- 14 -

4.7K 488 19
                                    

ကျောပိုးအိတ်ထဲသို့ နောက်ဆုံးအနေနဲ့ ကျန်နေသည့်အထုပ်ကို ထည့်သည် ။ ပန်းစက္ကူနဲ့လှလှပပထုပ်ပိုးထားသော
ဗူးငယ်လေး ။တခြားပစ္စည်းတွေကြားထဲမထိခိုက်မပိပြားရ
လေအောင်ဂရုတစ်စိုက် ငြင်ငြင်သာသာလေးထည့်ပြီးအိတ်ကိုပိတ်သည် ။ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပြီးတာနဲ့ သူ့ပြင်ဆင်မှုပြီးဆုံးပြီ ။ကျောပိုးအိတ်ကိုကောက်
လွယ်ကာ အခန်းထဲကထွက်လာခဲ့သည်။

'' Soo လာ မနက်စာလာစား. . ''

အခန်းရှေ့ကဖြတ်မိတာနဲ့ သူ့ကိုလွတ်သွားမှာစိုးသလိုအတင်းအော်ခေါ်သည့်အဒေါ်ကြီး ။ သူပြုံးရယ်ကာ ထမင်းစား
ခန်းထဲဝင်လာခဲ့သည်။

'' လာမှာပေါ့ဗျ . . .ဘယ်လိုဖြစ်ရတာလဲ . .''

ထမင်းစားပွဲထိပ်မှာအကျအနနေရာယူပြီး ပန်းကန်တစ်ချပ်နဲ့ အဒေါ်ကြီးထည့်ပေးသမျှကိုမျှော်တလင့်လင့်စောင့်
နေသော မမဆီ လျောက်လာရင်း ပါးတစ်ဖက်ကိုရွှတ်ကနဲ
ငုံ့နမ်းလိုက်သည်။

'' မမ မုန့်ကျွေးဦး. . .''

အများကြီးထည့်ပေးရင် ဖွပလဲနေအောင်လုပ်ပစ်တတ်တဲ့
အကျင့်ကြောင့် ပန်းကန်ထဲမှာ နှစ်ခုအပြင်မထည့်ပေးထားတဲ့ ကိတ်မုန့်ကိုမမကရက်ရက်ရောရော သူ့နှုတ်ခမ်းဆီ
တေ့ပေးလာသည်။

ပေလူးနေအောင်စားထားတဲ့လက်ချောင်းတွေနဲ့ခွံ့ကျွေးတာ
ကို မက်မက်မောမောစားရင်း သူခုံမှာဝင်ထိုင်သည်။

'' Soo ကော်ဖီပဲယူမလား. . ''

'' ဟင့်အင်း နွားနို့ပဲပေး မမနဲ့အတူတူ. .''

သူမကိုပေးတဲ့စားစရာနဲ့တခုခုကွဲလွဲနေတယ်ထင်ရင်စိတ်
ဝင်စားတတ်တဲ့ မမကြောင့် သူမကြိုက်သောနွားနို့ကိုသာ
မနက်စာစားတိုင်းရွေးချယ်ဖြစ်နေခဲ့တာ ဒီအိမ်ကိုရောက်ထဲက ။

'' Soo ဒီမှာလာနေဖို့ဆုံးဖြတ်လိုက်တာ တကယ်ကျေးဇူး
တင်တယ် ကလေးရယ် မဟုတ်ရင် Eumjiကသိပ်အထီး
ကျန်တာ သူဌေးကလည်းသူ့အလုပ်နဲ့အမြဲအပြင်မှာ. .''

အမြဲအပြင်မှာဖြစ်နေရခြင်းအကြောင်းရင်းက အလုပ်ကိစ္စ
တစ်ခုထဲမဟုတ်တာကိုသိနေလဲ သူခွန်းတုံ့မပြန်ဖြစ်ပါ။
မမကိုသာ နို့တစ်ခွက်လုံးဝင်အောင်တိုက်နိုင်ဖို့အာရုံစိုက်လုံးပန်းနေမိသည်။

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Where stories live. Discover now