'' ကိုယ်က Hanလေးကို မြင်မြင်ချင်းချစ်ခဲ့ရတာ. .
ပထမဆုံးမြင်လိုက်ထဲက ချစ်တယ်လို့သိလိုက်ပြီး
Hanလေးနဲ့လည်းစကားပြောပြီးရော ဒီကောင်လေးက
ငါ့အတွက်ပဲ ငါရမှဖြစ်မယ် ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့
တွေးမိခဲ့တာ. . ''သူ့ကိုရင်ခွင်ထဲမှာထွေးဖက်ထားတိုင်း ကိုကိုရင်ဖွင့်လေ့
ရှိသည့်စကားက ဒါပါပဲ'' အဲ့ဒီတုန်းက ကိုကိုကတကယ်ကို အူကြောင်ကြားနိုင်တာ
ကိုကိုသိလား ကျွန်တော်ဆို ကိုကို့ကို လူလိမ်လား
ဘာလားတောင်ထင်ခဲ့တာ ဟား ဟား. .''တမင်တကာကိုကိုမခံချင်အောင်သူစတော့
ကိုကိုက ရင်ခွင်ထဲကသူ့ကိုခပ်တင်းတင်းဖြစ်ညှစ်သည်'' သိတယ် ကိုယ်လဲ အဲ့လိုအူကြောင်ကြောင်အလုပ်မျိုး
လုပ်ဖူးတာပထမဆုံးပဲ မတတ်နိုင်ဘူးလေ
အဲ့လိုမှ မဟုတ်ရင်လဲ ဒီကောင်လေးကို နောက်တခေါက်
ပြန်တွေ့နိုင်ပါ့မလားဆိုတာကိုယ်မှမသိပဲ ဘယ်ကလာမှန်း
မသိ ဘယ်မှာနေမှန်းမသိတဲ့ ကလေးကို ကိုယ်က
လက်လွတ်မှမခံနိုင်တာ ရှက်ပေမယ့်လဲ အတင်းဝင်ရော
ရတာပေါ့. . ''ဘယ်လိုဖန်တီးကြံစည်မှုတစုံတရာမှမပါဝင်ခဲ့ပါပဲ
ကိုကိုနဲ့သူတွေ့ဆုံခဲ့မှုမှသည်
တဘဝလုံးစာကိုပိုင်စိုးတဲ့အထိ ကိုကိုကသူ့အပေါ်
လွှမ်းမိုးနိုင်ခဲ့သည်ကိုကိုနဲ့ စတွေ့ခဲ့တဲ့အဲ့ဒီအချိန်. . .
သူဟာ ဆယ့်ခုနှစ်နှစ်အရွယ်
အထက်တန်းကျောင်းသားလေးတယောက်သာ. . .တနေ့သောကျောင်းဆင်းချိန်မှာ
ူjong in ကိုအတင်းဆွဲခေါ်ပြီး သူတို့နှစ်ယောက်
ဖိနပ်ဆိုင်တဆိုင်ထဲကိုရောက်နေခဲ့ကြသည်'' အိမ်ကပိုက်ဆံမပို့သေးလို့ပါ Hanလေး ရာ
နောက်နေ့မှငါတကယ်ဝယ်ပေးပါ့မယ် ဒီနေ့တော့
မလုပ်ပါနဲ့. . '''' မရဘူး မွေးနေ့က ဒီနေ့ပဲဟာ လက်ဆောင်လဲ
ဒီနေ့ပဲလိုချင်တယ်. . မင်းပဲကတိပေးထားတာလေ
ငါ့မွေးနေ့ကျရင် ငါလိုချင်တဲ့ဖိနပ်ဝယ်ပေးမယ်ဆို. .''အရင်ရက်တွေတုန်းက ဆိုင်တွေလျောက်ပတ်ကြရင်း
တွေ့ခဲ့သည့်ဖိနပ်လေးတရံကို သူတို့နှစ်ယောက်လုံး
အတူတူသဘောကျခဲ့ကြပြီး
ဈေးကတော်တော်များနေတာမို့ မဝယ်ဖြစ်ခဲ့
jong in ကပိုက်ဆံထပ်စုပြီးသူ့မွေးနေ့ကျရင်
လက်ဆောင်ပေးမယ်လို့ပြောခဲ့တာ

ESTÁS LEYENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်