နောက်ဆုံးကျန်ရှိသောစာရင်းဖိုင်ကိုစစ်ဆေးသည် ။ စိတ်မကျေနပ်စရာအကြောင်းအရာမျိုးမတွေ့ရဟု ယူဆမိသည်မို့ ခွင့်ပြုကြောင်းလက်မှတ်ကိုရေးထိုးပေးလိုက်သည် ။ ရပ်စောင့်နေသော စက်ရုံမှူးက ဖိုင်ကိုပြန်ယူကာ ရိုကျိုးစွာ ဦးညွှတ်လျက် ထွက်သွားသည် ။
လည်စီးကို အနည်းငယ်ဆွဲယမ်းဖြေလျော့ရင်း ထိုင်ခုံနောက်မှီ၌ ခေါင်းတင်ကာ စိတ်ကိုလျော့ချလိုက်သည် ။ ပင်ပန်းသည်အထိမဆိုသာလျင်တောင် တစ်နေ့တာရဲ့အဆုံးသတ်မှာ နွမ်းနယ်တာတော့အမှန် ။
အမြင့်မှစီးမိုးမြင်ရသည်မို့လား ။ ပုဇွန်ဆီရောင်အသွေးကျနေရောင်ကညနေတစ်ခုလုံးကို နီစွေးရဲဖြာနေစေသည် ။ အနောက်ကျွန်းမခိုမီရှိသမျှသွန်ချလင်းဖြာပေးနေသလိုမျိုး ။
ဆည်းဆာကိုဖြတ်၍ အိပ်တန်းပြန်နားသော ငှက်တစ်ကောင်ကိုကောင်းကင်ညိုအနောက်ခံထား၍မြင်နေရသည် ။ ဘယ်ဆီသို့ရွယ်သည်မသိသော်လည်း အပြန်လမ်းဝေးပုံဖြင့်ငှက်ကလေးက သုတ်ခြေတင်နေသည် ။
လွမ်းစရာ့ပန်းချီကားတစ်ချပ်လို ။ အကင်းမသေသော ရင်တွင်းတစ်နေရာက ဒဏ်ရာကျန်သေးကြောင်းအချက်ပြသည် ။ တစ်ချိန်ကကြားခဲ့ဖူးသည့်စကား. . ။
*** အချစ်နဲ့ရက်လုပ်တယ်ပဲဆိုစေဦးတော့ လှောင်ချိုင့်က
လှောင်ချိုင့်ပါပဲ . .တစ်ခါလောက်တော့ကျွန်တော် လွတ်လွတ်လပ်လပ်ပျံသန်းကြည့်ချင်တယ်ကိုကို . .***နာကျင်မှုကမဲ့ပြုံးကိုမွေးထုတ်၏ ။ စွန့်ခွာဖို့အကြောင်းပြချက်ရှာမှန်းသိသော်ငြား ကိုယ့်အချစ်ကိုမှ လှောင်ချိုင့်ဟု ကမ္မည်းတပ်ရက်သူဟုသူစိတ်မနာပဲမနေနိုင် ။
ရင်ခွင်နဲ့အုပ်မိုးပေးထားချင်သည့်မြတ်နိုးခြင်းတွေကို နှောင်ဖွဲ့မှုဟုဘာသာပြန်ကာ ခြေစုံကန်သွားသည့်သူ ။
တူတူရင်ဆိုင်ပေးမယ်လို့ထင်ခဲ့တာပါ ။ သူ့လက်ကိုလွှတ်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာ ။ ဘယ်လောက်ပဲ ခက်ခဲပါစေ Hanလေးသာအနားရှိရင် သူကျော်ဖြတ်နိုင်တယ်ဆိုတာ သိပေးမယ်လို့ထင်ခဲ့မိတာ. . ။
အခိုင်မာဆုံးဟုယူဆရသော ကမ္ဘာမြေသည်ပင် သွက်သွက်လှုပ်ခါကာ ကွဲအက်ပြိုကျတတ်သေးသည်ပဲ ။ ယုံယုံကြည်ကြည် မျက်နှာလွှဲထားမိပြီးမှတော့ နောက်ကျောကိုစိုက်သည့်ဓားတစ်လက်အတွက်နာကျင်မနေချင်တော့ပါ ။
BẠN ĐANG ĐỌC
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်