- 26 -

5.5K 482 16
                                    

မျက်တောင်တစ်ချက်အခတ်မှာ ဖန်စပ်သောအတွေ့ကိုခံစားရသည် ။ သူ. . . တညလုံးမအိပ်ဖြစ်ခဲ့ပါလား. .ဟု. .။

မျက်နှာချင်းဆိုင်မှ အိပ်မွေ့ကျနေလေသော သလင်းပန်းပုကို မြတ်နိုးခံစားခြင်း၌ မွေ့လျော်နေခဲ့သည်မှာ ယခုအချိန်အထိ. .။

စည်းချက်မှန် ဝင်သက်ထွက်သက်ကြောင့် ရင်လွှာကိုအုပ်လွှမ်းထားသောစောင်ဖြူ ပါးလေးက အနိမ့်အမြင့်ညီစွာလှုပ်ရှားနေပုံကိုငေးရင်း. . ။

ကုတင်ပေါ်လက်ထောက်ကာ ကိုယ်တပိုင်းကိုနေရာရွှေ့မိသည် ။ အတန်တန်ကြိုးစားသော်လည်း ချည်တိုင်မှအလွတ်ရုန်းချင်နေသော စိတ်နွားသိုးရိုင်းကို ကြိုးတစ်ပတ်လျော့ပေး
မိတော့သည် ။

နို့နှစ်ရောင်စင်စစ် နုမွတ်ကာ အတွင်းသားအကြောစိမ်းမြမြတို့ယှက်ဖြာသော ပါးပြင်တဖက်ထံနှာတံကို အသာတင်မိသည် ။ ရောင့်ရဲနိုင်မည်ထင်သော်လည်း ဆန္ဒက ရလေလိုလေအိုတစ္ဆေ . . အိစက်နေသော အတွေ့မှာ မနေနိုင်မထိုင်နိုင် နှုတ်ခမ်းဖျားနှင့်ပါ ဖိကပ်မိရတော့သည် ။

'' ကို. .ကို. .''

ရှည်သွယ်ညွှတ်ပျံ့သော မျက်တောင်တို့ တဖျတ်ဖျတ်လှုပ်လာသည်ကို သူပြုံးငုံ့ကြည့်နေမိသည် ။ သူ. . သလင်းပန်းပုလေးကိုအိပ်ယာနှိုးမိလေပြီ. . ။

'' နိုးသွားလား. . တောင်းပန်ပါတယ်. .''

အိပ်နိုးမမှုန့်တမှုန် ကလေးငယ်က ခေါင်းခါသည် ။ သို့ပေမယ့် မျက်လုံးကိုလည်းမဖွင့်ပါ. .ကမူးရှုးတိုးနှင့် နီးရာစပ်ရာ
သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားကာ. .တဖန်ပြန်လို့ငြိမ်သက်သွားပြန်ပါ၏ ။

တစ်ယောက်ထဲ တိုးတိုးညင်ညင်ရယ်မောမိသည် ။ ပခုံးအိအိစက်ကိုအသာပြန်ထွေးပွေ့ကာ သူကိုယ်တိုင်လည်း အိပ်ယာထက်ပြန်လှဲချလိုက်သည် ။

ရင်ခွင်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထွေးပိုက်ခွင့်ရသော ကျေနပ်ခြင်း
ကြောင့်လေလား ။ သူ့မျက်ခွံတွေပါလေးလံလာပါ၏ ။

ဆံနွယ်နုတို့ကိုတချက်တိုးတိုက်နမ်းရှိုက်ရင်း အသိကိုအနားပေးလိုက်သည် ။

အခန်းငယ်ထဲ အသက်ရှုသံတိုးသဲ့သဲ့နှစ်စုံသာ . . ။

<<<<>>>>

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Donde viven las historias. Descúbrelo ahora