'' ''
'' ဟင်း. . . ''
ရှေ့ကနေဦးဆောင်ကာ ကပြနေရင်းက
သူရပ်တန့်ပစ်လိုက်ပြီး နောက်လှည့်ကာရပ်ကြည့်နေလိုက်
သည်
မျက်မှောင်အတွန့်ချိုးကာ
လက်ပိုက်လျက်ရပ်ကြည့်နေသောသူ့ပုံစံကြောင့်
ကလေးတွေကဆက်ကရမလို ရပ်ပဲရပ်လိုက်ရတော့မလို
ရှိုးတိုးရှန့်တန့်တွေဖြစ်ကုန်ကာ
ဟိုကြည့်ဒီကြည့်. .
'' ခုမှ လေ့ကျင့်ချိန်ကနှစ်နာရီအပြင်မရှိသေးတာကို
ပုံစံတွေကဘယ်လိုဖြစ်နေကြတာလဲ စိတ်မပါလက်မပါ
အားမထည့်ပဲနဲ့ ဖြစ်သလိုလုပ်နေကြတာ. .''
အားလုံးကိုခပ်စူးစူးဝေ့ကြည့်ရင်း သူဆူတော့
မျက်နှာလွှဲသူကလွှဲ ခေါင်းငုံ့သူကငုံ့
'' ကြည့်နေတာကြာပြီ မင်းတို့ကောင်တွေ
ဒီလိုကြိုးစားအားထုတ်မှုဒီလိုစိတ်အားထက်သန်မှုမျိုးနဲ့တော့
အောင်မြင်ဖို့ဝေးလို့ မင်းတို့ရှိပြီးသား
နာမည်လေးတောင်အောက်ဆုံးထိထိုးကျသွားဦးမှာ. .''
သူပြောနေရင်းပိုပြီးစိတ်တိုချင်လာသည်
Atlantic ကအခုမှနာမည်ရကာစ လူသိကာစပဲ
ရှိသေးတာ
ကိုယ့်ဘက်ကအဆက်မပြတ်ကြိုးစားအားထုတ်နေနိုင်မှ
တီထွင်ဖန်တီးနေနိုင်မှ တော်ကာကျမယ့်အချိန်မှာ
နည်းနည်းလောက် practice လေးလုပ်ပြီးတာနဲ့
အနားယူဖို့အချောင်ခိုဖို့လောက်စဉ်းစားနေကြတာကို
သူကြည့်မရတာကြာနေပြီ. .
အထူးသဖြင့် ဝင်လာတာခြောက်လမပြည့်သေးတဲ့
member အသစ်လေးတွေကပိုဆိုးသည်
အပင်ပန်းလဲမခံနိုင် နည်းနည်းပင်ပန်းတာနဲ့
မျက်နှာတွေရှုံ့မဲ့ကာ ခြေကုန်လက်ပန်းတွေကျလာတော့တာ
ငယ်သေးလို့ နားမလည်မသိတတ်သေးတာ
သူသဘောပေါက်သည်
ဒါပေမယ့် သူကိုယ်တိုင်လဲ Atlanticကိုစတင်ခဲ့စဉ်က
ဆယ့်ငါးဆယ့်ခြောက်ဆိုတဲ့အသက်အရွယ်ပါပဲ
လေးနှစ်တာကာလအတွင်း အားကိုးမရှိမှီရာမရှိ
background မရှိနဲ့ဒီအခြေအနေအထိရောက်အောင်
ဘယ်လိုကြိုးစားခဲ့ရသလဲ
သူတို့အနစ်နာခံခဲ့အပင်ပန်းခံခဲ့ရသလိုများ
ဒီကလေးတွေလိုက်လုပ်ရရင်. .
. .
BẠN ĐANG ĐỌC
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်
