''. . . . . . ''
ဘာကြောင့်မှန်းမသိ
အိမ်ထဲကို တယောက်ယောက်ရောက်လာသလို
ခံစားရပြီး သူအိပ်ယာကနိုးလာသည်
'' အင်း. . ''
အိပ်မက်လား. . .
သူ့အခန်းထဲမှာတော့ဘယ်သူမှမရှိပါ. .
ခြောက်သွေ့နေသော လည်ချောင်းကိုတချက်ရှင်းရင်း
ရေငတ်သလိုဖြစ်လာတာမို့အိပ်ယာကထလာခဲ့သည်
''. . . ''
သူခဏရပ်ကာနားစွင့်ကြည့်မိသည်
ခပ်တိုးတိုးအသံတခုကိုကြားမိသလို. . .
နည်းနည်းပိုအာရုံစိုက်လိုက်တော့
သူခန့်မှန်းလို့ရသွားသည်
practice room . . ဆီကထွက်လာနေသည့်အသံ
သူနာရီကိုတချက်လှည့်ကြည့်လိုက်တော့
မနက်သုံးနာရီခွဲ. . .
ဒီအချိန်မှ. . .
ရေခဲသေတ္တာဆီဦးတည်နေသည့် သူ့ခြေလှမ်းတွေကို
အသံကြားရာအခန်းဆီရွေ့လျားလိုက်သည်
တံခါးကိုအသံမမြည်အောင်သတိထားပြီးဖြည်းဖြည်းချင်း
တွန်းဖွင့်ကြည့်လိုက်သည်
သူထင်သည့်အတိုင်း. . .
တံခါးဝမှာရပ်ရင်း
မြူးမြူးကြွကြွပျံ့လွင့်နေသည့်တေးသံနဲ့အတူ
လှုပ်ရှားနေသည့်ပုံရိပ်လေးကိုသူ တိတ်တိတ်လေး
ငေးကြည့်နေမိသည်
ဘယ်အချိန်ထဲကရောက်နေခဲ့တာပါလိမ့်
တီရှပ်ရဲ့ကျောပြင်မှာစိုကာနစ်နေသည့်ချွေးများက
ခဏတာလေးမဟုတ်နိုင်သည့်အချိန်အတိုင်းအတာကို
ဖော်ပြနေသည်. .
ကနေတဲ့ပုံစံကလည်း မီးကုန်ယမ်းကုန်
မောရင်ပြီးရောဆိုတဲ့ပုံစံနဲ့
'' ဟင်း. . ''
သက်ပြင်းတချက်ကိုချရင်း တံခါးကိုအသာအယာပြန်ပိတ်
ပေးကာ သူလှည့်ထွက်လာခဲ့သည်. .
ခွက်တောင်မထုတ်နိုင်တော့
ရေဘူးလိုက်ပဲကိုင်ကာ တရှိန်ထိုး တဝက်ကျိုးအောင်မော့
ချလိုက်မိသည်. .
နှုတ်ခမ်းထောင့်စွန်းက ဖိတ်ကျလာသောရေစက်တို့ကို
လက်ခုံနဲ့ပွတ်သုတ်ရင်း . . သူ့အတွေးထဲ
မွေးနေ့မှာ ခရီးသွားစရာရှိတယ်ဆိုပြီးပျော်ရွှင်တက်ကြွ
နေခဲ့သောပုံစံလေးကိုပြန်မြင်ယောင်လာသည်. .
BẠN ĐANG ĐỌC
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်
