အဖြူ ထည်ဖန်ခွက်အတွင်းမှ ပယင်းညိုရောင်အရည်တို့ထဲ
မြုပ်တချီပေါ်တလှည့် ရေခဲထု. . ။မနစ်မြုပ်စေရန်ရုန်းကန်နေလေသလားမသိ. . ။ အမြင်တွင်
အရာရာသည် အလင်းစက်ကွင်းများ ဝန်းရံလျက် ဝေဝါးနေသည် ။ သူ. . .မူးနေပြီလား. . ။တဝက်ကျိုးလု ပယင်းရည်ပုလင်းက သူ့အချိန်အဆကိုဖော်ပြနေလေသော်လည်း သူမရပ်တန့်ချင်သေးပါ. . ။
'' ကိုယ့်အတွက်ပါလို့ဆင်ခြေမပေးနဲ့. . တကယ်ပဲကိုယ့်အတွက်စဉ်းစားရင်ထွက်မသွားပါနဲ့လို့. . ကိုယ်ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါမှန်းမသိအောင်ကို တောင်းပန်ခဲ့တာပဲ. .''
'' ထွက်သွားတော့မယ်လို့ မင်းပြောခဲ့တုန်းက ဖုန်းရဲ့တဖက်မှာ မင်းမမြင်နိုင်တာသိသိနဲ့ကို ငါဒူးထောက်ပြီးအကြိမ်ကြိမ်တောင်းပန်နေခဲ့တယ် . . မထားခဲ့ပါနဲ့ဆိုပြီး. .''
ဒေါသနှင့် နာကျင်ခြင်းမှလွဲ၍ သူမသိ. . ။ ထပ်တူနာကျင်စေလိုသောဆန္ဒဖြင့် အညှိုးတကြီး တိုက်ခိုက်နေခဲ့မိသည်ထင်
ပါသည် ။'' မင်းဆီကပြန်လိုချင်တာဆိုလို့. . ကိုယ့်လက်ကိုယုံယုံကြည်ကြည်တွဲပြီး ကိုယ့်နောက်ကိုလိုက်ခဲ့ဖို့တစ်ခုပဲ. . ''
'' ဒါပေမယ့် မင်းကကိုယ့်ကိုမယုံခဲ့ဘူးလေ. . ''
ဖြေရှင်းလိုဟန် နှုတ်ခမ်းပါးလွှာတို့ လှုပ်ခတ်နေခဲ့သော်လည်း သူကအခွင့်မပေးခဲ့ ။ အသနားခံမျက်ဝန်းတို့ကိုလည်းလျစ်လျူ ရှုပစ်ခဲ့သည် ။
'' ဘာမှမရှိတဲ့ကောင်ဖြစ်သွားမှာမင်းကစိုးရိမ်တယ်ပေါ့ ဘာလို့လဲ. . . လက်ဗလာနဲ့လူချည်းသက်သက် oh sehun ဆိုရင် မင်းကမချစ်နိုင်ဘူးပေါ့ ဟုတ်လား. .''
'' မဟုတ်ဘူး. . ကိုကို. . အဲ့လို. .မဟုတ်. .''
'' မထိနဲ့ ငါ့ကို. .''
မရဲတရဲ ရွယ်လာသောလက်ဖဝါးနုကိုပင် ရိုက်ဖယ်ထုတ်
ပစ်ခဲ့မိသေးသည်ထင်၏ ။ သူ. . ပုဏ္ဏကဘီလူးများစီးဝင်ခဲ့
ရော့လေလား. . ။'' မင်းကိုယ်တိုင်တောင်းဆိုခဲ့တဲ့လွတ်လပ်ခွင့်နဲ့ မင်းခြေထောက်နဲ့မင်းလျောက်ခဲ့တဲ့လမ်းပဲ. . . ''
''. . ဘယ်တော့မှ. . ပြန်မလာနဲ့. . Han. .''
.
.
YOU ARE READING
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်