'' ကဲ ခဏနားမယ်နော် . . ဆယ်မိနစ်လောက်နေရင်
ပြန်စမယ် ''နားချိန်အချက်ပြလိုက်ပြီမို့ နီးရာနံရံကိုပြေးကပ်ရင်း ကြမ်း
ပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည် ။ ဘေးကလူ
ကမ်းပေးသည့်ရေတစ်ဗူးကိုအဖုံးဖွင့်ပြီး မော့ချရင်း အကျီ င်္
ရင်ဘက်စကို ဆွဲဟကာလေတဖူးဖူးမှုတ်သွင်းမိသည် ။မသိမသာ တစ်ချက်လှမ်းအကဲခတ်မိတော့ ဖုန်းတစ်လုံးနဲ့
အလုပ်ရှုပ်နေသည့် Dean . . သူ့အနားမှာကပ်ပြီး
တတွတ်တွတ်စကားများနေသော Kim Jong In. .။အနည်းငယ်ဖရိုဖရဲဖြစ်ချင်နေသည့် Dean ဆံပင်တွေကို
တချောင်းချင်းများသပ်တင်ပေးနေသလား ။ နဖူးထက်မှာဝဲ
နေသည့်လက်ချောင်းတွေကပြန်မခွာနိုင်တော့ ။ရင်ထဲမှာမျက်ချင်သည် ။ ဒီကိုရောက်ပြီးထဲက တစ်ခါမက
တွေးဖူးသည့်အတွေး။ နှစ်ယောက်သား ဒါလောက်တောင်ချစ်ရဲ့နဲ့များ ဘာကြောင့်တခြားလူအဝင်ခံနေသေးသလဲဆိုတာ ။ကိုယ်တိုင်တောင်မသိလိုက်ခင် အကြည့်တို့က စူးရဲ
သွားခဲ့သည်ထင် ။ ဖျတ်ကနဲ ရောက်လာသည့်
Kim Jong In မျက်ဝန်းတွေ။ ယောင်ယောင်ကမ်းကမ်းနဲ့ လက်ထဲကရေဗူးကို အမောတကောမော့ချလိုက်မိပြီး. .။'' အဟွတ် . . အဟွတ်. . အဟု. .''
'' ဗုန်း . . ဗုန်း. .''
'' ဖြည်းဖြည်းသောက် Do Kyung Soo နားတုန်းရေ
တွေအဲ့လောက်အများကြီးမသောက်ရဘူး ပြန်စရင် ဗိုက်
အောင့်တတ်တယ် ''လည်ချောင်းတွင်းမှ စပ်ရှားသည့် အခံရခက်မှုနဲ့အတူ
ဝေ့လည်လာသည့် မျက်ရည်စကိုသုတ်ရင်း ဘုကြည့်ဖြင့်
မော့ကြည့်မိသည် ။ စကားကအကောင်းပြောတယ် ထင်ရ
သော်လည်း ကျောကုန်းကို တဗုန်းဗုန်းမြည်အောင်ထုသွား
သည့်လက်သံနဲ့ Kim Jong In ရဲ့စပ်ဖြဲဖြဲမျက်နှာပေးက အကောင်းမထင်ချင်စရာ ။နီးနီးကပ်ကပ်နေမိလာလေ ဖြူ စင်နူးညံ့သည့်အတွင်းစိတ်ကသိသာထင်ရှားလာလေဖြစ်ပြီး သူ့ကိုမှ မကောင်းကြံနေ
ရတယ်ရယ်လို့ ကိုယ်တိုင်တနုံ့နုံ့စိတ်မကောင်းဖြစ်ယူရသည့် Dean လိုလူမျိုးရဲ့သူငယ်ချင်းတဲ့ ။
BẠN ĐANG ĐỌC
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanfictionပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်