- 22 -

5K 503 43
                                    

လင်းတချီမှိန်တလှည့်မီးတို့က အရောင်စုံသလောက် အားပျော့လှသည် ။ အရိပ်သဏ္ဌာန်သာထင်ရှားသော လူတို့က မီးရောင်အောက်၌ ပုံပျက်ယွင်းယွင်း ။

ဆူလွန်းသောတေးသံတို့ကိုလည်း နားဝမသက်သာ ။ ဒွိယံဒွိယံ အရိပ်ခိုကာပွတ်သီးပွတ်သပ်ပြုနေကြသည်တို့ကြောင့် အမြင်ကိုလည်း
ခြေမဆန့်ဝံ့ ။ သူစိတ်ကျဉ်းကျပ်နေခဲ့သည် ။

သူပျော်မွေ့တတ်သည်ကဤသို့သောနေရာတွေမှမဟုတ်ခဲ့ ။ သို့တိုင်လူမှုရေးခေါင်းစဉ်အောက် ဆန္ဓမရှိသည်တို့ကလည်း လိုက်လျောညီထွေဖြစ်ရန် စတေးရပြန်သည် ။

stress တွေဖြေပါဟု သူ့ကိုအဖော်တွေကခေါ်လာသည့်နေရာမှာစိတ်ဖိစီးမှုပိုမိုမြင့်တက်နေရသည့်ကိုယ့်အဖြစ် ။

ပြာလဲ့လဲ့အရည်ကြည်တချို့ကို အချိန်ဆွဲကာသောက်ရင်း သင့်တော်သည့်အချိန်အတိုင်းအတာတစ်ခုမှာ အကြောင်းပြချက်ပေးကာပြန်ဖို့အခွင့်စောင့်နေခဲ့ရုံ ။

ရုတ်တရက်နှာဝသို့ထိခတ်သော မီးခိုးငွေ့တစ်ချို့ကြောင့် ယောင်ယမ်းကာချေဆတ်မိသွားသည် ။ ရယ်သံသဲ့သဲ့ ။ သူလှည့်ကြည့်မိရသည်. .။

'' Luna. .''

ရစ်ဝေသောမျက်ဝန်းအစုံဖြင့်သူ့အနားရောက်နေသူ ။ အတူလက်တွဲကာ အလုပ်လုပ်နေသော လုပ်ဖော်ကိုင်ဖက် ။

အရည်အချင်းရှိသည်မှန်သော်လည်း ရဲတင်းတတ်သည့်စရိုက်ကြောင့် စည်းတစ်ခုထားကာဆက်ဆံမိသည့်မိန်းကလေး ။

'' luna . . ဒီမှာခုံရှိတယ်လေ. .''

ပေါင်ပေါ်သို့မထိတထိငြိစွန်းလာသည့် luna ခါးကိုအသာမကာဘေးကခုံပေါ်သို့ရွှေ့ပေးမိသည် ။ အလိုမကျဟန်ကိုမြင်သော်လည်း
မသိချင်ယောင်ဆောင်ရ၏ ။

ပွင့်လင်းသည့် ဒီနေရာမှာ luna ပုံစံကိုအဆိုးကြီးဆို၍မရပါလေ ။ သူကသာ . . ။ မနိုင်သည့်ဇာတ်ကိုခြေတစ်လှမ်းမကျွံသင့်ဟု ယူဆသည်မို့ . . ။ အရိပ်ပြနေသည့်အကောင်ကိုလည်း မမြင်ယောင်ဆောင်မိသည် ။ ရှေ့တည့်တည့်သို့ဖောက်လာသည့် မြောင်းကိုလည်း ခြေလှမ်းလွှဲနေမိတာ. . ။

'' Dean. . ''

ခပ်ညှင်းညှင်းလေသံနှင့် အကျီ င်္ကော်လာစွန်းကတင်းကနဲအတွေ့. .
သွယ်သောလက်ညှိုးတစ်ချောင်းသည် လည်တိုင်မှတစ်ဆင့် တိုးကာဆင်းလာ၏ ။ ရင်ညွန့်ကိုအကျော်မှာတော့သူမနေနိုင် ။

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Where stories live. Discover now