ချယ်ရီပင်တန်းလမ်း. .
ဘေးနှစ်ဖက်မှာ အပွင့်တို့ခဲခဲအုပ်နေသည့် ချယ်ရီပင်တို့က တမျှော်တခေါ် ။ အလယ်မှာက အုတ်နီတို့ကို လှလှပပအကွက်ဖော်ထားသည့် လျောက်လမ်း ။
အိမ်ကထွက်ကထဲက မြူ ခိုးဝေချင်နေသည်ကို သတိထားမိသည် ။ယခုပိုသိပ်သည်းလာဟန်တူ၏ ။ လမ်းအဆုံးကိုမျှော်မရ ။
လက်လှမ်းမှီရာ ချယ်ရီတစ်ကိုင်းကို အသာအယာတို့ထိမိသည် ။အညှာမခိုင်သော အပွင့်တချို့က တဖြုတ်ဖြုတ်ကြွေလေသည် ။
လေမှာလွင့်လာသော ပွင့်လွှာကိုဖမ်းယူမိသည် ။ တရှိုက်ရှိုက်မွှေးကြူကြည့်မိ၏။ ရနံ့သင်းသင်းလေးကိုရသည် ။
အရင်ကသူတက်ခဲ့သောကျောင်းနားမှာလည်း ချယ်ရီလမ်းလေးရှိသည် ။ ဒီလောက်တော့အပင်မများအပွင့်မဝေ ။
ကျောင်းဆင်းချိန်မှာ လာကြိုတတ်သည့် ကိုကိုနဲ့ ချယ်ရီပင်တွေအောက်မှာ ချစ်ခွန်းတုံ့လှယ်ခဲ့ဖူးတာသတိရသည် ။သူ့
ကိုအမျိုးမျိုး ရင်ခုန်အောင်ကိုကိုပြုစားခဲ့သည့် အချိန်တွေ ။တစ်သက်မှာတစ်ခါသာချစ်ဖူးသည့်အချစ် ။ ဆယ်ကျော်သက်အရွယ်၏ ပထမဆုံးအချစ်ဟုဆိုနိုင်သလို ဘဝတစ်ခုစာမက ရည်ရွယ်ခဲ့သောအချစ် ။
တစုံတရာကို မျှော်လင့်ကိုးစားခြင်းဆိုတာမျိုးမပါဝင်ပဲ အရိုးရှင်းဆုံးချစ်ခဲ့သည် ။
နှလုံးသားတစ်ခုရဲ့စကားသံကိုသာနာခံပြီး ပိုင်ဆိုင်မျှကိုပေးအပ်ခဲ့သည် ။ ကိုကို့ကိုချစ်ခဲ့သည့် အချစ်က မာယာတွေကင်းပါသည် ။
ပြန်တွေးကြည့်ရင် စတွေ့ခဲ့သည့်နေကစ ယနေ့ထိတိုင် အချစ်ရက်စွဲများက ဒိုင်ယာရီ တစ်အုပ်ရဲ့စာမျက်နှာတွေလို အစီအရီပြန်မြင်ယောင်နိုင်ဆဲ ။
အသေးဖွဲဆုံး ကိစ္စရပ်လေးတွေကစ ။ ကိုကိုနဲ့ပတ်သတ်သမျှအကြောင်းအရာတိုင်းကို မြတ်နိုးခြင်းနှောင်ကြိုးဖြင့်သီဖွဲ့သိမ်းဆည်းထားခဲ့မိလေသည်မို့ ။
အမှုမဲ့ကျော်ဖြတ်လာခဲ့သည်မို့ မသိသာ တကယ်တော့ အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပြီးပြီ ။
ESTÁS LEYENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်