Computer monitorပေါ်မှ ကျားကြီးပြေး
ထွက်လာပြီး မာန်ဖီနေပုံကိုငေးကြည့်နေသော
Tiffanyကို ဈေးဝယ်လူအုပ်ကြီးက ဘယ်မှ
တစ်လှည့် ညာမှတစ်လှည့် ဥဒဟိုရှောင်ကွင်း
၍ သွားနေရသည်။ပိတ်ရက်မို့ ကုန်တိုက်မှာစည်ကားနေသည်။
ပေါင်1ထောင်တဲ့ ပေါင်1ထောင်ဆိုရင် Korea
ငွေဘယ်လောက်ရှိမလဲ မသိဘူးနော်Yoong´Yoongကပြုံး၍ စင်ပေါ်မှာတင်ထားသော UK
စွယ်စုံကျမ်းစာအုပ်ကြီးကို လှမ်းပြသည်။'ဝမ်5သိန်းလောက်ပေါ့ဟာ အဲဒါဝယ်လည်း နင်အဲသလောက် ပေးရမှာပဲ Computerဝယ်
ရင်တော့ အဲသည်စွယ်စုံကျမ်းဆိုတာ နင်ထည့်
လို့ရတဲ့ စာအုပ်တွေထဲက 1ခုပဲဖြစ်သွားပြီ Computerသာ ယူလိုက်´Fanyမျက်နှာတွေဝေသွားသည်။
'Oppaကို သနားတယ်ဟ 5သိန်းဆိုတာသူ
အကြာကြီး ပင်ပင်ပန်းပန်းရှာချင်ရှာနေရမှာ´Yoongကရယ်သည်။
'နင်မေးကြည့် နင့်အစ်ကို1စက္ကန့်တောင် မစဉ်းစားစေရဘူး ဒက်ခနဲဝယ်ပေးမှာ ´
Fanyကလှည့်ကြည့်သည်။
'နင်ကဘာလို့ ပြောနိုင်ရတာလဲ´
Yoongပခုံးတွန့်ပြသည်။
'ငါဆိုလည်း အဲသလိုပဲလုပ်မှာမို့လို့ပေါ့ အခုငါ
က မိဘပိုက်ဆံလက်ဝါးဖြန့်နေရတုန်းမို့လို့ပေါ့
နင့်အစ်ကိုနဲ့ ငါနဲ့ နင့်ကိုချစ်တာ တစ်ပုံစံတည်း
ပဲ´Fanyကမျက်စောင်းထိုးသည်။
'နင့်စကားက ဘာစကားလဲ Oppaကငါ့ကို
ညီမလေးအရင်းလိုချစ်တာ နင်ကသူငယ်ချင်း
လေ´Yoongကရယ်၍ ခေါင်းကုတ်သည်။
'ငါအဲဒါတွေ သိပ်နားမလည်ဘူး ငါကတော့
နင့်ကိုသိပ်ချစ်တော့ မျက်စိအောက်ကလည်း
အပျောက်မခံနိုင်ဘူး မျက်စိအောက်မှာလည်း
မျက်နှာညိုတာ မမြင်ချင်ဘူး ညီမလေးတွေ
သူငယ်ချင်းတွေ အဲသလိုတော့ မခွဲတတ်ပါဘူး
သူလည်း အဲသလိုပဲဖြစ်ချင်ဖြစ်မှာပေါ့´Fanyနှလုံးခုန်မမှန်ချင်သလို ဖြစ်သွားသည်။
လူအုပ်ထဲကတိုး၍ ဆိုင်ပြင်ကိုထွက်လာရင်း
Yoongအကြည့်ကို ရှောင်လွှဲမိသည်။Yoong
ကတော့ တိုးဝှေ့၍လိုက်လာသည်။