TiffanyHwang{14}

271 22 0
                                    

Yoong တံတားပေါင်ကိုမှီ၍ ကင်မ်မြစ်ကိုငုံ့ကြည့်ပြီး ငေး
ငိုင်နေသည်။Fanyမျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျနေ
သည်ကို မသုတ်ဘဲ အောက်နှုတ်ခမ်းကိုပြတ်မတတ် ကိုက်ထားသည်။

နှစ်ယောက်သား အဲဒီပုံစံအတိုင်း တိတ်ဆိတ်စွာ အကြာကြီး
ရပ်နေကြပြီးမှ Fanyကခေါင်းကို ဆတ်ခနဲခါ၍ Yoongကို
လှည့်ကြည့်သည်။

'ငါမယုံဘူး Yoong´

Yoongက သက်ပြင်းချသည်။

'ငါအကြောက်ဆုံးကလည်း အဲဒါပဲ နင်မယုံမှာကိုကြောက်
တာ နင့်ကိုငါသိပ်ချစ်တာမှန်ပေမယ့် အဲဒီကိစ္စညာပြောရလော
က်အောင် ငါ့စိတ်ဓာတ်ကမညံ့ဘူး Fany´

Fanyက ကျွတ်ခနဲမြည်တမ်းသည်။

'ခက်ပါလားYoongရယ် နင့်ကိုငါမယုံတာမဟုတ်ဘူး နင်
နဲ့Oppaနဲ့ တွေ့တယ် OppaကအဲဒီMiyoungဆိုတဲ့
ကောင်မလေးကို သူမယူလို့မဖြစ်တော့ဘူး တာဝန်ယူရတော့
မယ် ငါ့ကိုလည်းစိတ်ပူတယ် နင်ကငါ့ကိုအနီးကပ်စောင့်ရှော
က်ပေးပါလို့ မှာတယ် အဲဒါအားလုံးငါယုံတယ် ငါမယုံတာက
Oppaအမှန်အတိုင်း ပြောသွားတယ်လို့မယုံတာ Oppa
မှာ တည့်တည့်ပြောလို့မဖြစ်တဲ့ ပြသနာတစ်ခုခု ရှိကိုရှိရမယ်
Miyoungဇာတ်လမ်းက လုပ်ကြံပြောတာပဲ´

Yoongခေါင်းကုတ်သည်။

'Miyoungဇာတ်လမ်းက TaeyeonHyung
လောက် တည်ကြည်တဲ့လူ1ယောက်အတွက် ယုံရခက်တာ
တော့ အမှန်ပါပဲ ဒါပေမယ့်သူနင့်ကိုဘယ်လောက်ချစ်တယ်
ဆိုတာ နင်လည်းသိ ငါလည်းသိနေတာ နင့်ကိုစွန့်လွှတ်ဖို့အ
တွက်တော့ ဒီကိစ္စမျိုးကလွဲရင် တခြားအကြောင်းမရှိနိုင်တော့
ဘူးထင်တယ်´

Fanyကဘာမှပြန်မပြောဘဲ မျက်ရည်တွေကျလျက် အံကြိတ်ရင်း ခေါင်းခါသည်။Yoongကတိုးတိုးဆက်ပြော
သည်။သူက 'သူပြောတာမယုံရင် JessicaNoonaကို
phဆက်ကြည့်ပါတဲ့ နံပါတ်ပေးတယ် ငါသူ့ရှေ့တင်ဆက်
လိုက်တာ JessicaNoonaလည်းတော်တော်တုန်လှုပ်
ချောက်ချားသွားပုံပဲ နင့်လိုပဲမဖြစ်နိုင်ဘူးလို့ ပြောတယ် ဒါဆို
အခုအဲဒီကောင်မလေးရုံးမှာ ရှိနေလားလို့မေးတော့ အလုပ်
ထွက်သွားတယ်တဲ့ ဘာလို့ထွက်သွားလဲတော့ မသိဘူးတဲ့
TaeyeonHyungကို တစ်ဖက်သတ်ချစ်နေတာတော့
သူသိတယ်တဲ့ Hyungနဲ့လည်း နယ်တွေဘာတွေ ညအိပ်
ညနေသွားဖူးတာ အမှန်ပဲတဲ့ Phချပြီးတော့ Hyungက
ပြောတယ် အလုပ်ကသူထွက်ခိုင်းလိုက်တာ သူ့ကိုတစ်နေရာ
မှာစောင့်ခိုင်းထားတယ် အလုပ်တွေကိုလည်းSooyoung
Hyungကို အကုန်မှာထားတယ် သူတို့နှစ်ယောက်လူတွေ
ကို ခဏရှောင်နေဦးမှာတဲ့´

SoulmateWhere stories live. Discover now