'' အစ်ကို . . ဒီနေ့ ကျွန်တော်တို့ကို တခုခုလိုက်ကျွေး
ပါလား . . '''' ဟုတ်တယ် အစ်ကို jong in . ဒီနေ့ တကယ်ပင်ပန်း
တာ ပွဲအစအဆုံးသုံးခါတောင်ဝင်ရတာရယ်. . ''ရှေ့ကသွားနေပေမယ့် နောက်ကနေတွတ်တွတ်ထိုးနေကြ
သောစကားသံတွေကို ကြားနေရတာမို့ သူပြုံးမိသည်သူ့ကိုတိုက်ရိုက်မပြောရဲတိုင်း jong in ကိုကျိတ်ပူဆာနေကြပုံရသည်. .
ဟုတ်တော့လည်းဟုတ်တယ် ဒီပွဲအတွက်အကတိုက်ခဲ့ရတာတွေကော rehearsal လုပ်ခဲ့ရတုန်းကလဲတကယ်ပင်ပန်းခဲ့ကြတာနှစ်စဉ်လုပ်နေကျ အကြီးဆုံးဂီတဆုပေးပွဲတွေထဲကတစ်ခုမို့အမှားအယွင်းမရှိ အကောင်းဆုံးဖြစ်စေချင်တာနဲ့သူကလဲ ကလေးတွေကို ပြင်းပြင်းထန်ထန်ကို
မောင်းခဲ့မိသေးသည်လေ'' ကဲ leader ကြီး ကလေးတွေကတောင်းဆိုနေပြီ. .''
သူ့ကိုဘေးချင်းယှဉ်ကာ ပခုံးချင်းတိုက်ပြီး
jong in ကမျက်စပစ်သည်. .'' လိုက်ကျွေးလိုက်ပါ သူတို့တကယ်လဲကြိုးစားထားတာပဲ
ဘာစားချင်လဲမေးလိုက်လေ. . '''' ကျွေးတာကဟုတ်ပါပြီ. . မင်းလဲ နေခဲ့လို့မရဘူးနော်
လိုက်ခဲ့ရမှာ. .''jong in တောင်းဆိုမှုကို
သူပြုံးကာခေါင်းညိတ်ပြလိုက်သည်နဲ့ ဝမ်းသာအားရ
အော်ဟစ်လိုက်သံတို့က ဟေးကနဲ. .တခါတလေတော့လည်းသူတို့ကို ဖြေလျော့မှုလေးတွေ
ပေးသင့်တယ်မဟုတ်လား. . ကလေးတွေနဲ့အတူ
ပျော်ရင်း သူ့စိတ်တွေလည်းနည်းနည်းပေါ့ပါးသွားမယ်
ထင်ရရဲ့. ..
.
.
.
.
.
.
.
.
.
.အသားကင်တဖတ်ကိုတူနဲ့ညှပ်ပြီး နှုတ်ခမ်းရှေ့မှာ
လာတေ့ပေးတော့ သူခေါင်းခါလိုက်သည်'' ကိုယ့်ဟာကိုစားပါ ကလေးတွေရှေ့မှာအဲ့လိုမလုပ်နဲ့''
ကျိတ်ကာမာန်တော့ jong in ညစ်ကျယ်ကျယ်ပြုံးသည်
ပြီးတော့ကလေးတွေဘက်ကိုလှည့်ကာ. .'' ကဲ ကောင်လေးတွေ ဒီနေ့ပွဲကို leader အစ်ကိုကြီးကဒကာခံတာနော် ကျေးဇူးတင်တဲ့အနေနဲ့ မင်းတို့အစ်ကို
ကို တယောက်တလှည့်စီခွံ့ကျွေးလိုက်ကြ . .''
DU LIEST GERADE
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်