- 05 -

8.4K 635 7
                                        

အိမ်ထဲကိုသူဝင်လာတာနဲ့ ဆီးကြိုနှုတ်ဆက်နေသော
အဒေါ်ကြီးကို ခေါင်းတချက်ငြိမ့်ပြကာပြန်နှုတ်ဆက်ရင်း

'' Eumji ကော အိပ်နေပြီလား. . ''

''အိပ်နေပြီ သူဌေး ညနေစာစားပြီးတော့ ခဏနားပြီး
ခုတော့ဆေးသောက်ပြီးအိပ်နေပါပြီ. .''

အချိန်ကာလကြာမြင့်စွာအတူနေလာသူမို့
အဒေါ်ကြီးရဲ့အဖြေက သူဖြည့်စွက်စရာမလိုအောင်
စုံလင်နေတာကို သဘောကျစွာပြုံးမိရင်း. .

'' ဆရာမကောရောက်ပြီမလား. . ''

''ရောက်ပါပြီ အခန်းထဲမှာရှိပါတယ်. . ''

နေ့နဲ့ညကို nurse တယောက်ဆီနဲ့အလှည့်ကျ
စောင့်ရတာမို့ night dutyကျတဲ့လူမရောက်သေးခင်
Eumji တယောက်ထဲဖြစ်နေမှာကိုစိုးရိမ်မိတာ
ရောက်နေပြီဆိုတော့ စိတ်အေးရပေမယ့်. .

'' ကျွန်တော်သွားကြည့်လိုက်ဦးမယ်. . ''

အောက်ထပ်က ညီမလေးရဲ့ အခန်းထဲကိုသူဝင်သွားတော့
အစောင့်နေပေးသည့် nurse ကပျာပျာသလဲထလာသည်
ညီမလေးအိပ်ပျော်နေပြီဆိုရင် နိုးမသွားစေချင်တာမို့
အသာအယာလက်ကာပြကာ အသံမထွက်စေဖို့
သတိပေးရင်း ခုတင်ဆီသူလျောက်လာခဲ့သည်

စောင်တထည်ကိုရင်ဘက်ပေါ်လွှမ်းကာ အိပ်ပျော်နေတဲ့
သူ့ရဲ့ညီမလေး
အသက်မှန်မှန်ရှုနေလို့
ရင်ဘတ်ကလေးနိမ့်ချည်မြင့်ချည်ဖြစ်နေတာကိုကြည့်ရတာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံ

ပိန်ပါးလျားလွန်းရတဲ့အထဲ အိမ်ထဲကအိမ်ပြင်မထွက်ရပဲ
နေမိထိလေမထိနေရလွန်းလို့ ဖြူ ဖျော့နေတဲ့အသားအရေ
ကြောင့် ညီမလေးကိုကြည့်ရတာ
စက္ကူ ဖြူ စွတ်စွတ်ပါးပါးလေးတရွက်နဲ့တူနေသည်

'' စောစောလေးကပဲ အိပ်သွားတာပါ သူ့အစ်ကိုလာတာ
စောင့်ဦးမယ်လို့ပြောနေရင်းကပဲ. . ''

ဘေးနားကနေခပ်တိုးတိုးရှင်းပြနေသောဆရာမလေးကို
ခေါင်းညိမ့်ရင်းပြုံးပြရသည်

'' သူဒီနေ့အခြေအနေဘယ်လိုရှိလဲဟင်. .''

'' အခြေအနေကောင်းပါတယ် day nurse ကလည်း
အစားကောင်းကောင်းစားတယ်လို့ပြောသွားတယ်
မအိပ်ခင်အထိလည်းလန်းလန်းဆန်းဆန်းပါပဲ. .''

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Nơi câu chuyện tồn tại. Hãy khám phá bây giờ