Jejuကပြန်လာကတည်းက Taeyeonသိသိ
သာသာယောင်ချာချာ ဖြစ်နေသည်ကို Sica
သတိထားမိသည်။Fanyသွားတော့မှာဆိုပြီး ဝမ်းနည်းနေတယ်
ထင်ပါရဲ့ဟု တွေးမိသည်။Sooyoungနှင့်Sicaပြသော အလုပ်ကိစ္စများ
ကိုလည်း အင်းမလုပ်အဲမလုပ် ခေါင်းသာညိတ်
ပြသည်။တစ်ခုပဲငြင်းသည်။
'အဲဒါတော့ Noသာပြောလိုက်ကွာ´
Sooyoungက သိပ်မကျေနပ်။
'အဲဒါက ခွင်အကြီးကြီးကွ ပြီးတော့Koreaမှာ
ကွန်ဒိုမီနီယမ်တွေ စဆောက်ဖို့ဆိုတာ မင်းတစ်ချိန်လုံး စိတ်ကူးယဉ်ခဲ့တဲ့အိမ်မက် မဟုတ်လား´'ငါသိတယ် ဒါပေမယ့်ဒါက သူများအကြီးကြီး
ထဲမှာ ကိုယ်ကဝင်ပါရမှာ ဘာမှဆုံးဖြတ်ပိုင်ခွင့်
မရှိဘူး Sleeping Partnerဆိုတာ တတ်နိုင်ရင် မလုပ်တာအကောင်းဆုံးပဲ´Sooyoungက သိပ်မကျေနပ်သေး။
'ကြိုပွိုင့်က အပြည့်ယူမှာကွ ရှုံးစရာတော့ သိပ်အကြောင်းမရှိဘူး´
'ကိုယ်ကမရှုံးဘူး ကြိုပွိုင့်သမားကရှုံးသွားနိုင်
တယ် အခန်းလွတ်တွေက ငွေမဝင်လို့လုပ်ရင်း
တန်းလန်း ရပ်သွားတာ ကြာသွားတာရှိရင် သူတို့နာမယ် သူတို့နာရင်ငါလည်း နာမည်
ပျက်တဲ့အထဲ ရောပါမယ် ရှောင်တာကောင်းပါ
တယ်ကွာ´Sooyoungကခေါင်းခါသည်။
'အိမ်ဈေး မြေဈေး တိုက်ခန်းဈေးငါတို့ စလုပ်
ကတည်းက ကျတာဘယ်နှခါတွေ့ဖူးလဲ မင်း
ငါ့ကိုအနည်းဆုံး နှစ်ဆပြန်မြတ်စေရမယ်လို့
လောင်းကြေးထားခဲ့တဲ့ တိုက်ခန်းတောင် အဆများစွာမြတ်လို့ တို့ဒီရုံးခန်းကျယ်ကို ရွှေ့လာနိုင်ခဲ့ပြီ မဟုတ်လား ဒီတစ်ခါကျမှ မင်း
က ဘာလို့တွေဝေရတာလဲ´Taeyeonက ဖွဖွရယ်၍ဆံပင်ထဲသို့ လက်နှစ်
ဖက်ထိုးထည့်၍ သပ်တင်သည်။'တက်နေတဲ့ မျဉ်းကြောင်းပြန်မကျဘူးလို့ ဘယ်တော့မှမရှိဘူး ငါလေ့လာပြီးပြီ India
မှာဖြစ်ဖူးတယ် Indiaကမြေတစ်ပေပတ်
လည်တန်ဖိုးက NewYorkထက်များသွား
အောင်ကို တက်တာ တက်ရင်းနဲ့နောက်တော့
ဘာဖြစ်လဲ over saturatedပြည့်လျှံသွား
တာ ပြန်ပြုတ်ကျတာပဲ လူတွေအများကြီး အထိနာသွားတယ် မင်းပြတဲ့ကိစ္စက အနည်း
ဆုံး 3နှစ်ကြာမယ် ဒီကိစ္စမပြီးခင် Indiaလို
သာဖြစ်ရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ အထိနာတဲ့အထဲ ပါသွားမယ် ငါ့အမြင်တော့
တို့လုပ်ငန်းရဲ့ သဘောကလောလောဆယ် အချီကြီးတွေ ခဏရှောင်သင့်တယ် ထင်တယ်´
Sooyoungကပခုံးတွန့်ပြသည်။'ငါတော့မင်းလို မတွက်တတ်ပေါင် အချီကြီး
ရှောင်တော့ အရနည်းရင် ငါနဲ့Sicaနဲ့က ဘာမှပြသနာမရှိဘူး မင်းကညီမနိုင်ငံခြား ကျောင်းစရိတ်ရှာရမယ့်သူ အဲဒါပဲစဉ်းစား´Taeyeonခဏတွေဝေသွားပြီးမှ ရယ်သည်။
'ရှိဥစ္စာ မရှိဝမ်းစာတဲ့ ငါပိုတဲ့တိုက်ခန်းကလေး
တွေပြန်ထုတ်ရုံပေါ့ကွာ အိမ်လည်းFanyသွား
ပြီးရင် ထုတ်လိုက်တော့မယ်´'ဟ ဌားရာကနေ ဝယ်လိုက်တာမှ မကြာသေးဘူး မင်းဘယ်သွားနေမလို့လဲ ´
Taeyeonက လက်ဝှေ့ယမ်းပြသည်။
'ဒီမှာပေါ့ကွ အပေါ်ထပ်တစ်ထပ်လုံး လွတ်နေတာ မင်း1ယောက်တည်းပျင်းမှာစိုးလို့
ငါပါလာနေပေးမလို့´Sicaကြိတ်ပြုံးမိသည်။
ဒါဆိုရင်တော့ TaeyeonSunbaeနေ့တိုင်း
ညဥ့်နက်အောင်အလုပ်လုပ်မှာ သေချာလှ
သည်။သို့သော်နောက်တစ်နေ့ အိမ်ကထလာ
စရာမလိုသဖြင့် သိပ်အစောကြီးထဖို့ မလိုတော့။'မင်း ဒန်းကဘယ်နားသွားထားမလဲ´
Sooyoung၏ထူးဆန်းသော အမေးကြောင့်
SicaရောTaeyeonပါ Sooyoungကိုလှမ်း
ကြည့်မိကြသည်။'ဒန်းဟုတ်လား´
Sicaက ဝင်မေးမိသည်။
'ဟုတ်တယ် အိမ်ရှေ့မှာချထားတဲ့ဒန်းလေ ဒီကောင်ထားခဲ့မှာမှ မဟုတ်တာ´
Taeyeonတွေးတွေးဆဆပြုံး၍ ဖြေသည်။
'အပေါ်က ဝရန်တာကျယ်သားပဲကွာ´
°Taeyeonမှ တစ်မျိုးဖြစ်နေတာမဟုတ်။
Fanyလည်းတစ်မျိုးဖြစ်နေသည်။
ခါတိုင်းအမြဲတမ်းရွှင်လန်း တက်ကြွနေတတ်
သော Fany၏မျက်နှာကလေးက တွေးတွေး
ငေးငေးဖြစ်နေသည်။တကယ်သွားရတော့မယ်ဆိုတော့ မသွားချင်
တော့ဘူးနဲ့ တူပါရဲ့ဟု Sicaတွေးမိသည်။'Fanyဘာတွေလိုသေးလဲ Unnieဘာလုပ်
ပေးရမလဲ´Fanyကမအိပ်ရသေးသည့် မျက်လုံးမျိုးတွေ
နှင့် Sicaကိုကြောင်တက်တက် ပြန်ငေးကြည့်နေပြီးမှ ဖြေသည်။'ရပါတယ်Unnie စုံနေပါပြီ´
မျက်လုံးကလေးတွေက ခပ်မို့မို့
ဒီကလေးမအိပ်ရတာ သက်သက်မှ ဟုတ်ရဲ့
လား ငိုများထားလားမသိဟုတွေးရင်း Sica
သက်ပြင်းချမိသည်။
ဒီFicကိုဖတ်ရတာ အဆင်ပြေကြရဲ့လားဟင်
မြန်မာဝတ္ထုကိုverပြောင်းပြီးရေးနေတာလဲဖြစ်
sisကိုယ်တိုင်က koreaစကားလုံးတွေကို
သိပ်မကျွမ်းတော့TaeNyverမဖြစ်ဘဲ ဖတ်ရတာတစ်မျိုးဖြစ်နေရင် အဆင်မပြေဘူးဆို ဆက်မရေးတော့ဘူးလို့ စဉ်းစားထားလို့ပါ☺