- 16 -

4.7K 503 9
                                    

မျက်စိရှေ့စားပွဲပေါ်ရောက်လာသည့် ဖုန်း ။ အမေးပါသော အကြည့်ဖြင့် Jong In ကိုလှည့်ကြည့်မိသည် ။ဆိုဖာပေါ်သွားထိုင်နေပြီး ခေါင်းအုံးအသေးလေးကို ပိုက်ကာ အကြည့်ချင်းတမင်ရှောင်လွှဲနေပုံက သူ့ကိုထူးဆန်းစေသည် ။

ချပေးသွားသောဖုန်း ကိုကောက်ကြည့်သည် ။ ရုတ်တရက်နားမလည်နိုင်ခြင်း ။

'' ဒါကဘာလဲ . . ''

တစုံတရာသော ဖိတ်ခေါ်ကမ်းလှမ်းထားသည့် အကြောင်းအရာဖြစ်မှန်းကို သိသည့်တိုင် သူမေးချင်တာက ဒါကိုသူ့ဆီပြချင်သည့် ရည်ရွယ်ချက်ကိုသာ. .။

ချက်ချင်းပြန်မဖြေပဲ Jong In သူ့ကိုငေးသည် ။ သူမမြင်
ဖူးသည့်အရိပ်အယောင်တို့ကို Jong In မျက်ဝန်း၌မြင်ရပါ၏ ။

'' Idol Star ရဲ့ကမ်းလှမ်းစာပဲ Hanလေး Atlantic ကိုသူတို့နဲ့လက်တွဲစေချင်တယ်တဲ့ . .''

သူဖုန်းကိုပြန်ချသည် ။ နေရာကိုပြင်ကာ တည့်တည့်လှည့်ထိုင်သည် ။ တစ်ယောက်နဲ့တစ်ယောက် ရှောင်လွှဲမရသောအနေအထားသို့ . .။

'' ငါကစာမဖတ်တတ်လို့မေးတာလား ဘာရေးထားတယ်
ဆိုတာ သိတယ် မင်းဘာလို့လာပြတာလဲလို့မေးတာ ''

'' ဘာလို့ပြတာဖြစ်ရမှာလဲ ဒီလိုပဲလေ အလုပ်ကမ်းလှမ်းလာတော့ မင်းကိုလည်းပြောပြတာ ဒါပဲပေါ့ ''

'' ဒါပဲမကပါဘူး. .''

'' ဘာကလဲ . . ''

အကြည့်ချင်းဆုံသော်လည်း ခဏသာ ။ Jong In မျက်နှာ
ပြန်လွှဲသည် ။

'' သူတို့နဲ့လက်တွဲဖြစ်ရင် ငါတို့ဒီမှာပဲဆက်နေလို့ရမလား ''

'' ဘယ်ရမလဲ သူတို့agency ရှိတဲ့နေရာမှာ. .''

သိရက်နဲ့ဆိုလိုချင်သည့်မျက်ဝန်းဖြင့် Jong In သူ့ကိုလှည့်ကြည့်သည် ။ တမင်မေးတာဆိုသည့်အဓိပ္ပာယ်ကိုဖော်ဆောင်ထားသည့် သူ့မျက်ဝန်းတွေနဲ့ဆုံတော့ တဖက်ကိုပြန်လှည့်သွားသည် ။ Jong In နှုတ်ခမ်းတွေက တင်းတင်းစေ့လျှက် ။

'' Atlantic ကိုဒီနေရာမှာပဲ စတင်ခဲ့တာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ပါစေ Atlantic ကိုမစွန့်ခွာဘူး ဒီနေရာကို
မစွန့်ခွာဘူးလို့ ငါတို့ပြောခဲ့ကြတယ်လေ Jong In. . ''

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Where stories live. Discover now