Sicaရုံးခန်းနံရံတွင် ချိတ်ဆွဲထားသော ပန်းချီ
ကားကို လှမ်းငေးနေမိသည်။မြစ်ကမ်းဘေးမှာ
မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေပုံ။
ကြည့်သူဘက်ကို ကျောခိုင်းနေသဖြင့် မျက်နှာ
ကို မမြင်ရ။photoလိုမျိုး ပုံတူဆွဲထားခြင်းမျိုးမဟုတ်။Lineတွေကထင်ရှားသည်။အရောင်တွေက ပြတ်သားသည်။ထူးခြားတာတော့ အမှန်။
Taeyeonရုံးခန်းထဲ ဝင်လာသည်။Sicaငေး
ကြည့်နေတာကို မြင်တော့ပန်းချီကားဘက်ကို
လှည့်ကြည့်သည် ပြီးတော့ ပြုံးပြသည်။'Fanyကို ပန်းချီပြခန်းလိုက်ပြတော့ သူဝယ်
ခိုင်းတဲ့ ပန်းချီကားလေ ဘယ်မှာထားရမှန်း
မသိတော့ ရုံးခန်းထဲချိတ်ထားတာ Sicaက
သဘောကျလို့လား´Sicaဖြည်းညင်းစွာ ခေါင်းခါပြသည်။
ဟုတ်ပါ့။
Fanyကလေးပြန်သွားတာ 3လလောက်ရှိနေ
ပြီပဲ TaeyeonSunbaeတစ်ယောက် တွေး
ရင်းသတိရလာသဖြင့် သိမ်းထားသော ပန်းချီ
ကားကို ထုတ်၍ချိတ်ဟန်တူသည်။'ကောင်းပါတယ် Fanyကဝယ်ပြီး ဘာလို့ယူ
မသွားတာလဲ´Taeyeonကပခုံးတွန့်ပြသည်။
'သူလိုချင်လို့ မဟုတ်ဘူး တို့ကိုဝယ်ခိုင်းတာ
Oppaနောင်တမရစေရဘူးတဲ့ တို့လည်း နား
မလည်ဘူး´'Sunbae ဘယ်လောက်ပေးခဲ့ရလဲ´
Taeyeonဈေးပြောပြတော့ Sicaခေါင်းတ
ဆတ်ဆတ်ညိတ်သည်။'Sunbaeကို Fanyကနိုင်ငံခြားမှာ ပညာကြိုး
ကြိုးစားစား သင်ထားကြောင်းသက်သေပြသွား
တာ အဲဒါဆရာLeeSo ပန်းချီကားမဟုတ်လာ
း´Taeyeonမျက်ခုံးပင့်သွားသည်။
'Sicaကသိတယ်´
'အခုပန်းချီပြခန်းတွေ နိုင်ငံခြားရောင်းတာတွေ
ဖွင့်ပေးတော့ နိုင်ငံခြားကပန်းချီကုန်သည်တွေ
ဝင်ဝင်လာနေတယ် လက်ရှိပန်းချီဆရာတွေထဲ
မှာ နိုင်ငံခြားဈေးကွက်မှာ နာမည်ကြီးသွားတဲ့
လူတွေရှိတယ် ဆရာLeeSoတို့ ဆရာPark
Jinတို့လို လူတွေပေါ့ Sunbaeဆီမှာ ဒီပန်း
ချီကားရှိနေမှန်း သိနေရင် နိုင်ငံခြားသားတွေ
ရောက်လာပြီး ဒေါ်လာအများကြီးပေးဝယ်ကြ
လိမ့်မယ် Fanyကဒါကြောင့် Oppaနောင်တမ
ရစေရဘူးလို့ ပြောတာ´Taeyeonမျက်မှောင်ကြုတ်၍ တွေဝေစဉ်းစား
နေသည် ပြီးမှတိုးတိုးပြောသည်။'Fanyက စကားပြောတာသိပ်လူကြီးဆန်လာ
တယ် တချို့စကားတွေဆိုရင် တို့တောင်သိပ်
နားမလည်တော့ဘူး´'Nae´
Taeyeonနေရာမှ ထရင်းက ပြုံးသည်။
'ကဲပါ Sicaရယ်အတော်ပဲ Sicaကိုတိုင်ပင်
ချင်တာ ဒီနားမှာCoffeeဆိုင်အသစ်ဖွင့်တာ
သိပ်သပ်ရပ်တာပဲ သွားသောက်ရင်းစကားပြော
ရအောင်´Sicaခေါင်းညိတ်၍ နေရာမှထသည်။
°
'အဲဒါပဲSicaရဲ့ သူကပြီးတော့ပိတ်ပြောသေး
တယ် Yoongကိုအကဲခတ်မနေနဲ့တဲ့ Fanyသူ့
ကို ဘယ်တော့မှမချစ်ဘူးတဲ့ SicaUnnieလို
Single Ladyလုပ်မှာလို့တောင် ပြောသေး
တယ်´Sicaတွေဝေစဉ်းစားရင်းက ပြုံး၍သူ့ရှေ့က
ကော်ဖီခွက်ကို မွှေနှောက်နေသည်။'Sunbaeကဘာမှ မပြောလိုက်ဘူးလား´
Taeyeonခေါင်းခါပြသည်။Sicaက တိတ်
ဆိတ်စွာပင် ကော်ဖီခွက်ကို ဆက်မွှေနေသည်'ဒါဆိုSunbaeကတကယ်ပဲ Yoongကိုသိနေ
တာပေါ့´Taeyeonပါးစပ်အဟောင်းသား ဖြစ်သွားသည်။
'Sicaဘယ်လိုလုပ်သိတာလဲ´
Sicaခေါင်းခါပြသည်။
မသိပါဘူး ထင်တာပါ အခုကFanyလည်း အဲ့
လိုပဲ ထင်နေတယ်တူတယ် အဲဒါကြောင့် ဒီလို
စကားပြောတာပေါ့´'UKမှာတို့ကူညီထားဖူးတဲ့ လူငယ်ကလေး
တချို့ရှိတယ် Fanyနဲ့တော့ မိတ်ဆတ်ပေးမ
ထားဘူး အဝေးကနေစောင့်ရှောက်ခိုင်းထားတဲ့
သဘောပဲ သူတို့ကFanyနဲ့Yoong စခင်က
တည်းကသိကြတယ် တို့လည်းစိတ်ပူလို့ နည်း
နည်းစုံစမ်းကြည့်တော့ ကောင်လေးက လူကောင်းကလေး ဖြစ်နေတယ် အဲဒါနဲ့ပဲ Fanyနဲ့သင့်တော် မသင့်တော်လေ့လာကြည့်
နေတာ Fanyကစိတ်မဝင်စားဘူးဆိုရင် အရေးမကြီးပါဘူး ဒါပေမယ့်လူငယ်တွေဆို
တော့ အခုစိတ်မဝင်စားလည်း နောက်စိတ်ဝင်
စားသွားနိုင်တာပဲလေ´Sicaကတိုးတိုးရယ်သည်။
'Sunbaeရယ် အလိုက်တာ´
''Wae Sica´
'Fanyက Sunbaeကိုပဲချစ်တာ တခြားဘယ်
သူ့မှ စိတ်မဝင်စားနိုင်ဘူးလို့ ပြောထည့်သွား
တာ အဲဒါကိုမရိပ်မိလိုက်ဘူး Fanyလေးမပြန်
ခင်ဘဲ Sicaကိုတိုင်ပင်ပါဦးတော့ ခုတော့
သွားပြီ´Taeyeonပါးစပ် အဟောင်းသား ဖြစ်သွားပါ
သည်။•