Kim Taeyeon {10}

232 33 1
                                    

တကယ်တော့ Taeyeonခုတလောညဥ့်နက်
နက်နေသည်မှာ Sicaထင်သလိုအဆောက်အ
အုံအသစ်ကိစ္စများ လေ့လာနေတာမဟုတ်ပါ။

ImYoongဆိုသည့်လူငယ်1ယောက်နှင့် ပတ်
သတ်၍နိုင်ငံခြားမှ မိတ်ဆွေအဆက်အသွယ်
များဆီမှ ရနိုင်သမျှသောအချက်အလက်တွေ
ကို စုဆောင်းလေ့လာနေတာပါ။

Sooyoungကတော့ နှာခေါင်းရှုံ့သည်။

'သူတို့တတွဲတွဲဖြစ်နေတာ မင်းသိတယ်လို့
တော့ Fanyကိုသတိပေးသင့်တယ်´

Taeyeonကစာရွက်ပုံကို ပြန်စီရင်းကမော့
ကြည့်၍ ပြုံးသည်။

'အဲဒါFanyရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်လေ ငါနဲ့
မဆိုင်ဘူး´

'ဆိုင်တယ် Fanyကိုမင်းကျောင်းထားပေးတာ
ပညာရေးထက်တခြားကိစ္စကို ပိုစိတ်ဝင်စားသွာ
းမှာကို မင်းပူတတ်ရမယ်´

Taeyeonကရယ်သည်။

'တက္ကသိုလ်ကျောင်းသူ ကျောင်းတက်ရင်းနဲ့မှ
အဲဒီကိစ္စစိတ်မဝင်စားရင် ဘယ်အချိန်သွားစိတ်
ဝင်စားမလဲ မင်းတို့ငါတို့Sicaတို့လို ဖြစ်သွား
မှာပေါ့´

Sooyoungကနဖူးကို လက်ဝါးနှင့်ရိုက်သည်။

'OMG မင်းကဘဘောတူနေတာလား´

'သဘောတူတယ်လည်းမရှိဘူး မတူဘူးလည်း
မရှိပါဘူး ကလေကချေနဲ့တွေ့တာ လူမျိုးခြားနဲ့
တွေ့တာထက်စာရင် တော်တယ်ပြောရမှာပဲ
သိရသလောက်တော့လည်း ကောင်လေးက
Fanyကိုတော်တော်တန်ဖိုးထားပုံရပါတယ် ´

Sooyongကကျွတ်ခနဲ မြည်တမ်းသည်။

'မင်းပြောနေတာ မင်းနဲ့လက်ထက်ဖို့လူကြီး
တွေကသဘောတူနေတဲ့ မင်းကလည်းသိပ်ချစ်
သိပ်တန်ဖိုးထားတဲ့ မိန်းကလေးအကြောင်းနော်´
Taeyeonကပခုံးတွန့်ပြသည်။

'ငါစိတ်ဝင်စားတာက သူစိတ်ချမ်းသာရေးပဲ သူဘယ်သူနဲ့တွေ့တွေ့ အဲဒီလူကြောင့်သူစိတ်
ချမ်းသာရမယ်ဆိုရင် ငါကြည်ဖြူတယ်´{အတ္တ
ကြီးတယ်ပြောပြော သူနဲ့ပတ်သတ်လာရင်  အဲ့လိုစိတ်ထားမျိုးဘယ်လိုမှမထားနိုင်သေးဘူး😁}

'မချမ်းသာရင်ရော´

'မချမ်းသာရင် အဲဒီမချမ်းသာတဲ့နေ့မှာ သူ
နောက်ဆုတ်လို့ရတယ်´

SoulmateWhere stories live. Discover now