ကားဘီးတာရာနှင့် ကတ္တရာလမ်း ပွတ်ဆွဲသံက ကျယ်ကနဲဆူသွားသည် ။ နောက်ကားတွေရဲ့ဆက်တိုက် ဘရိတ်ဆွဲသံ. . တတီတီမြည်လာသော ဟွန်းသံတို့က အာရုံထဲရောထွေးနေ၏ ။ဘေးမှန်သို့အပြေးအလွှားကြည့်မိသည် ။ မတွေ့. .။ မယုံနိုင်သေးကားပြတင်းမှခေါင်းထုတ်ကာ အနောက်သို့မျှော်သည် ။
စိတ်ထင်လေလား. .။ ဟင့်အင်း. . .။သေချာပေါက်. . . သူတခုခုကိုတွေ့ခဲ့သည် ။
ဒီခရီးကိုဒီလမ်းမှဖြတ်သွားဖြစ်သည့်အခါတိုင်း. . အမှတ်ထင်ထင်ငဲ့စောင်းမကြည့်ပဲမနေနိုင်ခဲ့လေသည့်လမ်း. . ။ နာနာကျည်းကျည်းနဲ့ပင် လွမ်းမောတသရပါလေသည့်လမ်း ။
ချယ်ရီတွေပွင့်သည့်အချိန်ကိုတပတ်လည်ပြန်လေတော့ ရင်မှဝေဒနာက အပူဆတိုးသည် ။ ဒီကြားကပင် တပတ်
သုံးလေးရက်ပင်တိုးကာ ဖြတ်သွားနေမိသေးသည်က ဘယ်လိုကိုယ့်ဒုက္ခကိုယ်ရှာသည့် အမှုရယ်သူမရှင်းပြတတ်တော့ပါ ။ဒီနေ့လည်းရုံးပြန်ချိန် မကြုံသည့်လမ်းကို ကွေ့ပတ်ကာ တမင်ပင်ဖြတ်လာခဲ့ပြီးမှ. . ။ အမှတ်ရယ်မထင် တွေ့လိုက်မိသည့် အရိပ်တစ်ခုက. . . Hanလေး များလားရယ်လို့. .။ သူ. . ပြန်လာတာလား?။ ရင်တထိတ်ထိတ်ခုန်ဆဲ. . ။
သို့သော်လည်း. . ။ ချယ်ရီပင်တန်းနှင့် အုတ်နီလမ်းမှလွဲ လူသူအရိပ်အယောင်မမြင်ရလေသောအခါ. . ။ သံပြိုင်ဟွန်းတို့ဖြင့်ဆန္ဒပြနေပြီဖြစ်သော နောက်ကားတို့အတွက် သူစိတ်ကိုလျော့ချလိုက်ရပါ၏ ။
အသိစိတ်နှင့် အာရုံကားလူနှင့်အတူစည်းဝါးမကိုက်ခဲ့ ။ ချယ်ရီလမ်းတွင် တဝေ့လည်လည်ကျန်နေခဲ့တော့သည် ။
Hanလေး. . .
ကိုယ့်. . ထင်ယောင်ထင်မှားမှုသက်သက်လေလားကွာ. . ။
<<<<>>>>
တံခါးဝမှာရပ်ကာဖိနပ်ချွတ်နေသည်ကို Jong In ကအနားကလာစောင့်နေသည် ။
'' ဘယ်သွားတာလဲ. .မှောင်နေကာမှ ''
ကမ်းပေးသော နို့ခွက်ကိုယူကာ မော့ချရင်း . .။
'' ဒီနားတင်ပါ လမ်းလျောက်ချင်လို့. . ဒါနဲ့ ဒီမှာ. .ချယ်ရီတွေတောင်ပွင့်နေပြီနော် . . ''
VOCÊ ESTÁ LENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်