ရင်ပြင်တစ်ခုမှာ. .
လှပသော မီးပွင့်တန်းတို့ဖြင့် ဆင်ယင်ထားသော
ထင်းရှုးပင်လေးတပင်ကိုနောက်ခံထားပြီး. .
ဂစ်တာလေးတစ်လုံးနဲ့အတူ. .
သီချင်းတစ်ပုဒ်ကိုတီးခတ်ဖြေဖျော်နေသော
ကောင်လေးတယောက်. .ဒီလိုလူစည်ကားတဲ့နေရာမျိုးမှာ
ဒီလိုမြင်ကွင်းမျိုးကမဆန်း. .
တယောက်ထဲဖျော်ဖြေသူတွေ
band တခုလိုက်ဖျော်ဖြေသူတွေ. .
တခါတလေ အနုပညာရှင်တွေတောင်
promotion လုပ်သည့်အနေမျိုး
public show လုပ်တတ်သေးသည်ကြည့်ချင်နားထောင်ချင်သူတွေကလည်း
အဆင်ပြေသလို ရပ်ကာထိုင်ကာနားထောင်နိုင်သည်
သဘောကျလျင်လည်းဆုချီးမြှင့်လို့ရသည်လေအခုကောင်လေးကမဆိုး
သူဆိုနေတဲ့သီချင်းကကိုယ်တိုင်ဖန်တီးထားတာ
ဖြစ်ပုံရသည်
အေးအေးလေးပေမယ့်
နားထောင်ရတာပြေပြစ်အဆင်ပြေလွန်းသည်သူ့အသံလေးကခပ်သြသြနဲ့ သူ့သီချင်းလေးက
လိုက်ဖက်ညီသည်သဘောတကျနဲ့ရပ်ကာနားထောင်နေမိတုန်းမှာပဲ
သီချင်းတပုဒ်ဆုံးသွားသည်
အုပ်အုပ်သည်းသည်းထွက်လာသော
လက်ခုပ်သံကအတော်များသည်မို့
သူပတ်ဝန်းကျင်ကိုတချက်ဝေ့ဝဲကြည့်မိတော့
သူ့လိုပဲရပ်ကြည့်နေသူတွေ
တော်တော်ကိုများနေခဲ့ပြီ. .ကောင်လေးကိုကြည့်ရတာအတော်ငယ်သေးပုံ
ရှိလှဆယ့်ခြောက်ဆယ့်ခွန်ထင်ရဲ့
လူကောင်လေးကလည်းသေးသေးပုပုလေး
ဒါပေမယ့် အသံကတော့အတော့်ကိုကောင်းကာ
အဆိုကလည်းတော်လွန်းသည်စိတ်ထဲကသဘောတကျချီးမွမ်းနေမိဆဲ
ရုတ်တရက်သူ့ခါးဆီကို
သွယ်ယှက်ရစ်သိုင်းလာသည့်
လက်နှစ်ဖက်နဲ့အတူ
သူ့ကျောပြင်ကိုထွေးပွေ့လိုက်သည့်
ရင်ခွင်နွေးနွေးကြောင့်
အာရုံပြောင်းသွားရသည်'' ဘာတွေသဘောကျနေတာလဲ. .''
ပါးပြင်အစွန်းကိုတိုးဝှေ့သွားသည့် အာငွေ့နွေးက
သင်းပျံ့နေခဲ့သည်'' သီချင်းနားထောင်နေတာ. . ကိုကိုဘယ်သွားတာလဲ. .''
အတူတူရှိနေခဲ့ရင်းကခဏဆိုပြီးထွက်သွားခဲ့တာမို့
သူကျန်နေခဲ့တာ သီချင်းတပုဒ်ဆုံးမှပဲ ကိုကိုပြန်ရောက်လာ
ခဲ့တော့သည်
VOCÊ ESTÁ LENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်