ရှပ်အကျီ င်္ဖြူ လွလွနှင့် ဂျင်းအပြာမွဲတို့က ကိုကို့ကိုယ်ပေါ်မှာ တင့်တယ်သော်ငြားအမြင်ဆန်းချင်သည် ။ အမြဲတစေ
ဝတ်စုံပြည့် လူကြီးလူကောင်းအဆင်တန်ဆာကိုသာ ဆင်မြန်းတတ်သူပေမို့ပဲလား. . ။ငေးနေရင်းရုတ်တရက်ပြုံးမိသည် ။ ထိမ်းမြားမင်္ဂလာပွဲတွင်
ဂျင်းဘောင်းဘီနှင့်တူညီဝတ်စုံဆင်သောသတို့သား အဘယ်မျှလောက်ရှိဖူးလေမည်နည်းအတွေးနှင့် . .။လက်ထပ်လက်စွပ်လဲပြီးချိန်မှစ တယောက်သောသတို့သားဖြစ်သည့်သူ့မှာလပ်လျားလပ်လျားဖြစ်နေရပါသည်။ မင်္ဂလာကိတ်မုန့်ကို သူတို့မခွဲခင်ကပင် ဦးနှင့်အောင်
အပိုင်သိမ်းသွားသော Eumji ကြောင့်. . ကိတ်ခွံ့သောအစီအစဉ်ကိုလည်း Eumji လက်ကိုသာ လွှဲပြောင်းပေးထားခဲ့လိုက်တော့သည် . .။ သူမလုပ်သမျှ တအော်အော်တညည်းညည်းနှင့်ပင် ကိုကိုနဲ့ kyungsoo မှာလည်း
cream နှင့် ကိတ်အပေပေအလူးလူး. .။တကယ်တော့ မင်္ဂလာပွဲဟုပင်ဆိုဖို့ အားနာရမည်အထိ. .
ထူးခြားဆန်းကျယ်သည့်ဖန်တီးသိုင်းဝိုင်းခြင်းတို့မပါဝင်ခဲ့ပါ ။ အရင်းနှီးဆုံးဧည့်သည်တော်သုံးယောက်နှင့် သူတို့၏ ပေါင်းစပ်ဖွဲ့တည်ခြင်းကိုပြီးမြောက်စေခဲ့သည် ။Eumji နှင့် Kyungsoo တို့နှစ်ယောက်နဲ့အတူရှိနေခဲ့သောကိုကို့ကိုလှမ်းကာငေးမောနေစဉ်. .
'' ဂုဏ်ပြုပါတယ်. .Hanလေး. .''
ပခုံးကိုပွေ့ဖက်လာသည့်လက်တစ်ဖက်. . သူလှည့်ကြည့်ရင်းပြုံးပြမိသည် ။
'' ကျေးဇူး. .''
'' အတူတူရှိနေတဲ့အချိန်တွေအနားနားရှိနေတဲ့လူတွေ. .
တန်ဖိုးထားနော် Hanလေး. .''''အင်း မင်းကောပဲ. .''
မျက်ခုံးပင့်ကြည့်သည့် jong in ကို မျက်လုံးဖြင့်ပင်
အမှတ်ပြုမိသည် ။ jong in ပြုံးပါ၏ ။ နားထင်ကုတ်နားရွက်ကုတ်ဖြင့်. .'' တန်ဖိုးကထားပါတယ် ခက်တာက နားညည်းတာပဲကွ
ငါ့ထက်အငယ်မို့ပဲ အကြီးသာဆိုဒုက္ဓ''အတင်းပြောနေသူက အနားတွင်မို့နှစ်ယောက်သားကျိတ်ရယ်ရသည် ။
'' Kyungsoo ကချစ်စရာကောင်းပါတယ်''
''ငါသိပါတယ်. .''
VOCÊ ESTÁ LENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်