- 06 -

7.7K 633 8
                                    

'' ကိုကို နောက်တပတ်သောကြာနေ့က
ဘာနေ့လဲ သိလား. . ''

ဆက်တီမှာထိုင်ကာ စာအုပ်ဖတ်နေသော
သူ့ပခုံးကိုနောက်ကနေသိုင်းကာဖက်ရင်း ပါးချင်းအပ်ကာ
မေးလာသောကလေး. .

'' အင်း ဘာနေ့ပါလိမ့်. .စဉ်းစားလိုက်ဦးမယ် . . ''

တမင်တကာမျက်မှောင်ကျုံ့ကာစဉ်းစားဟန်ပြုတော့. .
သိုင်းဖက်ထားသောလက်တွေကိုဖယ်ခွာချကာ ချက်ချင်းပဲ
လှည့်ထွက်သွားခဲ့သည်မို့ သူထိတ်လန့်သွားရသည်. .

စိတ်ဆိုးသွားတာလား. . . သူအစလွန်သွားခဲ့လေသလား
ထပ်ပြီးကလေးတန်ဖိုးထားတဲ့ကိစ္စတခုကို
သူပေါ့ပေါ့တန်တန်သဘောထားခဲ့မိပြန်ပြီလား

နောင်တရမိခြင်းနဲ့ နောက်ကနေကလေးရဲ့
လက်ဖျားလေးကနေဆွဲယူပြီးတကိုယ်လုံးကိုရင်ခွင်ထဲ
သိမ်းသွင်းကာပွေ့ဖက်ထားရင်း. .

'' နေပါဦးHanလေးရဲ့ ကိုယ်ကစတာပါ
မမှတ်မိပဲနေပါ့မလား ကိုယ့် ကလေးလေးရဲ့မွေးနေ့
ကိုယ်တို့ရဲ့အမှတ်တရနေ့လေးကို. . ''

သူပျာပျာသလဲချော့သည့်တိုင် ရင်ခွင်ထဲကကောင်လေး
ခေါင်းမော့မလာ. .

'' Hanလေး ကိုယ့်ကိုကြည့်ပါဦး. . ကိုယ်တောင်းပန်ပါ
တယ် . . ''

ကျွတ် သူဟာတကယ့်ကိုအသုံးမကျတဲ့ကောင်ပါပဲ. .
ထပ်ပြီးကလေးကို. .
သူတကယ့်ကို စိတ်ထဲမကောင်းနိုင်တော့ကာ
.
.
.
'' ကလေး . . ကိုယ်တကယ်တောင်းပန်ပါတယ်
ကိုယ်ကလေးကိုစတာပါ .စိတ်မဆိုးပါနဲ့. . ''

'' သိသားပဲ ကျွန်တော်ကလည်းတမင်စိတ်ကောက်
ချင်ယောင်ဆောင်တာ. .ကိုကို့ကိုစမလို့. .''

ဖျတ်ကနဲမော့လာသည့် အပြုံးမျက်နှာလေးနဲ့အတူ
နှာခေါင်းလေးရှုံ့ကာပြောင်ပြသည့်ကောင်လေး. .

သူအခုမှပဲပြုံးနိုင်ပါတော့သည်. .

'' လူဆိုးလေးကွာ ကိုယ်ကတကယ်ထင်သွားတာ
ရင်ကိုပူသွားတာပဲ. . ''

'' ဒါဆို . . ရင်အေးအောင်. . . .''

ခြေဖျားလေးထောက်ကာ လည်တိုင်ကိုဖက်တွယ်ရင်း
သူ့နှုတ်ခမ်းထက်ဆီ မမှီမကမ်းအနမ်းပေးလေသူ
ချစ်သူရဲ့အနမ်းက ပျားရည်ထက်ပင်အချိုလေးသည်မို့. .
တကယ့်ပဲနှလုံးသားထိရောက်အောင်
ချိုကာအေးမြရပါသည်

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Donde viven las historias. Descúbrelo ahora