'Hey ဒီမှာ´
ရထားသံကမြန်ဆန်ဆူညံနေသော်လည်း UKမှာKoreaစကားပီပီသသကြီးကိုမမျှော်လင့်
ဘဲ ကြားရတာဖြစ်၍ Fanyနားထဲ မိုးကြိုးပစ်
ခံရသလို လန့်သွားမိသည်။လှည့်ကြည့်တော့ အသက်20အရွယ် Boy1ဦး
သူ့ထိုင်ခုံဘေးမှာ မတ်တတ်ရပ်နေသည်။Coatအရှည်အညိုကြီးဝတ်၍ လည်ပင်းတွင်
မာဖလာပတ်ထားသော်လည်း မျက်ခုံးထူထူ
ပြေပြစ်သောမေးရိုးတို့နှင့် Asiaချောချောနေ
သော ကောင်ကလေး Koreaလိုကလည်း
ပြောနေသည်မို့ Koreaဆိုတာမှားစရာ မရှိပါ။Koreaဆိုလို့သူတည်းနေသည့် အိမ်က
အိမ်သားတွေမှအပ မတွေ့ရတာ1လလောက်
ရှိနေပြီမို့ Fanyရင်ထဲအံ့သြရမှာလိုလို ဝမ်းသာ
ရမှာလိုလို ဖြစ်သွားသည်။သို့သော် ကောင်က
လေးဆံပင်က မိန်းကလေးများလို နားရွက်ကို
ဖုံး၍ပခုံးအထိ ရှည်လျားနေသည်ကိုတော့ နှာ
ခေါင်း ရှုံ့ချင်မိသည်။ဒါနှင့်ပင် ဘာမှပြန်မဖြေဘဲ မေးထိုးပြလိုက်
သည်။ဟုတ်မှဟုတ်ရဲ့လားဟု သံသယဝင်ပုံမျိုးနှင့် အူကြောင်ကြောင်ဖြစ်သွားသော ကောင်လေး
မျက်နှာကို မြင်ရတော့လည်း ရယ်ချင်လာမိ
သည်။'ခွင့်လွှတ်ပါ ငါကမင်းကို ငါ့နိုင်ငံကလို့ ထင်မိ
လို့ပါ´အလွန်ယဉ်ကျေးသော Englishစကားနှင့်
ကောင်လေးက တောင်းပန်တော့ Fanyစိတ်
မထိန်းနိုင်ဘဲ ရယ်မိသည်။'ဘာတွေလာပြောနေတာလဲ´
Koreaဘာသာဖြင့် ပီပီသသကြီး ခပ်တည်
တည် ဟောက်ထည့်လိုက်တော့မှ Boyပါးစပ်
အဟောင်းသားဖြစ်သွားသည်။'ဘိုရာ နင်ဟန်းဂုပဲကိုး နင်တော်တော်ဆိုးတာ
ပဲ ငါကတော့ဟန်းဂုချင်းတွေ့ပြီဆိုပြီး ဝမ်းသာ
အားရ´Fanyကရယ်၍ သူ့နံဘေးက ထိုင်ခုံလွတ်ကို
မေးငေါ့ပြသည်။'ထိုင်လေ´
ကောင်လေးက ခေါင်းခါသည်။
'မထိုင်ဘူး ငါကနင့်ကို ဒီထိုင်ခုံမှာ မထိုင်ဖို့
လာခေါ်တာ´'ဘာဖြစ်လို့လဲ´
'ဒါက ကလေးအမေတို့ သက်ကြီးရွယ်အိုတို့
မသန်စွမ်းဖြစ်နေတဲ့လူတွေအတွက် ထားတာ
နင်ထိုင်နေရင် နင့်ကိုနှာခေါင်းရှုံ့ကြလိမ့်မယ်´