- 17 -

5.2K 514 48
                                    

အပေါ်ရံ၌ strawberry အနီရောင်အစိတ်လေးများ အလှဆင်ထားသည့် ရေခဲမုန့်ကို မဖိတ်မစင်အောင် ဇွန်းနှင့်ကြိုးကြိုးစားစားခပ်ယူနေသည့်မိန်းကလေး ။ သူမ၏ အာရုံက ရှေ့က ရေခဲမုန့်မှလွဲ စေ့စေ့စူးစူးထိုင်ကြည့်နေသည့် သူ့ထံကိုယောင်လို့မှရောက်မလာ ။

ကြည့်ရင်းကြည့်ရင်း. . ရင်ထဲမှာ နင့်သည် ။ ဖြစ်ရလေ ။
ဆံပင်ဂုတ်ဝဲရုံလေးနှင့် ဂါဝန်ဖြူ လေးတစ်ထည်ကို ဆင်ယင်ထားသောထိုမိန်းကလေး ။ ချစ်စဖွယ် နုနယ်သော မျက်နှာမျိုးလေးနဲ့ ဖြူ စင်နူးညံ့သောအသွင်ကို ပိုင်ဆိုင်ထားသည့်တိုင် ။

'' သုတ်ပေးမလို့လေ မမရဲ့. .''

နှုတ်ခမ်းထောင့်စွန်းဆီ ထင်ကျန်သော ရေခဲမုန့်အစအနတချို့ကိုလက်ရွယ်တော့ Kyung Soo ကိုသူမက မလိုသလိုကြည့်သည် ။ သူမစားနေတာကို နှောင့်ယှက်ရန်ရည်ရွယ်သည်ထင်သလားမသိ ။

တစ်ရှုးတစ်ရွက်နဲ့ ကြင်ကြင်နာနာသုတ်ပေးနေသော Kyung Soo ရယ် ။ အဲ့ဒီကြားက ရေခဲမုန့်ကို အတင်းထပ်ထည့်နေသဖြင့်တဖက်ကသုတ် တဖက်ကပေဖြစ်နေသော သူမရယ် ။

သူမျက်တောင်မခတ်မိဘူးထင်သည် ။ အသက်ပင်ရှုမိရဲ့လားမဆိုနိုင်။ရင်ထဲမှာ မချိမဆံ့သော တစုံတရာကို အတင်းသွပ်သွင်းမျိုချထားရသူလို ပြည့်တင်းကာ ဆို့နင်နေသည် ။

Eumji ဆိုတာ သူမတဲ့လား. . .။ တမင်တကာ အဝေးဆုံးအရပ်ကလူတွေဖြစ်အောင်ရှောင်ဖယ်ထားခဲ့သော ။ တခါတလေ မဖြစ်သင့်တာသိသိကြားကပင် မုန်းတီးခါးသီးမိဖူးသော ကိုကို့ရဲ့ဇနီးဆိုသည့်မိန်းကလေးသည်. . .။

တစိမ်းယောကျာ်းပျိုတစ်ယောက်ရှေ့မှာပင် မိမိကိုယ်ကို ထိန်းသိမ်းဆင်ခြင်ရမည်ဟု နားလည်တတ်သိခြင်းမရှိနိုင်သော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည့် မိန်းကလေးတစ်ဦးတဲ့လား ။

ဤသို့သောမှတ်ချက်တစ်ခုကိုချဖို့ အားနာသနားစရာကောင်းလွန်းလောက်အောင် နူးညံ့ပြီး ဖြူ စင်နေတာမှန်သည့်တိုင် အတိုင်းအတာတစ်ခုထိ အသိညာဏ်မပြည့်ဝသော အသွင်ကလည်း သိသာပေါ်လွင်နေသည့် မိန်းကလေး ။

အတင်းအကျပ်ဖိဆုပ်ထားမိသော လက်နှစ်ဖက်ကြား ချွေးစတို့စေးထန်းစိမ့်ပျံလာသည် ။ ရေဖန်ခွက်ကို ဆုပ်ကိုင်မိသည့်သူ့လက်ချောင်းတို့သည် အချင်းချင်းရိုက်ခတ်တုန်ခါနေသည် ။

နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||Where stories live. Discover now