ရုံးခန်းတံခါးကို ရောက်တော့အတွင်းက ပိတ်
ထားတာ တွေ့ရသည်။SooyoungSunbae သည်တစ်ခါမုန့်ဆိုင်က ပြန်ရောက်တာ စောသားပဲဟုတွေး၍ တံခါးကို
ဖွဖွခေါက်လိုက်သည်။သို့သော် တံခါးလာဖွင့်သူက Taeyeonဖြစ်နေ
သည်။'ဟင်TaeyeonSunbae ညကအိမ်ပြန်မအိပ်
ဖူးလား´Taeyeonက အနည်းငယ်မို့အမ်းနေသော မျက်လုံးကို ရှက်ကိုးရှက်ကန်းပွတ်ရင်း ရယ်
သည်။'ညကအိမ်မှာပဲ အိပ်တာပါ မနက်စောစော လုပ်စရာလေးတချို့ သတိရလို့ စောလာလိုက်
တာ ´Sicaကရုံးခန်းထဲ လှမ်းဝင်လိုက်ရင်း နာရီကို
ငုံ့ကြည့်သည်။'ခုမှ8နာရီပဲရှိသေးတယ် ဘယ်အချိန်ထဲက ရောက်နေတာလဲ´
'6နာရီခွဲလောက်ထင်တယ်´
Sicaက Taeyeonစားပွဲပေါ်မှာ ပြန့်ကျဲနေ
သော စာရွက်စာတမ်းများကို သိမ်းပေးမည်ဟု
စိတ်ကူးပြီးမှ သူ့အမှတ်အသားနဲ့သူ ရှိပါစေ
လေဟု တွေး၍ ဒီအတိုင်းထားလိုက်သည်။မီးဖိုချောင်ဘက်သို့ ဝင်သွား၍ စားပွဲပေါ်တွင်
အဆင်သင့်ရှိနေသော ရေနွေးကရားကိုယူ၍
ရေဖြည့်သည်။'Sica Coffeeဖျော်မလို့လား´
နောက်မှလိုက်လာသော Taeyeonက မေး
တော့ Sicaခေါင်းညိတ်ပြသည်။'မသောက်ရသေးဘူး မဟုတ်လား´
'အင်း´
'မနက်စာရော´
'မုန့်ပုံးဖောက်လိုက်တယ်´
Sicaကနှာခေါင်းရှုံ့သည်။
'အဲဒီ အခြောက်အခြမ်းကလေးတွေနဲ့ ဘယ်
လိုလုပ် ဝမှာလဲ ဒီနားမှာ ပဲခေါက်ဆွဲသွားဝယ်
ပေးရမလား´Taeyeonက မီးဖိုချောင်း အဝင်တံခါးဝကို ဘေးတိုက်မှီ၍ မျက်နှာကိုလက်ဝါးနှစ်ဖက်နှင့်
သပ်ချရင်းက ရယ်သည်။'Sicaက စာရင်းကိုင်လေ အဲဒါက အတွင်း
ရေးမှူးမကလေး လုပ်ရမှာ´'ဘယ်က အတွင်းရေးမှူးမကလေး ရှိလို့လဲ´
Taeyeonက ရယ်ပြန်သည်။
'ကပ်စေးနှဲပြီး မခန့်ထားတာလေမှတ်လောက်
သားလောက် ရှိအောင်ပစ်ထားရတယ် လိုက်
လိုက်ဂရုစိုက်မနေနဲ့´