Taeyeonက ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍
ရှေ့တူရူကို ငေးငိုင်နေစဉ် Sooyoungက
အခန်းထဲ ဝင်လာသည်။
'ဟေ့ကောင် Sooyoung လာလာ အတော်ပဲ´
'တော်ရင် ထမင်းလိုက်ကျွေး´
'ဘုရားရေ ငါကမင်းဆီက ပိုက်တံချေးမလို့ စောင့်နေတာ´
Sooyoungက ဟက်ဟက်ပက်ပက် ရယ်သည်။
'ညနေပိုင်းအလုပ်လေးလုပ်တာနဲ့ လခ
သောင်းကျော် ရနေတဲ့ကောင်က ငါ့လို ဘိုင်ကောင်ဆီက ချေးစရာလားကွ ညနေ
တောင်ထမင်းစားစရာ ပိုက်ဆံမရှိတော့လို့ မင်းဆီက ကပ်စားမလို့လာတာ´
'သေရောကွာ´
Taeyeonက နဖူးကိုလက်နှင့် ရိုက်သည်။
'ဘာလားဟ´
'ဘာရမလဲကွာ ပိုက်ဆံတွေ တစ်နေ့
အရင်းအနှီးပြန်လုပ်ချင် လုပ်ရမှာဆိုပြီး သေတ္တာထဲမှာ စုထားတာ သောင်းတန်ချည်းပဲ အခုသုံးမရတော့ အိတ်ထဲမှာ ပိုက်ဆံကို မရှိတော့ဘူး Sicaတို့ကဒီနေ့ ဘူတာဆင်းကြမှာ
အဲ့ဒါ သွားလိုက်ပို့ပေးမလို့ဟာ စီးစရာ ကားခ
မရှိလို့မင်းလာရင်ပိုက်ဆံချေးမလို့ စောင့်နေတာ´
'မတတ်နိုင်ဘူး ရည်းစားလည်းမဟုတ် ပိုးတာ
လည်းမဟုတ် မစားရအညှော်ခံ သွားမွှန်မနေ
်နဲ့တော့ မင်းလည်းငမွဲ ငါလည်းငမွဲဆိုပြီး ရေသောက်ပြီးသာ အိပ်ပေတော့´
Taeyeonအိပ်ရာပေါ် စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။Sooyoungလည်း အိပ်ရာခြေရင်းဘက်တွင် ကန့်လန့်ဖြတ် ဝင်လှဲချမိသည်။
'Ommaတို့များ တယ်ခက်ကွာ သားကလေး အင်ဂျင်နီယာလောင်းလေးကို ရွှေလက်စွပ
်ကလေးတစ်ကွင်းတောင် လုပ်ပေးမထားဘူး ရှိလို့ကတော့ သွားဖြောရုံပဲ´
Sooyoungကညည်းတွားနေဆဲ. .
ခေါင်းရင်းက Taeyeonရုတ်တရက် ပျာယီး
ပျာယာလူးလဲထသံကြား၍ ခေါင်းထောင်
်ကြည့်တော့ Taeyeonခုတင်ပေါ်မှာ ဒူးထောက်
ထိုင်နေရင်းက ခေါင်းရင်းနံရံတွင်ကပ်ထားသော
တစ်စုံတစ်ရာကို ကြိုးစားပမ်းစားခွာနေသည်ကို
တွေ့ရသည်။
'ဘာလဲကွ ဟေ့ကောင်´
'ဝမ်1000တန်ကွ ငါအလုပ်မလုပ်ခင်တုန်းက လအလယ်ကောင်ကြီးမှာ ဝမ်1000
တစ်ရွက်တည်းကျန်အောင် ဘိုင်ပြတ်ဖူးတယ်
အဲ့ဒါကိုယ့်ကိုယ်ကိုယ် ဆုံးမတဲ့အနေနဲ့ အဲ့ဒီ
1000တန်ကိုသုံးမပစ်ဘဲ ခေါင်းရင်းမှာကပ်ထား
ပြီး တစိမ့်စိမ့်ကြည့်နေတာ ခုတော့သုံးစရာဒါပဲ
ရှိတော့တာ ရပြီ´
Taeyeonက ဝမ်1000တန်ကို အိပ်ကပ်ထဲ
ဲထည့်၍ ခုတင်ပေါ်မှ ကမန်းကတန်းဆင်းပြီး ဖိနပ်ကိုစီးသည်။
'ဘူတာလား´
'အေး မင်းလည်းလိုက်ခဲ့´
'ပြီးရင် ထမင်းကျွေး´
'ကျွေးပါ့မယ်ကွာ ငါ့မှာစားစရာရှိရဲ့သားနဲ့ မင်းအငတ်ထားမလား ဘယ်တုန်းက Taeyeonအဲ့သလို စိတ်ဓာတ်ရှိဖူးသလဲ ပြော´
'ပြောပေါ့ကွာ ဝမ်1000တန်တန်ခိုးက ကြီးတာကိုး´
သူငယ်ချင်းနှစ်ယောက်သားရယ်၍ ဘူတာဆီသို့သွားရန် ကားလမ်းဘက်သို့ ပြေးခဲ့ကြသည်။နောက်တစ်ပတ်ခန့်အကြာတွင် Taeyeonလည်း Jejuပြန်ရောက်လာသည်။
အထက်တန်းကျောင်းတွေလည်း ပိတ်ထားသဖြင့် သူ့Appaအိမ်မှာပဲရှိနေသည်။
သူ့မိထွေးနှင့်သမီးတို့က အပြင်သွားနေသတဲ့။
'Appaတို့ အဆင်ပြေရဲ့လား´
'သူ့Appaက ရယ်သည်´
'သူများတွေက စီးပွားပျက်တာကွ Appa
မှာကပျက်စရာ စီးပွားမှမရှိတာသားရယ် ဘာထိ
ခိုက်မှာတဲ့တုံး´
Taeyeonလည်း လိုက်ရယ်မိသည်။ဟုတ်ပ။
သောင်းဂဏန်း အနည်းမျှသောပိုက်ဆံ ဆုံးရှုံးရ
သည်ကို သူ့မှာတခုတ်တရညည်းနေရတာ စီးပွားရေး လုပ်ငန်းရှင်များကြားလျှင် ဒေါပွကြဦးမည်။
သူ့Appaက Taeyeonကို အိမ်စောင့်ထားခဲ့၍
ကျောင်းဘက်တစ်ချက် သွားကြည့်ဦးမည်ဟု ဆို
ကာထွက်သွားသည်။
Taeyeonအိမ်ရှေ့ဒန်းကလေးတွင် ထိုင်၍စာ
ဖတ်နေသည်။
စက်ဘီးသံ မိန်းကလေးငယ်ငယ်ရယ်သံ။ စကားပြောသံ။
အသံသဲ့သဲ့တို့ကြောင့် အမြင့်တွင်ရှိနေသော ကတ္တရာလမ်းဘက် မော့ကြည့်မိသည်။
14-5-6အရွယ် မိန်းကလေးနှစ်ဦး။
စက်ဘီးကိုယ်စီကိုင်၍ ရပ်ရင်းစကားပြောနေ
သည်။နောက်တော့ တစ်ဦးက စက်ဘီးပေါ်
တက်၍စီးပြီး လက်ပြထွက်ခွာသွားသည်။
တစ်ဦးက ကုန်းစောင်းကလေးအတိုင်း စက်ဘီးကိုတွန်း၍ ဆင်းလာနေသည်။
အဖြူနဲ့အပြာအစင်း ဂါဝန်ကလေးနှင့်။ဆံပင်ကလေးကို နှစ်ဖက်ခွဲ၍ချည်ပြီး ပခုံးတစ်ဖက်စီမှာ ချထားသည်။
မျက်တောင်တို့က ရှည်၍ဖြောင့်စင်းနေသည်။
ဆေးမခြယ်သောမျက်နှာကလေးက အသားဖြူဖြူ ကြည်လင်သန့်စင်မှုကို လက်ဖဝါးပေါ် တင်ပြထားသလို ရှင်းနေအောင်မြင်ရစေသည်။လှလိုက်သည့် မိန်းကလေး။
နောင်နှစ်နှစ်လောက်ဆို Jejuတစ်ကျွန်းလုံး မသိသူ မရှိဖြစ်တော့မှာပဲ အခုငယ်ငယ်
်ကလေးနှင့်တောင် သည်လောက်လှနေတာ။Fanyသူငယ်ချင်းလားမသိ။
အရွယ်မရောက်တရောက် မိန်းမလှလေးက Taeyeonထိုင်နေရာဒန်းဆီသို့ တည့်တည
့်လျှောက်လာ၍ စက်ဘီးကို ဒေါက်ထောက်
သည်။Taeyeonကိုပြုံးပြသည်။
'Tiffanyမရှိဘူး သမီးရဲ့
အပြင်သွားနေတယ်တဲ့´
မိန်းကလေးပထမက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ပြီးတော့ ပြုံးစူစူ။ပြီးတော့ မျက် စောင်းလှလှတစ်ချင်ထိုးသည်။
'Oppa ဘယ်လိုဖြစ်နေတာလဲ Fanyလေ´
ဘုရားရေ ဒါFanyတဲ့လား။
သည်တစ်ခါ ပါးစပ်အဟောင်းသား
ဖြစ်သွားရတာက Taeyeonပါ။