မသိမသာညိုချင်နေတဲ့မျက်ကွင်းတွေနဲ့
ဖြူ ဖျော့ဖျော့ မျက်နှာ . . .ကြည့်ရတာဘယ်လိုမှကိုအားရချင်စရာမကောင်း. .
အဝတ်လဲနေတာကို ပြီးအောင်စောင့်နေပြီးမှ
သူအခန်းထဲကိုဝင်လာခဲ့သည်'' ဒီနေ့သင်တန်းကိုငါနဲ့လွှဲပါလား Hanလေး
ငါအားနေတာကို. . ''Hanလေး မှန်ထဲကနေတဆင့်သူ့ကိုမျက်လွှာပင့်ကာ
ကြည့်သည်'' ဘာဖြစ်လို့လဲ. . ''
'' ဘာဖြစ်လို့မှမဟုတ်ဘူး မင်းကိုနားစေချင်လို့. . ''
မျက်လွှာပြန်ချသွားရင်း Hanလေး ပြုံးသည်
'' ဘာလို့နားရမှာလဲ ငါကဘာမှဖြစ်နေတာလဲမဟုတ်ပဲနဲ့''
သိတယ် ဒီလိုပဲပြောမယ်ဆိုတာ. .
'' ဘာမှမဖြစ်ဘူးသာဆိုတယ် လူက ဖြူ ဖျော့နေတာ
နံရံနားကပ်နေရင် မင်းကိုမျက်လုံးပဲမြင်ရတော့တယ်
လေတိုက်ရင်လဲတော့မယ့်ရုပ်နဲ့ဟာကို. . ''စိတ်တိုတိုနဲ့ပြစ်ပြစ်နှစ်နှစ်ပြောချပစ်လိုက်တော့
Hanလေး ရယ်သည်'' ဘာမှမဖြစ်ပါဘူးဆို အိပ်ရေးနည်းနည်းပျက်ထားလို့ပါ
အကောင်းကြီး. .ပူမနေနဲ့ ''မျက်မှောင်ကုပ်ကုပ်ကိုမဖြေလျော့နိုင်သောသူ့အနားကို
လျောက်လာရင်း ပခုံးစွန်းကိုလက်သီးနဲ့ဖွဖွထိုးကာ'' နားချင်ရင်ပြောမယ်လေ အဲ့ကျမှ ခွင့်ယူလို့မရဘူးတွေ
ဘာတွေမလုပ်နဲ့. . ''သင်တန်းခန်းထဲဝင်သွားသော
နောက်ကျောသေးသေးလေးကိုငေးကာကျန်ခဲ့ရင်း
လေပူကြီးတချက်မှုတ်ထုတ်လိုက်မိသည်. .ကြည့်နေရင်း ကြည့်နေရင်းကို နဂိုသေးရတဲ့အထဲ
တနေ့တခြားပိန်ပါးလျားလာတဲ့လူအတူရှိနေတဲ့အချိန်လောက်သာ ဂရုစိုက်ပေးလို့ရတာမို့
မျက်စိအောက်မှာမရှိတဲ့အချိန် သူ့သဘောသူဆောင်ပြီး
အအိပ်အစားလဲမှန်မယ့်ပုံမပေါ် . . .ဒီရောက်လာတာနဲ့တချက်မှလည်းမနား. .
အလုပ်တွေအဆက်မပြတ်လုပ်ခြင်းနဲ့
သူ့စိတ်သူကုစားနေတယ်ဆိုတာသိနေပေမယ့်. .
ဘေးကနေကြည့်နေရတဲ့သူ့အတွက်တော့. .
ESTÁS LEYENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်