အစကသူ့မျက်လုံးတွေကိုပိတ်ထားမိတယ်လို့
ထင်နေတာ
မျက်တောင်နှစ်ချက်သုံးချက်ဆင့်ခတ်ပစ်လိုက်တော့မှ
မျက်လုံးတွေဖွင့်ထားပါရက်
မမြင်ရတာဆိုတာကိုသူသိသွားသည်ဘာတွေလဲ. . ဒါ. .
အမြင်အာရုံကို ပိတ်ဖုံးနေလေသည့်
အဖြူ ရောင်အခိုးအငွေ့များ. .သူ လက်ဖဝါးတဖက်ကို မျက်နှာရှေ့မှာထောင်ကြည့်
လိုက်သည်. .မမြင်ရပါလား . .
သိပ်သည်းထူထပ်လွန်းသော မြူ ခိုးတို့ကြောင့်ပဲလား. .သူကြောက်ရွံ့လာသည်
ဘာကိုမှ မသိမြင်နိုင်သည့်ဒီနေရာ. .ရှေ့ကိုလည်းမမြင်နိုင်
လမ်းကိုလည်းမတွေ့ရ
ဘယ်ရောက်နေမှန်းလည်းမသိ. .ဆက်ပြီးရပ်မနေဝံ့တော့တာမို့
သူရှေ့တိုးဖို့ကြိုးစားသည် . .
ခြေလှမ်းကိုတလှမ်းချင်းဖြည်းဖြည်းလှမ်းကာ
လမ်းစကိုစမ်းတဝါးဝါးရှာဖွေနေဆဲ. .အား. .
ရုတ်တရက်သူ့ခြေထောက်တစ်ဖက်က
လေဟာနယ်ထဲကိုကျရောက်သွားတာမို့
ထိတ်လန့်တကြားနောက်ကိုပြန်ဆုတ်လိုက်မိသည်. .ဖြည်းဖြည်းချင်း လျော့ပါးသွားသည့်
အဖြူ ရောင်အခိုးအငွေ့များ နောက်ကွယ်မှာ. .ကွဲကွဲပြားပြားမြင်နိုင်လာတော့မှ
သူပိုပြီးထိတ်လန့်သွားခဲ့ရကာ
နောက်ကို ထပ်ဆုတ်လိုက်မိသည်. .ချောက်. .
သူ့ရှေ့မှာချောက်ကမ်းပါးကြီးတစ်ခုရှိနေသည်. .
အဆုံးကိုမမြင်နိုင်သော
နက်ရှိုင်းမှောင်မိုက်သည့် ချောက်ကမ်းပါးကြီး. .ခြေတလှမ်းလောက်မှားလိုက်မိတာနဲ့
သူဘယ်တော့မှပြန်တက်လာနိုင်တော့မှာမဟုတ်သည့်
ချောက်နက်နက်. .ကြောက်ရွံ့သွေးပျက်နေမိစဉ်မှာ. .
ရယ်သံတချို့ကိုကြားလိုက်ရသည်မို့
သူ ဝမ်းသာသွားမိသည်လူ. .
တယောက်ယောက်. .
သက်ရှိတယောက်ယောက်ဒီနားမှာရှိနေတယ်. .လှမ်းမျှော်ကြည့်လိုက်မိတော့
ချောက်ရဲ့တဖက်ကမ်းမှာလူတယောက်
![](https://img.wattpad.com/cover/95283805-288-k81959.jpg)
YOU ARE READING
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်