ခြေထောက်နှစ်ဖက်က စည်းချက်ညီညီရွေ့လျားသယ်ဆောင်နေသည့်နောက်ကို သူ့ခန္ဓာကိုယ်က ပျော့ပျောင်းယိမ်းနွဲ့ စွာလိုက်ပါလျက်. . .
ခြေထောက် လက် ခေါင်း ခန္ဓာကိုယ်တစ်ခုလုံးကိုအသုံးချ
ကာ သူ့အသိစိတ်အားလုံးကို ဂီတသံစဉ်တွင်နစ်မြှုပ်စေပြီး ကကွက်များကို လှပစွာ ဖန်တီးထုတ်လွှတ်နေခဲ့သည်။ခပ်ပျော့ပျော့သူ့ဆံနွယ်တွေကို လွင့်ခါသွားတဲ့ထိ သူကခုန်လိုက်တိုင်း.ကြည့်နေရသူတို့အဖို့ကနေတာနဲ့မတူ
မိုးပေါ်ကို ပျံသန်းရန်တောင်ပံလေးတကြွကြွအားယူနေသလိုမျိုး ။တနည်းအားဖြင့် ရေကြည်ကြည်မှာ သဘာဝအတိုင်းပျော်ပါးမြူးတူးနေတဲ့ ရွှေရောင်ငါးကလေးတကောင်ကိုထိုင်ကြည့်နေရသလို. .
လေဟုန်စီးနေတဲ့ ငှက်လှလှလေးတကောင်ကိုမြင်တွေ့နေ
ရသလိုအသဲတလှပ်လှပ် ရင်တဖိုဖို ယောကျာ်းမိန်းမမရွေးရယူပိုင်ဆိုင်လိုစိတ်တွေတဖွားဖွားပေါ်ပေါက်လာအောင် စွဲမက်ဖွယ် ချောမောတင့်တယ်လွန်းတဲ့ ကောင်ငယ်လေးတစ်ယောက်
'' lead နေရာက ကနေတဲ့ကောင်လေးကဘယ်သူလဲ''
သူ့ရဲ့ကကွက်တိုင်းကို ပါးစပ်အဟောင်းသား အားမလို
အားမရနဲ့ ကြည့်ငေးနေခဲ့တဲ့လူတယောက်ကလွှတ်ကနဲ
မေးမိပြီးမှ ခပ်ရှက်ရှက်နဲ့ ဘေးကိုလှည့်ကြည့်သည်။'' အဲ့ဒါလေ Dean တဲ့ Atlantic ရဲ့ leader ပေါ့. . ''
သူ့နည်းတူ ဘေးမှခုန်ပေါက်ကာ လိုက်ကနေသူတယောက်
က အားရပါးရဝင်ဖြေပေးသည် ။'' Dean တဲ့လား . . .''
မေးသူကခပ်တိုးတိုးရေရွတ်ရင်း နောက်ထပ် ကနေသော
ကောင်လေးဆီမှာ အကြည့်တွေတွယ်ညိရင်းငြိမ်သက်
သွားပြန်သည်အဆုံးသတ်တီးလုံးနဲ့အတူ ရှိသမျှသောအားအင်တွေကို
ထုတ်ကာ သူအကနှုန်းကိုအမြင့်ဆုံးရောက်အောင်
မြှင့်တင်လိုက်သည်လှောင်အိမ်ထဲမှလွတ်မြောက်လာသူတယောက်ရဲ့
ခံစားချက်မျိုးနဲ့. .နောက်ဆုံးကကွက်အပြီး သူချက်ချင်းပြန်မထနိုင်
မောပန်းနွမ်းလျှစွာ စင်ပေါ်
မှာဒူးထောက်လျက်သားငြိမ်သက်နေမိသည်
YOU ARE READING
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်