရောက်
မည်တဲ့။'Sunbae´
'စောသေးတယ်Sicaရဲ့ လေယာဉ်က 6နာရီ
ကျော်မှဆိုက်မှာ ´Sicaသတင်းစာကိုင်လျက်က ပါးစပ်အဟောင်
းသားဖြစ်သွားပြီး Sooyoungကခွက်ထိုးခွက်
လန်ရယ်တော့မှ Taeyeonကြောင်တက်တက်
နှင့် လှည့်ကြည့်သည်။'ဒီမှာကြော်ငြာပြမလို့´
သည်တော့မှTaeရှက်ရယ်ရယ်၍ Sicaပြ
သော ကြော်ငြာကိုငုံ့ကြည့်၍ LeeGroupအ
ဆောက်အအုံ ကြော်ငြာတာမဟုတ်လား ဘာ
ဖြစ်လို့လဲဟုမေးသည်။'ထူးခြားလို့လေ ကြိုပွိုင့်တော့ခေါ်တယ် ဒါပေ
မယ့် သတ်မှတ်ရက်မှာမအပ်နိုင်ရင် 1ရက်ကို
ငွေဘယ်လောက်နှုန်းနဲ့လျော်မယ်ဆိုတာ ပါ
တယ် ကြိုပွိုင့်ကုမ္ပဏီတေအကုန်ကပ်ဆိုက်နေ
တာ ဒီနည်းကလေးကများမတ်နိုင်မလားလို့´